လန်ဒန် ၊ ၁၉-၁၂-၂၀၁၄
ဝိုင်ယာလက်လိုင်း များကို ဖြတ်တောက် ပေးကာ ဒီဂျစ်တယ် ခါးပိုက်နှိုက်မှုကို ကာကွယ်ပေးမည့် ဂျင်းဘောင်းဘီ တစ်မျိုးကို အဝတ်အစား ထုတ်လုပ်ရေး ကုမ္ပဏီ Betabrand နှင့် Anti-virus ကုမ္ပဏီ Norton တို့က တီထွင် လိုက်ကြောင်း သိရသည်။
ရေဒီယိုဖရီကွမ်စီ စနစ်များဖြင့် မှန်ကန်မှု ရှိ - မရှိ စိစစ်နိုင်သော နိုင်ငံကူး လက်မှတ်များ၊ အကြွေးဝယ်ခွင့် ကတ်ပြားများ၊ ငွေကြိုသွင်း ကတ်ပြား များမှ အချက်အလက် များကို ခိုးယူနေသည့် သူခိုးများ၏ ဘေးရန်မှ ကာကွယ်နိုင်ရန် Norton က အဝတ်အစား ထုတ်လုပ်ရေး ကုမ္ပဏီ Betarrand နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကွန်ပျူတာ လုံခြုံရေး ဆော့ဖ်ဝဲ ထုတ်လုပ်သူ Norton ကုမ္ပဏီက အောက်တိုဘာ လတွင် အဝတ်အစား ထုတ်လုပ်ရေး ကုမ္ပဏီ Betabrand နှင့်ပူးပေါင်းကာ ဂျင်းဘောင်းဘီ နှင့် ဘလေဇာ အင်္ကျီ ထုတ်လုပ်ရန် တိုင်ပင်ခဲ့ကာ ယခုအခါ Norton နှင့် Betabrand တို့ လက်တွဲပြီး ထုတ်လုပ်လိုက်သည့် ဂျင်းဘောင်းဘီကို လာမည့်နှစ် ဖေဖော်ဝါရီလ ပိုင်းတွင် စတိုးဆိုင်များ၌ ၁၅၁ ဒေါ်လာဖြင့် လည်းကောင်း၊ ဘလေဇာ အင်္ကျီများကို ၁၉၈ ဒေါ်လာဖြင့် လည်းကောင်း ရောင်းချသွားမည် ဖြစ်သည်။ ဝိုင်ယာလက် လိုင်းများကို ဖြတ်တောက် ပေးမည့် ဂျင်းဘောင်းဘီ များကို အဝတ်အစား ကုမ္ပဏီ Betabrand က ပုံစံရေးဆွဲ ထုတ်လုပ်ခြင်း ဖြစ်ပြီး ငွေကို အခြေခံထားသည့် သတ္တုတစ်မျိုးကို အသုံးပြုကာ ဝိုင်ဖိုင်လိုင်း များကို ကာကွယ်နိုင်ရန် ဖန်တီး ထားခြင်း ဖြစ်သည်။
''လူတစ်ယောက်ရဲ့အကြွေးဝယ်ခွင့် ကတ်ပြားနဲ့ ငွေကြိုသွင်း ကတ်ပြားတို့မှ အချက်အလက် တွေကို စက္ကန့်ပိုင်း အတွင်း ခိုးယူနိုင်မယ့် နည်းပညာတွေ ရှိပါတယ်။ သူခိုးတွေ အသုံးပြုလေ့ ရှိတဲ့ အက်ပလီကေးရှင်း တွေက ငွေကြိုသွင်း ကတ်ပြား၊ အကြွေးဝယ်ခွင့် ကတ်ပြားတို့မှ အချက်အလက် အားလုံးကို အချိန်တိုအတွင်း ကူးယူနိုင် ပါတယ် .. ''ဟု ဒီဂျစ်တယ် မှုခင်း ဆေးပညာဆိုင်ရာ ကုမ္ပဏီ Disklab ပိုင်ရှင် Simon Steggles က ပြောကြားကြောင်း သိရသည်။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment