Social Icons

Pages

Thursday, November 21, 2013

အိန္ဒိယကြည်းတပ် အနေဖြင့် တရုတ်နယ်စပ် တစ်လျှောက် တပ်ဖွဲ့ဝင် ၈၀၀၀၀ တပ်ဖြန့်ချထားရန် နောက်ဆုံး အတည်ပြုချက် ရရှိ


နယူးဒေလီ ၊ ၂၁-၁၁-၂၀၁၃

အိန္ဒိယနိုင်ငံ သည် အသစ်ဖွဲ့စည်း လိုက်သည့် ခြေလျင် တပ်မဟာ ၂ ခုနှင့် သံချပ်ကာ တပ်မဟာ ၂ ခုပါဝင်ပြီး တပ်ဖွဲ့ဝင် ၈ဝ,ဝဝဝ ကျော် အင်အားရှိသော တောင်ပေါ် တိုက်ခိုက်ရေး တပ်မကြီးသစ် တစ်ခုကို တရုတ်နိုင်ငံ နှင့် ထိစပ် နေသော ထိန်းချုပ်ရေး မျဉ်း ( LAC ) တစ်လျှောက် ဖွဲ့စည်းရန် ဆုံးဖြတ် ခဲ့ကြောင်း နိုဝင်ဘာ ၂၀ ရက် NEWSnow သတင်းတစ်ရပ် အရ သိရသည်။

အစိုးရအဖွဲ့ လုံခြုံရေး ဆိုင်ရာ ကော်မတီ ( CCS ) သည် တောင်ပေါ် တိုက်ခိုက်ရေး တပ်မကြီး နှင့် တပ်မဟာ သစ်များ ဖွဲ့စည်းရေးကို ပြီးခဲ့သော ဇူလိုင် ၁၇ ရက်တွင် အတည်ပြု ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန က ထိုသို့ ဖွဲ့စည်းရေး ဆိုင်ရာ အစိုးရ အဖွဲ့ ခွင့်ပြုမိန့် အား ထုတ်ပြန် ကြေညာ ခဲ့ခြင်း ဖြစ်သည်။ အမှတ်(၁၇) တပ်မကြီး အမည်ဖြင့် ဖွဲ့စည်းမည့် အဆိုပါ တပ်မကြီးသစ် ၏ ဌာနချုပ် ကို အနောက် ဘင်ဂေါ ပြည်နယ် Paragarh မြို့တွင် ထားရှိမည် ဖြစ်ကြောင်း ၊ အခြေခံ အဆောက်အအုံ တည်ဆောက်မှု သည် အချိန် ၇ နှစ် ကြာမြင့်မည် ဖြစ်ပြီး ရူပီးကုဋေ ၉ဝ,ဝဝဝ ( အမေရိကန် ဒေါ်လာ ၁၄.၄ ဘီလီယံခန့် ) ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။


သံချပ်ကာ တပ်ရင်းသစ် များနှင့် ခြေလျင် တပ်ရင်းသစ် များကို လာဒက်စ် ၊ ဆစ်စ်ကင်း နှင့် ဥတ္တရာခန်းမြို့တို့တွင် အခြေပြု ထားသောကြောင့် အဆိုပါ တပ်မကြီးသစ် သည် တရုတ်နိုင်ငံ က တိုက်ခိုက် လာလျှင် တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ( TAR )ကို တန်ပြန် တိုက်စစ် ဆင်နွဲ နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...