Social Icons

Pages

Thursday, November 21, 2013

နိုင်ငံတကာ လေဆိပ်များ အဆင့်မြှင့်တင်မှု တွင် ပုဂ္ဂလိက ကုမ္ပဏီကြီးများ လုပ်ကိုင်ခွင့် ရမည်


ရန်ကုန် ၊ ၂၁-၁၁-၂၀၁၃

မြန်မာနိုင်ငံရှိ နိုင်ငံတကာ လေဆိပ်များ အဆင့်မြှင့်တင် မှုတွင် လေကြောင်း ဘေးကင်း လုံခြုံရေးလည်း ပါဝင်မည် ဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီကြီး များ လုပ်ကိုင်ခွင့် ရမည် ဖြစ်သည် ဟုလည်း သိရသည်။

ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံးရှိ လေယာဉ်ကွင်း ၆၉ ကွင်း အနက် ၃၂ ကွင်း ကို လေဆိပ် အဆင့်မြှင့် တင်မှုများ လုပ်ကိုင် ဆောင်ရွက်ရန် ပြည်တွင်း ကုမ္ပဏီကြီးများ လုပ်ကိုင်ခွင့် ပေးမည် ဖြစ်သည်။ ဆက်လက်ပြီး လေကြောင်း ဘေးကင်း လုံးခြုံရေး အတွက်လည်း ပုဂ္ဂလိက ကုမ္ပဏီ ကြီးများ လုပ်ကိုင်ခွင့် ရမည်ဖြစ်သည် ဟုလည်း သိရသည်။

မြန်မာနိုင်ငံ တွင် အစိုးရသစ် လက်ထက် ကာလအတွင်း လာရောက် လည်ပတ်သည့် နိုင်ငံတကာ ခရီးသွား ဦးရေ တိုးတက် များပြား လာသည်။ ထို့အပြင် လေယာဉ် မတော်တဆမှု ဖြစ်ပွားနှုန်းလည်း တိုးနေသည့် အတွက် ထိုကဲ့သို့ တစ်ပြိုင်နက် တည်း ဆောင်ရွက် နေရခြင်း ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် အတွင်းက ပြည်တွင်း လေယာဉ် မတော်တဆမှု လေးကြိမ် ဖြစ်ပွား ခဲ့ရာမှ တစ်ကြိမ်တွင် လူသေဆုံးမှု ရှိခဲ့ သည်ဟု သိရသည်။ မြန်မာနိုင်ငံ တွင် လေဆိပ် အများစုတွင် လုံခြုံ ဘေးကင်းရေး အတွက် လုံခြုံရေး ပစ္စည်းများ စတင် တပ်ဆင်ရန် ဂျပန်နိုင်ငံ ဆူမီတိုမို ကော်ပိုရေးရှင်း က တပ်ဆင် သွားရန် ရှိသည်ဟု သိရသည်။


လက်ရှိတွင် ရန်ကုန် လေဆိပ် ပြုပြင် မွမ်းမံရေး လုပ်ငန်းကို Asia World ကုမ္ပဏီ ကလည်းကောင်း ၊ မန္တလေး လေဆိပ် ကို ဂျပန် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း ကလည်းကောင်း ၊ ဟံသာဝတီ လေဆိပ်သစ် ကို တောင်ကိုရီးယား Incheon ကော်ပိုရေးရှင်း ကလည်းကောင်း အသီးသီး လုပ်ကိုင်ခွင့် ရရှိ ထားကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...