Social Icons

Pages

Thursday, November 21, 2013

ၾသစေၾတးလ် နိုင်ငံနှင့် ဆက်ဆံရေးကို အင်ဒိုနီးရှား အစိုးရက အဆင့်လျှော့ချ


အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနို

ဂျကာတာ ၊ ၂၁-၁၁-၂၀၁၃

တရားမဝင် လျှို့ဝှက် ထောက်လှမ်းခြင်း များကြောင့် နှစ်နိုင်ငံ အကြား ဆက်ဆံရေး တင်းမာ လာခဲ့ရာမှ အင်ဒိုနီးရှား အစိုးရက သြစတြေးလျ နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး ကို အဆင့်လျှော့ချ လိုက်ပြီ  ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး က ယမန်နေ့ တွင် ကြေညာ ခဲ့ကြောင်း သိရသည်။

လျှို့ဝှက် ထောက်လှမ်းမှု များနှင့် စပ်လျဉ်း၍ သြစတြေးလျ အစိုးရ ၏ သဘောထား နှင့် တုံ့ပြန် ပြောကြားချက် များနှင့်အညီ အင်ဒိုနီးရှား အစိုးရ အနေဖြင့် ယခုကဲ့သို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ကို အဆင့်လျှော့ ခဲ့ရခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီနာတာ လီဂါဝါ က ပြောကြား ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံသည် အဆိုပါ တရားမ၀င် ထောက်လှမ်းမှု များနှင့် စပ်လျဉ်း၍ နှစ်ရက် အတွင်း ဖြေရှင်းချက် ပေးရန် သြစတြေးလျ အစိုးရ ကို တောင်းဆို ခဲ့သော်လည်း သြစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အက်ဘော့ ၏ တုံ့ပြန်မှုကြောင့် ၀မ်းနည်း ခဲ့ရကြောင်း အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနို (ပုံ) က ပြောကြား ခဲ့ပြီး သြစတြေးလျ နိုင်ငံ နှင့် ဆက်ဆံရေး ကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း သိရသည်။

ယခုအခါတွင် အင်ဒိုနီးရှား အစိုးရသည် သြစတြေးလျ နိုင်ငံနှင့် ထောက်လှမ်းရေး သတင်းများ အပြန်အလှန် ဖလှယ်ရေး နှင့် နှစ်နိုင်ငံ စစ်တပ်များ အကြား ပူးပေါင်းစစ်ရေး လေ့ကျင့်ခြင်း များကို ယာယီ ရပ်တန့် ထားပြီး ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံနှင့် သြစတြေးလျ အစိုးရတို့ အကြား ချုပ်ဆိုခဲ့သည့် သဘော တူညီမှု အချို့ သည် ယခုအခါ  နှစ်နိုင်ငံ ဆက်ဆံရေး အပေါ်တွင်သာ မူတည်လျက် ရှိသည်ဟု အင်ဒိုနီးရှား သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ တူကူးဖိုင်ဇက်စ်ယာ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ဆက်စပ်သတင်းများ





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...