Social Icons

Pages

Thursday, October 10, 2013

(၁၃၉) နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့ အခမ်းအနား ကျင်းပ



နေပြည်တော် ၊ ၁၀-၁၀-၂၀၁၃

၂၀၁၃ ခုနှစ် (၁၃၉) နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့ အထိမ်းအမှတ် အခမ်းအနား နှင့် (၄၂)ကြိမ်မြောက် နိုင်ငံတကာ လူငယ်များ ပေးစာ ရေးပြိုင်ပွဲ (ပြည်တွင်း အဆင့်) တွင် ဆုရရှိ သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို နေပြည်တော် ရှိ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရုံး အစည်းအဝေး ခန်းမဆောင် ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်း ၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း ၊ ဒုတိယဝန်ကြီး ဦးသောင်းတင် နှင့် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တို့မှ ဌာနကြီးမှူး များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ပညာရေးဝန်ကြီး ဌာနမှ ဌာနကြီးမှူး များနှင့် (၄၂) ကြိမ်မြောက် နိုင်ငံတကာ ပေးစာရေး ပြိုင်ပွဲ (ပြည်တွင်းအဆင့်) အကဲဖြတ် အဖွဲ့ဝင်များ ၊ ဆုရရှိသူများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် က နှုတ်ခွန်းဆ်က စကား ပြောကြားပြီး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စံစံက ကမ္ဘာ့စာပို့တိုက် သမဂ္ဂ ညွှန်ကြားရေးမှူးချုပ် Mr. Bishar A. Hussein ထံမှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ က (၄၂)ကြိမ်မြောက် နိုင်ငံတကာ ပေးစာ ရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) တွင် ပထမ ၊ ဒုတိယ ၊ တတိယ ၊ နှစ်သိမ့်ဆု သုံးဆု နှင့် အထူးဆု သုံးဆု ရရှိကြသည့် ကျောင်းသား ကျောင်းသူများကို ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ အား ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် က ၂ဝ၁၃ ခုနှစ် ကမ္ဘာ့ စာပို့တိုက်နေ့ အထိမ်းအမှတ် အမှတ်တရ လက်ဆောင် များကို ပေးအပ်သည်။


ဆက်လက်၍ ညွှန်ကြားရေးမှး ဦးစိုးနိုင် က အကဲဖြတ် ပညာရှင်များအား အမှတ်တရ လက်ဆောင် များကို ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး ၊ ဒုတိယ ဝန်ကြီးများ နှင့် တာဝန်ရှိသူများ ၊ ဆုရ ကျောင်းသား ကျောင်းသူများ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးပြီး (၁၃၉) နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့ အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံ များကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...