Social Icons

Pages

Thursday, October 10, 2013

ခရီးသည်တင် ယာဉ်လိုင်း အားလုံးကို ထိရောက်စွာ ထိန်းသိမ်း ကွပ်ကဲမည့် အဖွဲ့အစည်း ဖွဲ့စည်းရန် လိုအပ်



ရန်ကုန် ၊ ၁၀-၁၀-၂၀၁၃

မ-ထ-သ (မြို့တွင်း) နှင့် မ-ထ-သ (ဗဟို)အပြင် ခရီးသည် တင်ယာဉ်များကို ထိထိ ရောက်ရောက် စစ်ဆေး အရေးယူပြီး ထိန်းသိမ်း ကွပ်ကဲမည့် အဖွဲ့အစည်း လိုအပ် နေကြောင်း ကျွမ်းကျင် ပညာရှင်များက ထောက်ပြ ခဲ့ကြောင်း သိရသည်။

မ-ထ-သ(ဗဟို) နှင့် မ-ထ-သ (မြို့တွင်း) မှာ အာဏာပိုင် အဖွဲ့အစည်းများ မဟုတ်ဘဲ ယာဉ်ပိုင်ရှင်များ ထံမှ ရရှိသည့် ဝင်ငွေဖြင့် ရပ်တည် နေရသော NGO အဖွဲ့အစည်း ဖြစ်သည့် အတွက် အရေးယူ ဆောင်ရွက် ရာတွင် အခက်အခဲ များ ရှိနေကြောင်း သိရသည်။ မ-ထ-သ အနေဖြင့် ယာဉ်ပိုင်ရှင် များ၏ မတည်ငွေဖြင့် ရပ်တည်နေရ သည့်အပြင် အာဏာပိုင် အဖွဲ့အစည်း မဟုတ်သည့် အတွက် ယာဉ်လုပ်သားများ ၊ ခရီးသည်များ နှင့် ယာဉ်ပိုင်ရှင် များအကြား ပြေလည် စေရန် ကြားဝင် စေ့စပ် ပေးရကြောင်း ၊ ခရီးသည်များ၏ တိုင်ကြားမှု များကိုလည်း တာဝန်ယူ ဖြေရှင်းပေး ရကြောင်း ၊ သို့သော်လည်း အာဏာပိုင် အဖွဲ့အစည်း မဟုတ်ဘဲ NGO အဖွဲ့အစည်း ဖြစ်သည့်အတွက် အတင်းအကျပ် အရေးယူ ဆောင်ရွက် ပိုင်ခွင့် မရှိကြောင်း ဦးလှအောင် က ပြောကြား ခဲ့သည်။

မ-ထ-သ မှ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် ယာဉ်မောင်း ၊ ယာဉ်နောက်လိုက် များ ယာဉ် စည်းကမ်း ဖောက်ဖျက်မှု များကို ပြစ်ဒဏ် ပေးရာတွင် အကန့်အသတ် အလိုက် ယာဉ်မောင်း ၊ ယာဉ်နောက်လိုက် ခွင့် ပိတ်ပင် သော်လည်း ယာဉ်မောင်း ၊ ယာဉ်နောက်လိုက် ပိတ် ထားသည့် ယာဉ်လိုင်းတွင် အလုပ် မလုပ်ဘဲ တခြား ယာဉ်လိုင်း များတွင် ပြစ်ဒဏ် မစေ့ဘဲ သွားရောက် လုပ်ကိုင်မှုများ လည်း ရှိကြောင်း မ-ထ-သ (ဗဟို) စည်းကမ်း ထိန်းသိမ်း ရေးဌာနမှ သိရသည်။


တချို့သော မ-ထ-သ ယာဉ် အထူးစစ် များက နေရာများ အလိုက် အလှည့်ကျ စစ်ဆေး ရာတွင်လည်း ယာဉ် လုပ်သားများ နှင့် လာဘ်ပေး လာဘ်ယူမှုများ ရှိနေပြီး စည်းကမ်းမဲ့ ခရီးသည်တင် ယာဉ်များကို စစ်ဆေး အရေးယူမှု မရှိခြင်းလည်း ရှိနေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...