Social Icons

Pages

Thursday, October 10, 2013

လမ်းဘေး ရေနုတ်မြောင်း အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး


ရန်ကုန် ၊ ၁၀-၁၀-၂၀၁၃

ရန်ကုန် မြောက်ပိုင်း ခရိုင် လှိုင်သာယာ မြို့နယ် အလယ်ကျေးရွာ အပိုင် ငွေပင်လယ် စက်မှုဇုန် အမှတ်(၄) လမ်းဘေး ရေမြောင်း အတွင်းမှ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က အမည်မသိ အမျိုးသား တစ်ဦး ရေနစ် သေဆုံးလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ငွေပင်လယ် စက်မှုဇုန် ခြံအမှတ် (၄)နှင့် (၅)ကြား ရွှေပြည်သာ တံတားလမ်းနှင့် စက်မှုဇုန် အမှတ် (၄)ကြားရှိ မြောင်းအကျယ် ၃ ပေခွဲ ၊ ရေအနက် ၂ ပေခန့်ရှိ လမ်းဘေး ရေမြောင်း အတွင်း လူတစ်ဦး ရေနစ် သေဆုံး နေကြောင်း သတင်းအရ လှိုင်သာယာ မြို့နယ် မြို့မ ရဲစခန်းမှူး ရဲအုပ်ဌေးဝင်း နှင့် တာဝန်ရှိသူများ လိုက်ပါ၍ အဆိုပါ အခင်း ဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကိုမင်းမင်း အသက် (၄၅) နှစ်ခန့် မိဘအမည် နှင့် နေရပ်လိပ်စာ (စုံစမ်းဆဲ) ဖြစ်ပြီး ကျန်းမာရေး မကောင်းဘဲ အင်အား ချည့်နဲ့ကာ အမှိုက်များ စွန့်ပစ်သည့် နေရာ ရေမြောင်း နံဘေး၌ အစားအသောက် များ ရှာဖွေ စားသောက်ရာမှ ရေမြောင်း အတွင်း ပြုတ်ကျ သေဆုံး ခြင်းဖြစ်သည်။


အလောင်းမှာ ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ လက်နှစ်ဖက် လက်သီးဆုပ်လျက် ၊ နှာခေါင်းတွင် ရွှံ့နွံ အနည်းငယ် ဝင်လျက်ရှိသည်။ အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ် ၆၅ /၂ဝ၁၃ ဖွင့်လှစ်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် ၊ မဟုတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...