Social Icons

Pages

Thursday, October 10, 2013

၂၀၁၃ အာရှ အမျိုးသား ဘော်လီဘော ချန်ပီယံ ရွှေတံဆိပ် အီရန်နိုင်ငံ ရရှိ



ဒူဘိုင်း ၊ ၁၀-၁၀-၂၀၁၃

အီရန် အမျိုးသား ဘော်လီဘော အသင်းသည် အောက်တိုဘာ ၇ ရက်က ကျင်းပသည့် ၂၀၁၃ အာရှ အမျိုးသား ဘော်လီဘော ချန်ပီယံ ဗိုလ်လုပွဲတွင် တောင်ကိုရီးယား အသင်းကို အနိုင် ရရှိကာ ချန်ပီယံ ရွှေတံဆိပ်ဆု ကို ဆွတ်ခူး နိုင်ခဲ့ကြောင်း တီဟီရန်တိုင်းမ် သတင်းစာ တွင် ဖော်ပြ ထားသည်။

၎င်းချန်ပီယံဆု သည် အီရန်အသင်း ၏ ဒုတိယအကြိမ် ဆက်တိုက် ဆွတ်ခူး ခဲ့သည့် ချန်ပီယံဆု ဖြစ်သည်။ ဒူဘိုင်းမြို့ရှိ ဟမ်ဒန်စပေါ့ ကွင်း ပလက်ဇ်၌ ကျင်းပခဲ့သည့် ၄င်း ပွဲစဉ်တွင် အီရန် အသင်းသည် တောင်ကိုရီးယား အသင်းအား (၂၅-၁၉) ၊ (၂၅-၂၂) ၊ (၂၅-၁၉)ဖြင့် အနိုင်ရရှိ ခဲ့ခြင်း ဖြစ်သည်။


ထို့ကြောင့် တောင်ကိုရီးယား အသင်း သည် ငွေတံဆိပ်ဆု ကိုသာ ရရှိခဲ့ပြီး ကြေးတံဆိပ်ဆု ကိုမူ တရုတ်အသင်း က ဂျပန် အသင်းအား (၂၅-၁၈) ၊ (၂၅-၂၂) ၊ (၂၂-၂၅) ၊ (၂၅-၂ဝ) ဖြင့် အနိုင်ရရှိကာ ဆွတ်ခူး သွားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...