Social Icons

Pages

Friday, September 13, 2013

ကမ္ဘာ့ခရီးသွား ကုမ္ပဏီကြီးက ကျိုက်ထီးရိုး အပါအ၀င် ခရီးသွားလာရန် အကောင်းဆုံး နေရာများကို ဗြိတိန် လူမျိုးများအား ထပ်မံ အသိအမှတ်ပြု ဖော်ပြ


ရန်ကုန် ၊ ၁၃-၉-၂၀၁၃

မြန်မာနိုင်ငံ ၏ ရှေးကျသော အံ့ဖွယ် ကိုးကွယ်ရာ တစ်ခုဖြစ်သော မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထီးရိုး ဘုရားကို ဗြိတိန် နိုင်ငံ အခြေစိုက် နှစ်ပေါင်း ၂၅၀ သက်တမ်းရှိ ခရီးသွား ကုမ္ပဏီကြီး တစ်ခုဖြစ်သော ကမ္ဘာကျော် Cox@King လုပ်ငန်းပိုင် ၀က်ဘ်ဆိုက် က ကမ္ဘာ့ ခရီးသွားများ အနေဖြင့် မြန်မာနိုင်ငံ တွင် ခရီးသွား ရောက်ရန် အကောင်းဆုံး နေရာ အပြင် နောက်ထပ် နေရာ ၆ ခုကို ထပ်မံ ဖော်ပြ ထားကြောင်း သိရသည်။

ထို ကမ္ဘာ့ ပြည်သူများကို ညွှန်ကြား ထားသော ခရီးသွား ၀က်ဘ်ဆိုက် တွင် မြန်မာနိုင်ငံ သို့ လာရောက်မည် ဆိုပါက အကောင်းဆုံးသော ခရီးသွား လာရန် နေရာ ၆ ခုမျှရှိပြီး ထိုနေရာများ အနက် အကောင်းဆုံး တစ်ခုမှာ ကျိုက်ထီးရိုး ဆံတော်ရှင် ဖြစ်ကြောင်း သိရသည်။

ယခင်က မြန်မာနိုင်ငံ သို့ လာရောက်မည့် ခရီးသွားများ အနေဖြင့် ခရီးသွား လုပ်ငန်း၏ အဓိက သွားရောက်ရာ ရန်ကုန် ၊ ပုဂံ ၊ အင်းလေးဒေသ များနှင့် တောင်ကြီး အပြင် ယခု အချိန်တွင် နောက်ထပ် တိုးလာသော ခရီးသွား နေရာများကို ထည့်သွင်း လာခြင်း ဖြစ်ကြောင်း ပြည်တွင်း ခရီးသွား ကုမ္ပဏီ များက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ သည် ယဉ်ကျေးမှု အမွေအနှစ် များကို အဓိက ထားပြီး ခရီးသွား လုပ်ငန်း ကို မြှင့်တင် နေသည်ဖြစ်ရာ ပထမ ဦးစားပေး သွားရောက် ရမည့် နေရာမှာ ပုဂံဒေသ ဖြစ်သည်။ ဒုတိယ သွားရောက် ရမည့် နေရာမှာ ဗြိတိန် နိုင်ငံ အင်္ဂလန် ကဲ့သို့ ရှိနေသော မော်လမြိုင် ဒေသဖြစ်ပြီး ၊ တတိယ သွားရောက် ရမည့် နေရာမှာ ကလောမြို့ ဖြစ်ကြောင်း ဗြိတိန် ခရီးသွား များအား လမ်းညွှန် ဖော်ပြ ထားသည်။

ထို ခရီးသွား လုပ်ငန်းများတွင် မြန်မာနိုင်ငံ ၏ ကျေးလက် လူနေမှု ဘ၀များကို ကြည့်နိုင်သော ဧရာဝတီ မြစ်ကြောင်း ခရီးသွား လုပ်ငန်း ကိုလည်း ထည့်သွင်း ဖော်ပြထားပြီး ငပလီ ကမ်းခြေနှင့် မြန်မာနိုင်ငံ ၏ ပြည်တွင်း ခရီးသွား အများအပြား သွားရောက် လေ့လာရာ ကျိုက်ထီးရိုး စေတီတော် ကိုလည်း ထည့်သွင်း ထားကြောင်း ၊ မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်းကို ကမ္ဘာ့ နိုင်ငံများက အားပေး ထောက်ခံ လာသည်နှင့် အညီ လမ်းပန်း ဆက်သွယ်ရေး ခက်ခံသော ချင်းပြည်နယ် ရှိ နေရာ ၃ ခုနှင့် အခြားသော တိုင်းရင်းသား ဒေသများ သို့ပါ ခရီးသွား လုပ်ငန်း တိုးမြှင့် ဆောင်ရွက် နေကြောင်း သိရသည်။

မြန်မာနိုင်ငံ တွင် ယဉ်ကျေးမှု အမွေအနှစ် များကို ခရီးသွား လုပ်ငန်း အတွက် အဓိက ဆောင်ရွက် နေပြီး ပျူမြို့ပြ ၃ မြို့ကို ကမ္ဘာ့ အမွေအနှစ် အဖြစ် စာရင်းဝင်ရန် ဆောင်ရွက်နေပြီး ထို ခရီးသွား လုပ်ငန်း များမှာ မြန်မာနိုင်ငံ ၏ သဘာဝ ပတ်ဝန်းကျင် နှင့် သဘာဝ ခရီးသွား လုပ်ငန်းများ နှင့်လည်း သက်ဆိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ကျွမ်းကျင်သူ များက ပြောကြား ခဲ့သည်။


မြန်မာနိုင်ငံ တွင် ကမ္ဘာက စိတ်ဝင်စားသော ရှေးဟောင်း လူ့ယဉ်ကျေးမှု များအပြင် သဘာဝ မပျက် ရှိနေသော အရာများက အိမ်နီးချင်း နိုင်ငံများ၏ ခရီးသွား လုပ်ငန်းများမှ ၀င်ငွေ ရရျိမှု များကို ယှဉ်နိုင်သော အချက်များ အပြင် မြန်မာနိုင်ငံ သည် ရင်းနှီးမြှုပ်နှံ သူများအတွက် ဈေးကွက် ကြီးမားသော နေရာတစ်ခု ဖြစ်ကြောင်း ကမ္ဘာ့ စီးပွားရေး အတွေ့အကြုံ ရှိ ပညာရှင် များက သုံးသပ် ပြောကြား ထားကြောင်းလည်း သိရှိရသည်။ (၄၄၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...