Social Icons

Pages

Friday, September 13, 2013

သတင်းစာ နှင့် ဂျာနယ်ထုတ်ဝေမည့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်နိုင်သော ရက်တိုသင်တန်း ဖွင့်လှစ်မည်


ရန်ကုန် ၊ ၁၃-၉-၂၀၁၃

သတင်းစာ နှင့် ဂျာနယ် ထုတ်ဝေမည့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် သီးသန့် ဖွင့်လှစ် သင်ကြားမည့် Certificate in Journalism & Publishing သင်တန်းကို ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက သတင်းစာ နှင့် ဂျာနယ် ထုတ်ဝေ လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းရှင် များအတွက် Certificate in Journalism & Publishing သင်တန်းကို Capacity Development Institute of Myanmar ( TIPTOP ) မှ စက်တင်ဘာလ ၂၃ ရက်မှ ၃၀ ရက်အထိ ၈ ရက်ကြာ ရက်တို သင်တန်း ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းချိန် များမှာ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြစ်သည်။


အဆိုပါ သင်တန်းတွင် သင်ကြား ပို့ချမည့် ဘာသာရပ် များမှာ သတင်းစာ ပညာ အကြောင်း သိကောင်းစရာ ၊ သတင်းစာ တစ်စောင် အတွက် လိုအပ်သော ၀န်ထမ်းများ အကြောင်း ၊ သတင်းစာ တစ်စောင် အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် တွက်ချက်ခြင်း ၊ ၀န်ထမ်း ခန့်အပ်ခြင်း နှင့် သင်တန်း ပို့ချခြင်း ၊ အွန်လိုင်း မီဒီယာ အကြောင်း တစေ့တစောင်း ၊ သတင်းစာ ဂျာနယ် ထုတ်လုပ် ဖြန့်ချိခြင်း နှင့် စီမံ ခန့်ခွဲခြင်း ၊ အထွေထွေ ဗဟုသုတ စသည်တို့ကို သတင်းစာ ၊ ဂျာနယ် များမှ ထုတ်ဝေ သူများ ၊ တာဝန်ခံ အယ်ဒီတာများ ၊ သတင်း အယ်ဒီတာ များမှ စာတွေ့ ၊ လက်တွေ့ ပို့ချ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း နှင့် ယင်း သင်တန်း တက်ရောက်မည့် သူများ အနေဖြင့် ဖုန်း ၀၉- ၅၁၆ ၂၀၆၂ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။ (အိချယ်ရီအောင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...