မုံရွာ ၊ ၉-၉-၂၀၁၃
အထက် အညာဒေသ ၏ ကုန်စည် စီးဆင်းရာမြို့
ဖြစ်သော မုံရွာမြို့ ၌ နေ့စဉ် မြန်မာငွေစက္ကူ များဖြင့် ဈေးရောင်း ၊ ဈေးဝယ် ပြုလုပ်ရာတွင်
နေ့စဉ်နှင့် အမျှ ဟောင်းနွမ်း ငွေစက္ကူများ သုံးစွဲ နေကြရ၍ အဆင်မပြေ မှုများ ဖြစ်ပေါ်
နေကြောင်း မုံရွာမြို့ ချင်းတွင်း ရတနာ ဈေးကြီး အတွင်းရှိ ဈေးသူ ဈေးသား များထံမှ
သိရသည်။
" ဟောင်းနွမ်း စုတ်ပြဲပြီး တိပ်ကပ်
ကော်ထူနေတဲ့ ငွေစက္ကူ တွေဆိုရင် အမ်း ဖို့ခက်ခဲ တာကြောင့် ဘယ်ဈေးသည် ကမှ မယူချင် ပါဘူး
.... " ဟု ရာသီပေါ် သစ်သီးများ ရောင်းချသူ တစ်ဦးက ပြောကြားခဲ့ သည်။ အများ ပြည်သူ၏
လက်ထဲတွင် နေ့စဉ် သုံးစွဲလျက် ရှိသော ငွေစက္ကူ တချို့မှာ ဟောင်းနွမ်း စုတ်ပြဲနေသည့်
အတွက် ဈေးရောင်း ၊ ဈေးဝယ်ပြုလုပ် ရာ၌ ရောင်းသူဝယ်သူ အဖို့ ငွေကြေး အသုံးပြုရာတွင်
အဆင်မပြေ မှုများ ကြုံတွေ့ နေရသည်။ အရောင်းဆိုင် လုပ်ငန်းရှင် တချို့သည် ပုံမှန် ကုန်ပစ္စည်း
ဝယ်ယူလျက် ရှိသည့် ၀ယ်လက်များ နှင့် ဆက်ဆံရေး မပျက်ယွင်း စေရန်အတွက် ဟောင်းနွမ်း ငွေစက္ကူ
တန်ဖိုးအနည်း ငယ်မျှကို လက်ခံ ပေးရသည်ဟု လည်း ဈေးသည်များက ပြောပြခဲ့သည်။
အဆိုပါ ဟောင်းနွမ်း ငွေစက္ကူများကို
တန်ဖိုး တစ်ဝက် ဈေးနှုန်းပေး၍ ရပ်ကွက် များအတွင်း လှည့်လည်၍ အဝယ်လာ သူများထံ ပြန်လည်
ရောင်းချခြင်းဖြင့် ငွေရင်း ပေါ်အောင် ပြုလုပ် နေကြရကြောင်း သိရသည်။ ငွေကြေး သုံးစွဲရာတွင်
အများပြည်သူ စိတ်အေး ချမ်းသာစွာ ကိုင်တွယ်အသုံး ပြုနိုင်စေရန် အတွက် ဟောင်းနွမ်းငွေ
စက္ကူများကို တန်းဖိုးတူညီ ပြန်လည် လဲလှယ်ပေးမည့် နေ့ရက် နှင့် ငွေလဲရာ တွင် လိုက်နာရမည့်
စည်းကမ်းချက်များ ကို သက်ဆိုင်ရာ စီးပွားရေးဘဏ် များမှ အများပြည်သူ သိရှိ လဲလှယ်နိုင်ရေး
အတွက် သတ်မှတ် ပေးရန် လိုအပ်လျက် ရှိကြောင်း သိရှိရသည်။


No comments:
Post a Comment