Social Icons

Pages

Monday, September 9, 2013

ကလေးမြို့ရှိ ရဲတပ်ဖွဲ့ဝင် ၃ ဦးအား မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် စည်းကမ်း ဖျောက်ဖျက်မှုဖြင့် အရေးယူ


ရန်ကုန် ၊ ၉-၉-၂၀၁၃

စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ မြို့မရဲစခန်းတွင် ဥပဒေအရ ဖမ်းဆီးရမည့် မူးယစ် ဆေးဝါးများကို အပြည့်အဝ ဖမ်းဆီးခြင်း မပြုဘဲ ဖျောက်ဖျက် သည်ဟု ဆိုကာရဲတပ်ဖွဲ့ဝင် သုံးဦးအပေါ် အမှုရေး ဖွင့်၍ အရေးယူ ခဲ့သော ဖြစ်စဉ် တစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၇ ရက် နံနက် ၁၁ နာရီက ကလေးမြို့ အောင်ဇေယျ ရပ်ကွက်နေ ယာဉ်လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ဆင့် ဆိုသူသည် ယာဉ်အမှတ် ၈ည/...့ီ အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ် ပေါ်တွင် ကုန်ပစ္စည်း များတင်ဆောင်၍ ကလေး - ဂန့်ဂေါ လမ်းအတိုင်း မောင်းနှင် လာခဲ့ရာ ထိုလမ်းကြောင်းရှိ ကြာအင်းကျေးရွာ အနီးတွင် ကလေးခရိုင် ရဲတပ်ဖွဲ့ရုံး၌ တာဝန် ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ယင်း ကုန်တင်ယာဉ် အား ရပ်တန့် စေပြီးနောက် သာယာကုန်း ကျေးရွာ လမ်းကြားအတိုင်း မောင်းနှင်ခိုင်းပြီး ယာဉ်ပေါ်၌ ရှာဖွေ စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ဆူဒိုအဖက်ဒရင်း ဆေးပြားများ ပါရှိသည့် ပီနံလက်ဆွဲအိတ် ၁၄ အိတ်ကို တွေ့ရှိခဲ့ သော်လည်း ၄င်းတပ်ဖွဲ့ဝင် သုံးဦးသည် အဆိုပါ မူးယစ်ဆေးဝါး များပါရှိသော ပီနံအိတ် ငါးလုံးကို ကားပေါ်မှချ၍ ယူဆောင် ခဲ့ပြီးနောက် ကားပေါ်ရှိ ကျန်အိတ် ၉ လုံး ခန့်ကိုသာ ဖမ်းဆီး အရေးယူခဲ့ကြောင်း ၊ သက်ဆိုင်ရာ၏ စစ်ဆေးချက်များ အရ အဆိုပါ ရဲတပ်ဖွဲ့ဝင် သုံးဦးအား ဥပဒေအရ အရေးယူ ဆောင်ရွက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


ဥပဒေအရ ဖမ်းဆီးရမည့် မူးယစ်ဆေးဝါး များကို အပြည့်အဝ ဖမ်းဆီးခြင်း မရှိဘဲ ဖျောက်ဖျက် သည်ဟု ဆိုကာ စွပ်စွဲခြင်း ခံရသော ရဲတပ်ဖွဲ့ဝင် သုံးဦး ကို ကလေးမြို့ မြို့မရဲစခန်းမှ မူးယစ် (ပ) ၁ဝ၃/၂ဝ၁၃ မူးစိတ် ၁၅ / ၁၈(ဃ) ၂၁ အရ အမှုဖွင့်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...