အိမ်တွင်းလက်မှုလုပ်ငန်း တစ်ခုကို တွေ့ရစဉ်
ရန်ကုန် ၊ ၉-၉-၂၀၁၃
မြန်မာနိုင်ငံ အတွင်း အသေးစား နှင့်
အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်
ဝန်ထမ်း အင်အား ၇ဝဝ ခန့် တိုးချဲ့ ဖွဲ့စည်း ဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုစင်တာ (ရုံးချုပ်)
မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။
ကျန်ရှိနေသော ပြည်နယ်နှင့် တိုင်းဒေသကြီး
များတွင် စင်တာများ ဖွင့်လှစ်၍ ဒေသအလိုက် ထွက်ကုန်များကို တန်ဖိုးမြင့် ထုတ်ကုန်များ
အဖြစ် ထုတ်လုပ် နိုင်ရေးအတွက် နည်းပညာ အကူအညီများ ၊ အသေးစား နှင့် အလတ်စား လုပ်ငန်းများ
ပိုမို တိုးတက်စေရေး အတွက် ကူညီ ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း ၊ လက်ရှိတွင်
SMEs စင်တာ အနေဖြင့် နိုင်ငံတကာ INGO အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
'' SMEs ဖွင့်လှစ်တဲ့ ရည်ရွယ်ချက် ကတော့
အရင်က စက်မှုလုပ်ငန်းတွေ အတွက်ပါပဲ ၊ နောက်ပိုင်းမှာ အသေးစား နဲ့ အလတ်စား လုပ်ငန်းတွေ
အတွက်ပါ တိုးချဲ့ ဖွဲ့လိုက်ရတာပါ ၊ ဘာ့ကြောင့်လဲ ဆိုတော့ တစ်နိုင်ငံလုံး အနေထားနဲ့
ကြည့်ရင် ဒီလုပ်ငန်း တွေက ၈၉ ရာခိုင်နှုန်း လောက်ရှိတယ် ... " ၄င်းက ပြောကြား ခဲ့သည်။
ယင်းစင်တာ မှ အသေးစား နှင့် အလတ်စား
လုပ်ငန်းများ အတွက် ချေးငွေများ ထုတ်ချေး နိုင်ရန် စီးစဉ် ကောက်ခံ ပေးခြင်း ၊ လုပ်ငန်းဆိုင်ရာ
အချက်အလက် များ ကူညီခြင်း ၊ နည်းပညာများ ကူညီခြင်း ၊ Capacity Building မြှင့်တင်ခြင်း
လုပ်ငန်းများ နှင့် အာဆီယံ ဒေသအတွင်း ပူးပေါင်း ဆောင်ရွက် နိုင်ရန် ချိတ်ဆက်မှုများ
လုပ်ဆောင် ပေးကြောင်း သိရသည်။ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး တွင် အသေးစား နှင့် အလတ်စား
လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုစင်တာ (ရုံးချုပ်) ကို အင်အား ၈၀ ခန့် တိုးချဲ့
ဖွဲ့စည်းထားပြီး ကျန်ရှိနေသော ဒေသများတွင် တိုးချဲ့ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက် နေခြင်း
ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment