Social Icons

Pages

Sunday, August 11, 2013

မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ၀င်ရောက်မှု မြင့်တက်နေသဖြင့် ရန်ကုန်မြို့တော်ရှိ ခရီးသွား စိတ်ဝင်တစား ရှိသည့်နေရာအချို့ မွမ်းမံပြင်ဆင်


ရန်ကုန် ၊ ၁၁-၈-၂၀၁၃

မြန်မာနိုင်ငံ သို့ နိုင်ငံတကာ မှ ခရီးသွား ဧည့်သည် ၀င်ရောက်မှု မြင့်တက် လာနေ သည့်အတွက် ရန်ကုန် မြို့တော်ရှိ နိုင်ငံတကာ ခရီးသွားများ စိတ်ဝင်တစား လည်ပတ် ကြည့်ရှုလေ့ ရှိသည့် နေရာတချို့ကို မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

" ရန်ကုန် မြို့လယ်မှာ ရှိတဲ့ ကိုလိုနီခေတ် လက်ရာ အဆောက်အအုံ တွေက ယခင် ကတည်းက ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တွေအဖြစ် သတ်မှတ် ထိန်းသိမ်း ထားတဲ့အတွက် ဒီနေရာ တွေဟာ နိုင်ငံတကာ ခရီးသွား တွေရဲ့ စိတ်ဝင်စားမှု ရရှိတဲ့ နေရာတွေ ဖြစ်နေသလို ထပ်မံပြီး တော့လည်း နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့ ပံ့ပိုး ကူညီမှုနဲ့ အဆင့်မြှင့်တင် တာတို့ ၊ ပိုပြီးတော့ စိတ်ဝင်စားဖွယ် ဖြစ်အောင် မီးရောင်စုံတွေ နဲ့ အလှဆင် တာတို့ ဒါတွေလည်း ဆောင်ရွက် နေပါတယ် ၊ အခု အဆင့်မြှင့်တင် မှာက ခရီးသွားတေါ သွားလေ့ရှိတဲ့ အမျိုးသား ပြတိုက် တို့လို နေရာတွေကို ပိုပြီးတော့ သေသပ် လှပအောင် လုပ်မယ့် အစီအစဉ် ပဲ ဖြစ်ပါတယ် ... " ဟု ရန်ကုန် မြို့တော်ရှိ အမျိုးသား ပြတိုက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ တွင် လေ့လာစရာ ပြတိုက်ပေါင်း ၂၂ ခုခန့် ရှိသည်။ ယင်းတို့အနက် အမျိုးသား ပြတိုက် သည် နေပြည်တော် နှင့် ရန်ကုန်တိုင်း ဒေသကြီး ၂ ခုစလုံး တွင် တည်ရှိကာ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ၀င်ရောက် လည်ပတ်မှု အများဆုံး ဖြစ်လာကြောင်း သိရှိရသည်။


The Myawady Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...