Social Icons

Pages

Sunday, August 11, 2013

မိုင်းဆတ် စစ်ဆေးရေးဂိတ်တွင် တရားမ၀င် ၀င်ရောက်လာသော တရုတ်လူမျိုး ၃ ဦးအား ဖမ်းဆီးရမိ


တရားမ၀င် ၀င်ရောက်လာသော 
တရုတ်လူမျိုး ချန်ယွန်း ၊ ပန်ယွဲ့မင်း နှင့် ၀မ်ယူဖူး တို့အား တွေ့ရစဉ်

နေပြည်တော် ၊ ၁၁-၈-၂၀၁၃


သြဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မိုင်းတုံ မှ မိုင်းဆတ် သို့ ထွက်ခွာလာသော ယာဉ်မောင်း လောင်ကျွမ်း မောင်းနှင်သည့် ယာဉ်အား မိုင်းဆတ်မြို့ အ၀င် စစ်ဆေးရေးဂိတ် တွင် တာဝန် ရှိသူများမှ စစ်ဆေးခဲ့ရာ ပုံပါကျင် မြို့နယ်ခွဲ မိုင်းဟန် ကျေးရွာ အုပ်စုနေ ဆမ်ကျင်း ၏ ရော်ဘာခြံတွင် ရော်ဘာမျိုးစပ် အလုပ်သမား များအဖြစ် အလုပ် လုပ်ကိုင်ခဲ့ပြီး နေရပ်ပြန်ရန် ၀င်ရောက် လာသည့် တရားမ၀င် ၀င်ရောက် လာသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် လီကျန်းမြို့ နေ ချန်ယွန်း ၃၈ နှစ် ၊ ပန်ယွဲ့မင်း ၂၆ နှစ် နှင့် ၀မ်ယူဖူး ၃၆ နှစ် တရုတ်လူမျိုး ၃ ဦးအား စစ်ဆေး တွေ့ရှိရသဖြင့် ၄င်းတို့အား မိုင်းဆတ်မြို့နယ် ရဲစခန်း သို့ အပ်နှံ၍ တရား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...