Social Icons

Pages

Tuesday, March 7, 2017

(၂၄)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်



နေပြည်တော် ၊ ၇-၃-၂၀၁၇

(၂၄)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် ဆေးတက္ကသိုလ် စုပေါင်းစာသင်ခန်းမ၌ ပြုလုပ်ရာ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး ကိုကိုလွင်နှင့် ဌာနမှူးများ၊ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါ်လှရီရီက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် ဂုဏ်ထူးဆောင် ပါမောက္ခ ဒုတိယ ဗိုလ်မှူးကြီး ဒေါ်ရင်ရင်ဇော် (အငြိမ်းစား)က  The Practical Guide to the OSCE: As A Performance Assessment နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး အဖွဲ့ငယ်များ ခွဲ၍ အပြန်အလှန် ဆွေးနွေး တင်ပြခြင်းများ ပြုလုပ်ကြသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသည် တပ်မတော် ဆေးတက္ကသိုလ်မှ စစ်ဆေးသည့် ဆေးပညာရပ်ဆိုင်ရာ စာမေးပွဲများကို နိုင်ငံတကာ အဆင့်မီ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...