Social Icons

Pages

Wednesday, August 7, 2013

ရန်ကုန်မြို့၏ ဓာတ်ဆီဆိုင်များ ညအချိန် မဖွင့်သောကြောင့် ညယာဉ်မောင်းများ အခက်အခဲ ဖြစ်ပေါ်


ရန်ကုန် ၊ ၇-၈-၂၀၁၃

မြန်မာနိုင်ငံ ၏ လူဦးရေ ၆ သန်းမျှ နေထိုင်သော ရန်ကုန်မြို့ ၏ ၂၄ နာရီ ဓာတ်ဆီဆိုင် များမှာ ညအချိန် ဖွင့်လှစ်မှု မရှိသောကြောင့် ညပိုင်း ယာဉ်မောင်းများ မှာ ဓာတ်ဆီ ၀ယ်ယူရန် အခက်အခဲ ဖြစ်နေကြောင်း ညယာဉ်မောင်း များနှင့် ကိုယ်ပိုင် ယာဉ်မောင်း များက ပြောကြား ကြကြောင်း သိရသည်။

ရန်ကုန် စီးပွားရေး မြို့တော်ကြီး ရှိ လုပ်သား ပြည်သူများမှာ ၂၄ နာရီ ကာလပတ်လုံး နီးပါး သွားလာ လှုပ်ရှား နေကြပြီး ညအချိန်များတွင် အရေးပါ် လိုအပ်ချက် များကြောင့် စက်သုံးဆီ ၀ယ်ယူရန် အတွက် စက်သုံးဆီ ဆိုင်များကို နေရာ အနှံ့ လိုက်ရှာ နေရပြီး သာကေတ ကျောက်တိုင် အနီးရှိ စက်သုံးဆီ ဆိုင်များ အထိပင် တကူးတက သွားရောက် ၀ယ်ယူ နေရကြောင်း ၊ ညဘက် အလုပ်ကိစ္စ နှင့် သွားရင်း စက်သုံးဆီ ပြတ်လပ်သွား မှုကြောင့် အခက်အခဲ တွေ့ရကြောင်း ကိုယ်ပိုင် ယာဉ်မောင်း များက ပြောဆို ကြသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် များ အားလုံးနီးပါး မှာ ၂၄ နာရီ ဖွင့်လှစ် ရောင်းချသော ဆိုင်များ ဖြစ်သော်လည်း ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုများ အလွယ်တကူ ၀ယ်မရခြင်း မှာ မည်သည့် အကြောင်းကြောင့် ဆိုသည်ကို မသိသော်လည်း ညဘက် ယာဉ်မောင်း များအတွက် ယင်းသို့ စက်သုံးဆီ ၀ယ်မရ ခြင်းကြောင့် လုပ်ငန်းများ နှောင့်နှေးကာ အခက်အခဲ များ ကြုံတွေ့ရကြောင်း သိရသည်။


မြန်မာ တစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင် များအနေဖြင့် ပြည်တွင်းသို့ တင်သွင်း လာသော မော်တော်ယာဉ် များနှင့် မော်တော် ဆိုင်ကယ် သုံးသန်းကျော် ၏ စက်သုံးဆီ လိုအပ်ချက် ကို ပြည်ပမှ အဓိက တင်သွင်း ရောင်းချနေပြီး တစ်ပတ်လျှင် စက်သုံးဆီ ဂါလန် တစ်သိန်းနီးပါး တင်သွင်း နေရကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...