Social Icons

Pages

Wednesday, August 7, 2013

ရွှေလုပ်နိုင်မှု နည်းလာခြင်းကြောင့် မြန်မာ့ရှေးဟောင်း ပန်းတိမ်လက်မှု အနုပညာ ပျောက်ကွယ် သွားနိုင်သော အခြေအနေများ ဖြစ်ပေါ်နေ


ရန်ကုန် ၊ ၇-၈-၂၀၁၃

မြန်မာ့ ပန်းဆယ်မျိုး တွင် ပါဝင်သော ရှေးဟောင်း ပန်းတိမ် လက်ရာများမှာ တိမ်ကော ပျောက်ကွယ် သွားနိုင်သော အခြေအနေ များ ဖြစ်ပေါ် နေကြောင်း လက်မှု ပန်းတိမ် ပညာသည် များက ပြောကြား ခဲ့သည်။

မြန်မာများ ၏ အနုပညာ လက်ရာ အမွေအနှစ် များတွင် အနုစိတ် ပြုလုပ်ရသော ပန်းတိမ် လက်မှု ပညာများမှာ နိုင်ငံသား များ၏ ၀င်ငွေ နည်းပါးလာခြင်း ၊ ရွှေဝယ်ယူ နိုင်မှု ကျဆင်းလာပြီး ရွှေလက်မှု ပညာသည်များ အလုပ် နည်းပါး လာခြင်း ၊ စက်ပန်းတိမ် မိုသွန်းလောင်း သော နည်းပညာများ ၀င်ရောက် လာခြင်း တို့ကြောင့် အဆိုပါ လက်မှုပညာမှာ တိမ်မြှုပ် ပျောက်ကွယ် သွားရန် ရှိနေကြောင်း လက်မှု အနုပညာရှင် တစ်ဦးဖြစ်သူ ဦးသောင်းဟန် က ပြောကြား ခဲ့သည်။ " ဒေါင်းဘယက် လို ဒေါင်းဘီးလို တွေ က လွန်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်ကျော် ၁၉၈၀ ပြည့်နှစ် ခန့်ကသာ လာရောက် လုပ်ကိုင်တာ များပါတယ် ၊ ၁၉၉၀ ပြည့်နှစ် ခန့်မှာတော့ တစ်ခု နှစ်ခု လောက် လာလုပ် နိုင်သေးတယ် ၊ အခုတော့ ဘယ်သူမှ လာမလုပ် နိုင်တော့ဘူး ဖြစ်နေတယ် ၊ ဒါကြောင့် အနုပညာမြောက် ပန်းတိမ် က ပျောက်ကွယ် သွားနိုင်ပါတယ် .... " ဟု ပြောကြား ခဲ့သည်။

အဆိုပါ ဒေါင်းဘီး ဒေါင်းဘယက် များမှာ မြန်မာ့ လက်မှုပညာ ၏ အတိမ်အနက် ကို ဖော်ပြနေပြီး ဒေါင်းဘီး တစ်ခု ပြုလုပ်ရန် ရွှေတစ်ကျပ် တစ်မတ်သားခန့် ဖြင့် ပြုလုပ်မှသာ ခိုင်ခံ့သော ဒေါင်းဘီးတစ်ခု ဖြစ်နိုင်သည်။

ယနေ့ အချိန်တွင် ရွှေအပွထည် များသာ အဓိက လုပ်ကိုင်လာသော ကြောင့် မြန်မာ့ ရှေးဟောင်း လက်မှုပညာ တစ်ရပ်မှာ ပျောက်ကွယ် သွားနိုင်ပြီး ထိုသို့ ဖြစ်ရခြင်း မှာလည်း ၀င်ငွေ နည်းပါးခြင်း ကြောင့်နှင့် အသုံးစရိတ် တက်လာ သောကြောင့် ဖြစ်ကြောင်း သုံးသပ် ကြသည်။ လွန်ခဲ့သော ၂၅ နှစ်ဝန်းကျင် ခန့်က ရွှေတစ်ကျပ်သား လျှင် ငွေကျပ် ၅၀၀၀ ခန့်သာ ရှိသောကြောင့် အလုပ်သမား များ၏ ၀င်ငွေနှင့် နှိုင်းယှဉ်ပါက ရွှေလုပ်နိုင်မှုမှာ ယခုထက် အချိန်များစွာ သာလွန် နေသေးကြောင်း သိရသည်။


ယခင်က ရွှေလုပ်နိုင်သူ များပြီး မြန်မာ့ အနုပညာ လက်ရာ ရွှေထည်များမှာ ရောင်းအား ကောင်းပြီး ယခုအချိန် တွင် ငွေကြေး ရှားပါး လာသောကြောင့် အပွထည်များ သာ အဓိက ၀ယ်ယူ ၀တ်ဆင်ကြပြီး အကျစ်ထည် ဖြင့်သာ ပြုလုပ်နိုင်သော ရှေးဟောင်း လက်မှု ပန်းတိမ် ပညာမှာ တိမ်မြှုပ် ပျောက်ကွယ် သွားမည့် အခြေအနေ များ ဖြစ်ပေါ် နေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...