Social Icons

Pages

Wednesday, August 7, 2013

ရန်ကုန်မြို့၏ လေထုအရည်အသွေး လာမည့်လအတွင်းသုတေသနပြုရန် စီစဉ်


ရန်ကုန် ၊ ၇-၈-၂၀၁၃

လူဦးရေ ထူထပ်စွာ နေ့စဉ်သွားလာ၍ုလုပ်ငန်းများ လုပ်ကိုင် နေကြသော မြန်မာနိုင်ငံ ၏ စီးပွားရေး မြို့တော် ဖြစ်သော ရန်ကုန်မြို့၏ လေထု အရည်အသွေး ကို လာမည့်လ အတွင်း ပြည်တွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်း အချို့နှင့် နိုင်ငံတကာ မှ ပညာရှင်များ ပူးပေါင်းကာ သုတေသန ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ သည် စက်မှုဇုန်များ ၊ စီးပွားရေး လုပ်ငန်းများ မျိုးစုံ လုပ်ကိုင်နေသည့် စီးပွားရေး မြို့တော် ဖြစ်သည့်အတွက် သယ်ယူ ပို့ဆောာ်ရေး ဆိုင်ရာ ယာဉ်ရထား ၊ ကားများ အသွားအလာ များနေ၍ ကမ္ဘာကြီး ပူနွေးစေသည့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ထွက်ရှိမှုသည် နေရာ ပေါင်းစုံမှ ထွက်ရှိနေခြင်း ကြောင့် တခြားနယ်မြို့ များထက် ပိုမို၍ လေထု ညစ်ညမ်းမှု ဖြစ်စေနိုင်သည်။ ရန်ကုန်ရှိ ကားအစီးရေ မှာလည်း သိသိသာသာ တိုးလာပြီး ယခုအခါ အစီးရေ လေးသိန်းကျော် ခန့် ရှိနေသဖြင့် လေထု ညစ်ညမ်းမှု အတိုင်းအတာ ကို ဆန်းစစ်ရန် လိုအပ် နေပြီ ဖြစ်ကြောင်း သိရသည်။

လေထု ညစ်ညမ်းမှု ရှိ - မရှိ သုတေသန ပြုခြင်းကို ယခင် ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့တွင် မြန်မာနိုင်ငံသားများ ကိုယ်တိုင် လေ့လာခဲ့ ရာတွင် ညစ်ညမ်းမှု အဆင့်ရောက် ရှိနေကြောင်း တွေ့ရှိရသော်လည်း ယင်း လေ့လာမှု သည် စက်ပစ္စည်း ကိရိယာ များနှင့် တိုင်းတာခဲ့ခြင်း မဟုတ်သဖြင့် ပြောဆို နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယင်းနောက် ၂၀၁၀ ပြည့်နှစ်၌ ကမ္ဘာ့ ရာသီဥတု နှင့် ပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့အစည်း နှင့် ဆက်သွယ်၍ ရန်ကုန်မြို့ ၏ လေထု ညစ်ညမ်းမှု အဆင့်ကို စက်ကိရိယာ များ အသုံးပြု ၍ တိုင်းတာ လေ့လာသည့် စီမံကိန်း တစ်ခု ပြုလုပ်ရာတွင် မြို့တော် ရန်ကုန် ၏ လေထု ညစ်ညမ်းမှု မှာ စဉ်စားရမည့် အဆင့်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။


ကမ္ဘာတစ်ဝန်း လုံးတွင် လေထု ညစ်ညမ်းမှု ကြောင့် သေဆုံးသူ ပေါင်း ၃ ဒသမ ၂ သန်းခန့် ရှိကြောင်း ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ၏ သုတေသန စာရင်းများ အရ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...