Social Icons

Pages

Friday, August 9, 2013

မြန်မာနိုင်ငံ ၏ မြို့ပြစက်မှုဇုန်များ၌ နောင် ၁၇ နှစ်အကြာတွင် ကျွမ်းကျင် လုပ်သား ၁၃ သန်းခန့် လိုအပ်လာမည် ဖြစ်ကြောင်း သိရ

ရန်ကုန် ၊ ၉-၈-၂၀၁၃

မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွင် ယခု အတိုင်းသာ ပြုပြင် ပြောင်းလဲ သွားမည် ဆိုပါက လာမည့် ၁၇ နှစ်အတွင်း ကျွမ်းကျင် လုပ်သား ၁၃ သန်းခန့် လိုအပ် လာမည် ဖြစ်ကြောင်း နိုင်ငံတကာ အစိုးရများ နှင့် ကော်ပိုရေးရှင်းကြီး များကို ဖွံ့ဖြိုး တိုးတက်ရန် သုတေသန ပြုလုပ် ပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းကြီး တစ်ခု၏ သုတေသန ပြုချက်များ အရ သိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေ နိုင်သော အခွင့်အလမ်း များရှိပြီး ကြီးမားသော အိမ်နီးချင်း နိုင်ငံမှ ဈေးကွက် များကြောင့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင် များက စိတ်ဝင်စားလျက် ရှိပြီး အလုပ်သမား စရိတ် နှင့် လမ်းပန်း ဆက်သွယ်ရေး အရ ကောင်းမွန် လာပါက မြန်မာနိုင်ငံ မှတစ်ဆင့် အိမ်နီးချင်း နိုင်ငံရှိ ဈေးကွက်ကြီး များသို့ တိုက်ရိုက် ဆက်သွယ် တင်ပို့နိုင်သော ကြောင့် လည်းကောင်း ၊ ပို့ဆောင်ရေး စရိတ် ချိုသာ သောကြောင့် လည်းကောင်း နိုင်ငံတကာ မှ မြန်မာနိုင်ငံ အတွင်းသို့ စက်ရုံများကို လာရောက် လုပ်ကိုင် စေနိုင်သည့် အဓိက အကြောင်း အရင်း ဖြစ်သည်။ မြန်မာနိုင်ငံ ၌ စက်မှုလုပ်ငန်း များ တိုးပွား လာပါက ကျွမ်းကျင် လုပ်သား ရှားပါးမှု များမှာလည်း မြန်မာနိုင်ငံ အတွက် အဓိက လိုအပ်ချက် ပြဿနာ ဖြစ်လာမည် ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင် များက သုံးသပ် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ၏ ကျွမ်းကျင် အလုပ်သမား ရှားပါးမှုကို ဖြေရှင်းရန် အတွက် နိုင်ငံတကာ ရောက် မြန်မာ ကျွမ်းကျင် လုပ်သား ပညာတတ်များ အနေဖြင့် ပြည်တွင်းသို့ လာရောက် ကူညီခွင့် ရမည် ဆိုပါလျှင် သက်ဆိုင်ရာ အစိုးရ အဖွဲ့များ နှင့် ပူးပေါင်း၍ ကူညီ လက်တွဲ ဆောင်ရွက် လိုသော သူများရှိပြီး နိုင်ငံတကာ ရောက် မြန်မာများ ကိုလည်း မျှတသော အခွင့်အလမ်း များဖြင့် ဆွဲဆောင် ခေါ်ယူရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ပညာတတ်များ နှင့် ကျွမ်းကျင် သူများမှာ နိုင်ငံတကာ တွင် ၁ ဒသမ ၇ သန်းမျှ ရှိနေပြီး မြန်မာနိုင်ငံ အနာဂတ် လူ့စွမ်းအား ဖွံ့ဖြိုးမှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာစေရန် များစွာ အကူအညီ ပေးနိုင်သော အခြေအနေ တွင် ရှိနေသည်။ အနာဂတ် စက်မှု လုပ်ငန်းများ အတွက် ကျွမ်းကျင် လုပ်သား လိုအပ်မှုကို အဓိကထား လုပ်ဆောင် သင့်ကြောင်း နိုင်ငံတကာ ရောက် စီးပွားရေး ပညာရှင် များက သုံးသပ် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...