Social Icons

Pages

Friday, August 9, 2013

ငါးမွေးသူတို့ မွေးမြူလေ့ မရှိသော ငါးရံ့ငါးမျိုးစိတ် စီးပွားဖြစ် မွေးမြူအောင်မြင်


ရန်ကုန် ၊ ၉-၈-၂၀၁၃

ငါးမွေးကန်များတွင် အများအားဖြင့် မွေးမြူလေ့ မရှိဘဲ ယင်းငါးမျိုး ၏ မူလ သဘာဝ အလေ့အထ များကြောင့် မွေးမြူရန် ခက်ခဲသော ငါးရံ့ ငါးမျိုးစိတ်ကို တွံတေးမြို့နယ် မှ ငါးလုပ်ငန်းရှင် တစ်ဦးက ကိုယ်တိုင် သားဖောက် မွေးမြူခဲ့ရာ စီးပွားဖြစ် အောင်မြင်စွာ မွေးမြူ နိုင်ခဲ့ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ် မှ သိရသည်။

ငါးလုပ်ငန်း လုပ်ကိုင်သူ ငါးမွေးကန် ပိုင်ရှင်သည် ငါးရံ့ ငါးမျိုးစိတ် ကို ကိုယ်တိုင် သားဖောက်ပြီး အစာတောင့် စနစ်ဖြင့် အစာကျွေး မွေးမြူခဲ့ရာ ငါးအကောင်ရေ ၂၅၀၀၀ ခန့် ရရှိခဲ့သည်။ ထိုသို့ စီးပွားဖြစ် မွေးမြူရာတွင် အောင်မြင်ခဲ့၍ မွေးမြူရေး လုပ်ငန်းရှင် များအနေဖြင့် ငါးမျိုးစိတ် တစ်ခုတည်း ကို စီးပွားဖြစ် ထုတ်လုပ်နေသည့် အလေ့အထ ကို ပြောင်းလဲကာ အခြားငါးမျိုး များကိုလည်း စီးပွားဖြစ် တိုးချဲ့ မွေးမြူ သင့်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြား ခဲ့သည်။


ငါးရံ့သည် နဂိုမူလ သဘာဝကပင် အင်း ၊ အိုင် ၊ မြစ် ၊ ချောင်း များတွင် သာမက အိမ်ခြံများ၏ ရေ၀ပ် ဧရိယာ များ၌ ၀င်ရောက် ပေါက်ပွားတတ်ပြီး ခုန်ပျံမှု များကာ ယင်းတို့၏ ခန္ဓာကိုယ် များမှာ လည်း ချောမွတ်နေ၍ အလွယ်တက ကိုင်တွယ် ဖမ်းဆီး နိုင်ခြင်း မရှိသဖြင့် ငါးမွေးသူတို့က အထူးတလည် မွေးမြူခြင်း မရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...