Social Icons

Pages

Monday, July 29, 2013

မြန်မာ - တရုတ် ပင်လယ်ပြင် ကယ်ဆယ် ရှာဖွေရေး လေ့ကျင့်မှု ပူးတွဲပြုလုပ်


ရန်ကုန် ၊ ၂၉-၇-၂၀၁၃

မြန်မာ့ ပင်လယ်ပြင် တွင် တရုတ်နိုင်ငံ ရေကြောင်း ဌာနနှင့် မြန်မာနိုင်ငံ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တို့ ပူးပေါင်းကာ ပင်လယ်ပြင် ကယ်ဆယ်ရေး နှင့် ရှာဖွေရေး လေ့ကျင့်ရေး အစီအစဉ် များကို ယမန်နေ့ နံနက်ပိုင်းက ပူးတွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်း တွင် ရောက်ရှိနေသည့် တရုတ် ရေကြောင်း ဌာန China - MSA ပိုင်ဆိုင်သည့် M.V HAIXUN 01 သင်္ဘောမှာ မြန်မာနိုင်ငံ သို့ ရောက်ရှိစဉ် အတွင်း ပင်လယ်ပြင် ကယ်ဆယ် ရှာဖွေရေး ပူးပေါင်း လေ့ကျင့်မှု အစီအစဉ် ကို ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ရေကြောင်း ပို့ဆောင်ရေး ဌာန အနေဖြင့် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိစဉ် အတွင်း ပင်လယ်ပြင် ကယ်ဆယ် ရှာဖွေရေး လေ့ကျင့်ခန်းများ အပါအ၀င် ဒေသတွင်း ရေကြောင်းဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် နှစ်ဖက် ဘာသာရပ် ဆိုင်ရာ ဆွေးနွေးပွဲများ ၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ ၊ ချစ်ကြည်ရေး အားကစား အစီအစဉ် များကို လုပ်ဆောင် ခဲ့သည်။


ပင်လယ်ပြင် ကယ်ဆယ် ရှာဖွေရေး လေ့ကျင့်ရေး အစီအစဉ်များ မူလတွင် ရဟတ်ယာဉ် ဖြင့် လေ့ကျင့်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ရဟတ်ယာဉ်ဖြင့် မပြုလုပ်ဘဲ ပင်လယ်ပြင်တွင် သင်္ဘောများ မီးလောင်ပါက မည်ကဲ့သို့ မီးငြှိမ်းသတ် ရမည်ကို M.V HAIXUN 01 သင်္ဘော အပါအ၀င် မြန်မာနိုင်ငံ မှ နတ်သားတစ် ၊ နတ်သားနှစ် မီးသတ် ရေယာဉ်များဖြင့် သရုပ်ပြ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...