Social Icons

Pages

Showing posts with label ဆေးပညာဆိုင်ရာ. Show all posts
Showing posts with label ဆေးပညာဆိုင်ရာ. Show all posts

Sunday, April 23, 2017

A pint of strawberries a day could stave off breast cancer, study finds



Scientists used an extract from the Alba strawberry to feed female mice with breast cancer tumors, as well as lab-grown cancer cells. They found tumors stopped growing or shrank.

• A study on mice with breast cancer tumors showed an improved condition when they
were fed a concentrate of strawberries
• After five weeks on a strawberry-boosted diet, the mice showed no sign of progressing
cancer spread - and in many, their tumors even shrank
• It builds on previous studies showing how strawberries boost artery health

Eating just 15 strawberries a day protected mice from aggressive breast cancer in a new medical study.

Scientists used an extract from the Alba strawberry to feed female mice with breast cancer tumors, as well as lab-grown cancer cells. 

In total, the strawberries made up 15 percent of the mice's diet. That is just shy of the recommended daily amount of fruit we should eat each day, and would be equivalent to a punnet of strawberries.

After five weeks on a strawberryboosted diet, the mice showed no sign of progressing cancer spread - and in many, their tumors even shrank.

Dr Maurizio Battino, from the Marche Polytechnic University in Italy, said: 'We saw a significant reduction in the weight and volume of the tumor.'

The cancer cells used in the experiments were from a highly aggressive and invasive strain.

However, the researchers stressed that results from animal tests do not necessarily mean the same effects will be seen in humans.

Previous studies have already shown that eating between 10 and 15 strawberries a day can make arteries healthier by reducing blood cholesterol levels.

Phenolic plant compounds in the fruits are thought to be responsible for the beneficial effects.

Breast cancer cell line studies showed that strawberry extract blocked biological processes involved in tumour growth and spread. 

The activity of several genes playing a role in metastasis, or cancer spread, were reduced. 

At the same time, one gene believed to suppress the spread of breast cancer, Htatip2, became more active.

DrBattino said: 'The majority of diseases, including cancer, are complex, and involve complex interactions between cellular and molecular systems that determine the development of the disease.

'These results are without a doubt valid for understanding potential effects of strawberries on breast cancer and the molecular mechanisms involved, but they must be complemented with clinical and epidemiological studies to verify whether humans experience the same positive effects as we have observed in mice.'

The study appears in the latest edition of the journal Scientific Reports.

#Themyawadydaily

Thursday, February 9, 2017

ဖန်ပြွန်သန္ဓေသားနည်းဖြင့် ရင်သွေးယူနိုင်မည့် IVF စင်တာဖွင့်လှစ်မည်



ရန်ကုန် ၊ ၉-၂-၂၀၁၇

အကြောင်း အမျိုးမျိုးကြောင့် ရင်သွေးမရ နိုင်သူများ ဖန်ပြွန်သန္ဓေသား နည်းဖြင့် ရင်သွေးယူနိုင်ရန် ရန်ကုန်မြို့၌ ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု လာရောက် ဖွင့်လှစ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

''သဘာဝနည်းနဲ့ ကလေးမရနိုင်တဲ့ မိခင်တွေအတွက် IVF (In-Vitro Fertilization) နည်းပညာနဲ့ ကလေးရအောင် ကျွန်တော်တို့ ကုသပေးမှာပါ။ မြန်မာနိုင်ငံမှာပဲ ဒီနည်းနဲ့ကုသ နိုင်မယ်ဆိုရင် အချိန်ရော၊ လူရော၊ေ ငွကြေးကုန်ကျမှု တွေပါ လျော့နည်း သက်သာပြီး အကျိုးဖြစ်ထွန်း စေပါတယ်။ နိုင်ငံခြားမှာ အကြာကြီး သွားနေစရာ မလိုဘဲနဲ့ မြန်မာနိုင်ငံမှာပဲ ဒီနည်းပညာကို မိတ်ဆက်ပေး ပါမယ်။ ပြီးရင် မြန်မာနိုင်ငံက ဆရာဝန်တွေကိုလည်း လေ့ကျင့် ပေးသွားမှာပါ'' ဟု ထိုင်းနိုင်ငံ အခြေစိုက် Phloenchit Medical Center Co.,Ltd. ၏ Life Science Center တာဝန်ရှိပုဂ္ဂိုလ် Mr. Chad Teo က ပြောသည်။

''ဒီက သားဖွားမီးယပ် ဆရာဝန်တွေကို ထိုင်းနိုင်ငံမှာ Training နှစ်နှစ်လောက်တော့ အနည်းဆုံး ပေးရပါမယ်။ ဒီ IVF Center ဖွင့်ဖို့အတွက် ဆရာဝန်တွေ အနေနဲ့လည်း နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကို ယူပြီး နိုင်ငံခြားက Training ပြီးတော့မှ ဒီမှာ အလုပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ လောလောဆယ် Treatment ပေးဖို့ကတော့ Medical Council ကနေ ခွင့်ပြုချက် ရပြီးရင် လုပ်ပေးလို့ရ ပါတယ်။ တကယ်လို့ လူနာတွေက Contact လုပ်ချင်တယ်ဆိုရင် ရုံးဖွင့်ချိန်ကျရင် ဖုန်းနံပါတ်တွေကို မီဒီယာမှာ ကြော်ငြာပေး ပါမယ်'' ဟု Mr. Chad Teo က ဆက်လက် ပြောသည်။

လက်ရှိတွင် ဖန်ပြွန်သန္ဓေသားနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆောင်ရွက်လိုသူ များနှင့် ဆွေးနွေးတိုင်ပင် လိုသူများကို ရှင်းလင်းဆွေးနွေး ပေးမည်ဖြစ်ပြီး ၄င်းလူနာများ အနက် IVF မလုပ်မီဆောင်ရွက် သင့်သည်များ ကိုလည်း ကြိုတင် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

လူနာများ အနေဖြင့် နိုင်ငံခြားသွား လိုပါက ပို့ဆောင်ပေး မည်ဖြစ်ပြီး ၄င်းတို့၏ Science Center တွင် သန္ဓေသား ထည့်ကာ သားလောင်းသည် မိခင်ကိုယ်တွင်း၌ ကျန်းကျန်းမာမာ ရှိချိန်တွင် မိခင်အား ပြန်လည်ပို့ဆောင် ပေးမည် ဖြစ်ကြောင်းနှင့် မိခင်အနေ ဖြင့်လည်း ရန်ကုန်၌ ကျန်းကျန်းမာမာ မွေးဖွားနိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, December 9, 2016

အမျိုးသမီးမျိုးဥအိတ်၏ ဇီဝနာရီကို ဓာတုကုထုံးဖြင့် နောက်ပြန်ရွှေ့ နိုင်အောင်ကြိုးပမ်း



လန်ဒန် ၊ ၉-၁၂-၂၀၁၆

အမျိုးသမီးများတွင် မျိုးဥ အရေအတွက် သည် အကန့် အသတ် ရှိသည်ဟု မူလက ယုံကြည်မှတ်ယူ ထားသော်လည်း လေ့လာ ဆန်းစစ်မှု တစ်ရပ်တွင် ဓာတုကထုံး တစ်မျိုးရယူ နေသော အမျိုးသမီးများ၌ မျိုးဥ အရေအတွက် ပြန်တိုးလာ သည်ကို တွေ့ ရှိခဲ့ရပြီး သည့်နောက် အမျိုးသမီး မျိုးဥအိတ်၏ ဇီဝနာရီကို ဓာတုကထုံးဖြင့် နောက်ပြန်ရွှေ့ နိုင်အောင် ကြိုးပမ်းကာ မျိုးဥများကို ထပ်မံထုတ်လုပ် စေနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း UK ရှိ ဧဒင်ဘတ် တက္ကသိုလ်မှ သုတေသီများက ပြောသည်။ 

" ဓာတုကုထုံးကြောင့် မျိုးဥအသစ်တွေ ထပ်ထုတ်လာအောင် လှုံ့ ဆော်ပေးတာ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတွေမှာ မျိုးဥအသစ် ထပ်ထွက်လာတာ ဒါပထမဆုံးအကြိမ် ပါပဲ။ ဒါကြောင့် ကိုယ်ဝန်မရနိုင်တဲ့ အမျိုးသမီး တွေကို ကုသမှုပေးတဲ့အခါ ဓာတုကုထုံးကို တွဲဖက် အသုံးပြုမယ့်သဘော သက်ရောက် နေပါတယ်။ ဒါပေမယ့် ဓာတု ကုထုံးကြောင့် ထပ်တိုးလာတဲ့ မျိုးဥတွေက သန္ဓေဆောင်နိုင် လောက်အောင် အရည်အသွေး ပြည့်ဝတယ်၊မပြည့်ဝဘူး ဆိုတာကို ဆက်လက်စူးစမ်း လေ့လာရပါဦးမယ်။ ဒီတွေ့ ရှိမှုကို အတည်ပြု နိုင်ခဲ့ပြီဖြစ်တဲ့ အတွက် အနာဂတ်မှာ လူတွေ ရဲ့ အကျိုးအတွက် ကျယ်ပြန့် စွာ အသုံးပြုနိုင်အောင် ဆက်လက်စူးစမ်း လေ့လာနေပြီ ဖြစ်ပါတယ်။ အဓိကကတော့ ဓာတုကုထုံးမှာ အသုံးပြုတဲ့ ဆေးဝါးတွေနဲ့  မျိုးဥတွေ ထပ်ထွက်လာတာနဲ့  ဘယ်လို ဆက်စပ်မှုတွေ ရှိတယ်ဆိုတဲ့ ကွင်းဆက်ကို ဖော်ထုတ်ရမှာဖြစ်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

" အမျိုးသမီးတစ်မှာ မျိုးဥဘယ်နှစ်လုံး ရှိမယ်ဆိုတာ မွေးကတည်းက သတ်မှတ်ချက် ပါရှိပြီးသားပါ။ ဒါပေမယ့် အဲဒီဥ တွေက follicle လို့ ခေါ်တဲ့ အရာတွေထဲမှာ ရှင်သန်ကြီးထွား ရပါတယ်။ ပုံမှန်အားဖြင့် တစ်လကို follicle တစ်လုံးနှုန်း အရွယ်ရောက်ပြီး ဥတစ်လုံး ထုတ်လွှတ်ပါတယ်။ အမျိုးသမီးတွေ အသက်ရ လာတာနဲ့ အမျှ မျိုးဥအိတ် ထဲမှာရှိတဲ့ follicle အရေအတွက် ကလည်း ကျဆင်းသွားလေ့ ရှိပါတယ်။ အဲဒီ follicle အရေအတွက် ကျဆင်းသွားတဲ့ အခါ ကိုယ်ဝန် ရနိုင်ခြေလည်း နည်းသွားပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

အချို့ သော ကင်ဆာကုထုံး များက follicle ဆုံးရှုံးမှုကို မြန်ဆန်စေကြောင်း၊ ထိုအခါ အမျိုးသမီး၏ ကိုယ်ဝန်ရနိုင်ခြေ ကို ထိခိုက်စေကြောင်း၊ သို့ သော် ယင်းမျိုးဥအိတ်၊ Follicle နှင့် မျိုးဥ အရည်အသွေးကို အကျိုးပြုသော ကင်ဆာ ကုထုံးလည်း ရှိနေသည်ကို ယခု တွေ့ ရှိရခြင်း ဖြစ်ကြောင်း၊ ထို့ ကြောင့် အနာဂတ်တွင် အမျိုးသမီးများ၏ မျိုးဥ အရေအတွက် ထပ်တိုးလာအောင် လုပ်ဆောင် လာနိုင်ဖွယ် ရှိနေကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Monday, November 28, 2016

မြွေဆိပ်ဖြေဆေးကို ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ်နိုင်


မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးစက်ရုံ (အင်းစိန်)

ရန်ကုန် ၊ ၂၈-၁၁-၂၀၁၆

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်)၏ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စက်ရုံ၌ ယခုနှစ်အတွင်း မြွေဆိပ်ဖြေဆေး ကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

''ပြည်တွင်း လိုအပ်ချက်က နှစ်စဉ် မြွေဆိပ်ဖြေဆေး အလုံးရေ ၈ဝဝဝဝ လောက်လိုအပ် ပါတယ်။ ဒီနှစ်မှာတော့ အလုံးရေ တစ်သိန်း အထိ ထုတ်လုပ်နိုင်တယ်။ နီပေါနိုင်ငံက သူတို့ဆီမှာ မထုတ်လုပ် နိုင်သေးတဲ့ အတွက် ဝယ်ယူဖို့ ကမ်းလှမ်းထား ပါတယ်။ နိုင်ငံခြားကို တင်ပို့မယ်ဆိုရင် နှစ်ပိုင်းရှိ တယ်။ မြွေဆိပ်ဖြေဆေးကို အသင့်ထိုးနိုင်ဖို့ အလုံးလိုက် တင်ပို့မယ်ဆိုရင် ဟိုဘက်မှာ ရှိတဲ့ မြွေအမျိုးအစားချင်း၊ မျိုးစိတ်ချင်း တူချင်မှတူမယ်။ မတူရင် မြွေဆိပ်ဖြေဆေး က ထိုးလို့မရဘူး။ အဲဒီတော့ ယူချင်မှယူမယ်။ နောက်တစ်ခုက သူတို့ဘက်က သူတို့နိုင်ငံက မြွေအမျိုးအစား ရဲ့အဆိပ်ကို ထုတ်ပေးပြီး အဲဒီအဆိပ်နဲ့ ကျွန်တော်တို့ဆီက ဆေးဝါးစက်ရုံမှာ မြွေဆိပ်ဖြေဆေး ပြန်ထုတ်မယ်။ ဒါဆိုရင် အဲဒီ မြွေဆိပ်ဖြေ ဆေးကို သူတို့သုံး လို့ရမယ်'' ဟု စက်မှုဝန်ကြီး ဌာန မြန်မာ့ ဆေးဝါးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြွေဆိပ်ဖြေဆေး ကို မြင်း၏ သွေးရည်ကြည် မှတစ်ဆင့် ထုတ်လုပ်ခြင်း ဖြစ်၍ မြန်မာနိုင်ငံ၌ စီးပွားဖြစ် မြင်းမွေးမြူမှု နည်းပါးပြီး မြင်းလှည်းကျ မြင်းများသာ ရှိခြင်းကြောင့် မြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) အထိ ရှာဝယ် ရကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေးကို ၁၉၆၂ ခုနှစ် ကတည်းက ဘီပီအိုင် စက်ရုံမှ မြင်း သွေးရည်ကြည် ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလုံးရေ ထောင်ဂဏန်းခန့်သာ ထုတ်လုပ်နိုင်ကာ ယခုအခါ သိုးမှတစ်ဆင့် ထုတ်လုပ် နိုင်သည့် နည်းပညာ များလည်း ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Tuesday, August 9, 2016

နေပြည်တော်ရှိ တပ်မတော်ဆေးရုံ၌ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအား ပထမဆုံးအကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်



နေပြည်တော် ၊ ၉-၈-၂၀၁၆

နေပြည်တော်ရှိ တပ်မတော်ဆေးရုံ၌ ပထမဆုံးအကြိမ် ကျောက်ကပ် အစားထိုးခွဲစိတ် ကုသမှုကို ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့မှ အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့ဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသပေး နိုင်ခဲ့သည်။

အဆိုပါ ကျောက်ကပ် အစားထိုးခွဲစိတ် ကုသမှုကို နေပြည်တော် (တပ်ကုန်း)မှ ဒေါ်ချိုသဲ အတွက် လိုအပ်သော ကျောက်ကပ်ကို အစ်မဖြစ်သူ ဒေါ်ခင်ငြိမ်းဦး မှ ပေးလှူ ခွဲစိတ်ကုသ ခြင်းဖြစ်ပြီး နေပြည်တော်ရှိ တပ်မတော် ဆေးရုံ အနေဖြင့် ပထမဆုံးအကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အနေဖြင့် ကျောက်ကပ် အစားထိုးခွဲစိတ် ကုသခြင်းကို ၁၉၉၇ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ နိုင်ငံခြားသား ဆရာဝန်များနှင့် ပူးပေါင်းပြီး ကျောက်ကပ် ဝေဒနာရှင် ၂၅ ဦးကို မင်္ဂလာဒုံ တပ်မတော် ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပေး နိုင်ခဲ့သည်။ ထို့အတူ ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာမှ စ၍ ယနေ့အထိ နိုင်ငံခြားသား ဆရာဝန်များ မပါဘဲ တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့မှ အထူးကု ဆရာဝန်များ အဖွဲ့ဖြင့် ကျောက်ကပ် ဝေဒနာရှင် ၁၂၂ ဦးကို မင်္ဂလာဒုံရှိ တပ်မတော် ဆေးရုံ၌ လည်းကောင်း၊ ရှစ်ဦးကို ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံ၌ လည်းကောင်း အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ဆက်လက်ပြီး သြဂုတ် ၉ ရက်တွင်လည်း စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး မှ တပ်ကြပ်ကြီး ဆန်းညွန့် ၏ဇနီး ဒေါ်အေးအေးစန်း အတွက် အစ်မဖြစ်သူ ဒေါ်ချိုချိုစန်း မှ လှူဒါန်းသော ကျောက်ကပ် အစားထိုး ခွဲစိတ် ကုသခြင်း ကို ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Friday, February 26, 2016

အရေပြားဆဲလ်များကို အသုံးပြုပြီး ဦးနှောက်ကင်ဆာကို ကုသနိုင်တော့မည်



( ကောင်းထက် )

Glioblastomas ဆိုသည်မှာ ဦးနှောက် ကင်ဆာပုံစံ တစ်မျိုးဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်အတွင်း ယင်းကင်ဆာ ရောဂါ ခံစားရသူ ၇ဝ ရာခိုင်နှုန်းမှာ အသက် ရှင်သန်ခွင့် မရရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ဦးနှောက် ကင်ဆာရောဂါ သည် ဆေးပညာရှင်များ အတွက် ကုသရန် ခက်ခဲသော ရောဂါတစ်မျိုး ဖြစ်နေသော ကြောင့်ပင် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ သုတေသန ပညာရှင် များသည် အရေပြားဆဲလ် များကို ကင်ဆာဆဲလ် များအား ရှာဖွေတိုက်ဖျက် နိုင်သော ပင်မဆဲလ်များ အဖြစ် ပြောင်းလဲ နိုင်သည့် နည်းလမ်းကို တွေ့ရှိထားပြီ ဖြစ်ပြီး ယင်းနည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲ ထားသော ပင်မဆဲလ် များသည် ဦးနှောက် ကင်ဆာဆဲလ် များကို ရှာဖွေချေမှုန်း နိုင်စွမ်းရှိသည်။

ယခုကဲ့သို့ ကင်ဆာရောဂါ ကုသရာတွင် ဆဲလ်များကို တိုက်ရိုက် ပြန်လည် ပြုပြင်ခြင်း၊ နည်းပညာ အသုံးပြု နိုင်ခြင်းသည် နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည့် အပြင် ၂ဝ၁၂ ခုနှစ်က ဆေးပညာ နိုဘယ်လ် ဆု ရရှိခဲ့သည့် ပင်မဆဲလ် နည်းပညာကို တိုးတက် လုပ်ဆောင် ထားခြင်း ဖြစ်သည်။

သုတေသန ပညာရှင် များသည် အရေပြားဆဲလ်များ ဖြစ်ပေါ်စေသည့် ကိုလာဂျင်နှင့် တစ်သျှူးများကို အာရုံကြော ဆိုင်ရာ ပင်မဆဲလ် များအဖြစ် ပြောင်းလဲကာ ကြွက်များကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ယင်း အာရုံကြော ဆိုင်ရာ ပင်မဆဲလ် များသည် ကင်ဆာဆဲလ် များ တိုက်ဖျက်ရေး ပရိုတိန်းများကို ထုတ်လုပ်ပြီး ဦးနှောက် အတွင်းရှိ ကင်ဆာဆဲလ်များ အားလုံးကို အကြွင်းအကျန် ပင်မရှိရ လေအောင် သုတ်သင်နိုင်ခဲ့ သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် သုတေသန ပညာရှင် များသည် လူသားများတွင် ယင်းကဲ့သို့ ဆဲလ်များ အသုံးပြု၍ ကင်ဆာအကျိတ် များကို ချေမှုန်းနိုင်သည့် အာရုံကြော ဆိုင်ရာ ပင်မဆဲလ် များကို ဖန်တီးပြီး ပိုမို ထိရောက်သည့် ကင်ဆာ တိုက်ဖျက်ရေး ကုသမှု နည်းလမ်းများ ဖော်ထုတ် သွားရန် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ပြီး အဆိုပါ ဆဲလ်များ ခန္ဓာကိုယ် အတွင်း ရေရှည်တည်တံ့ နိုင်ရေးအတွက် နည်းလမ်း များကိုလည်း ရှာဖွေသွားမည် ဖြစ်ကြောင်း ဆေးပညာ သိပ္ပံ၏ ဖွံ့ဖြိုး တိုးတက်မှု သတင်းကောင်း အား ရေးသား တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၁)

Friday, February 19, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ


(၂၃)ကြိမ်မြောက် တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ ကျင်းပစဉ်

နေပြည်တော် ၊ ၁၉-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ကို ရန်ကုန် တိုင်း ဒေသ ကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅ဝဝ)ရှိ ဆင်ဖြူရှင်ခန်းမ ၌ ယမန်နေ့ နံနက် ၈ နာရီတွင် ဆက်လက် ကျင်းပပြုလုပ်ရာ Symposium အဖြစ် Value, Place and Effectiveness of Implementing Research Culture in Undergraduate Curriculum in DSMA တစ်ခု ၊ Nursing Professional Standards in Myanmar: A Military Perspective တစ်ခု ၊ Current Trends in Management of Primary Glaucoma တစ်ခု ၊ Development of Primary Trauma Care in Myanmar Military Services တစ်ခု ၊ Special Talk နှစ်ခု ၊ Clinico -Pathological Conference တစ်ခုနှင့် Building Shared Vision in Military Medicine "Cancer Care Continuum: Shared Care" တစ်ခု တို့အားဆွေးနွေး ခဲ့ကြသည်။

ထို့ပြင် ဆေးပညာဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ ဆေးပညာ သင်ကြားရေး ဆိုင်ရာ သုတေသန စာတမ်းတစ်စောင်၊ ရောဂါဗေဒ ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ နား၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ သုတေသန စာတမ်းတစ်စောင်၊ သားဖွားမီးယပ် ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ ခန္ဓာဗေဒဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ မှုခင်းဆေး ပညာရပ်ဆိုင်ရာ သုတေသန စာတမ်း နှစ်စောင်၊ စာတမ်း စုစုပေါင်း ၁၆ စောင် ဖတ်ကြားတင်သွင်း ခဲ့ပြီး တက်ရောက် လာသူများမှ သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီ တို့က ရှင်းလင်း ဖြေကြား ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။(၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Thursday, February 18, 2016

အဆင့်မြှင့်ထားသည့် T-cells များဖြင့် သွေးကင်ဆာကို ပျောက်ကင်းအောင် ကုသနိုင်



ကောင်းထက်

စိုးရိမ်ဖွယ်ရာ သွေးကင်ဆာ ရောဂါ သို့မဟုတ် သွေးဖြူဥကင်ဆာ (Acute Lymphoblastic Leukemia - ALL) ကုသရေး အတွက် စမ်းသပ်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး ယင်း နည်းလမ်းဖြင့် ကုသပေးခဲ့ရာ သွေးကင်ဆာ ဝေဒနာရှင် ၉၄ ရာခိုင်နှုန်းမှာ ရောဂါသက်သာ ပျောက်ကင်းသွား သည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ထုတ်ပြန်ထားသည်။

ယေဘုယျ အားဖြင့် အသက် ၂၅ နှစ်မှ ၆၄ နှစ်အကြားရှိ ALL ရောဂါဝေဒနာရှင် ၄ဝ ရာခိုင်နှုန်း သာလျှင် ငါးနှစ်ခန့် ဆက်လက် အသက်ရှင် နိုင်ဖွယ်ရှိပြီး အသက် ၆၅ နှစ် နှင့် အထက်ဆိုပါက အသက်ရှင်သန် နိုင်သည့် ပမာဏမှာ ၁၅ ရာခိုင်နှုန်း အထိ လျော့ကျ သွားသည်။

ယခု အမေရိကန် Fred Hutchinson ကင်ဆာ သုတေသန ဌာနမှ သိပ္ပံပညာရှင်များ တွေ့ရှိ ထားသည့် သွေးကင်ဆာ ကုသရေး နည်းလမ်းသစ် သည် လူများတွင် သဘာဝ ကိုယ်ခံစွမ်းအား စနစ်အတွက် အဓိက အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည့် T-cells များကို မျိုးရိုးဗီဇ အဆင့်မြှင့်တင် မှုများ ပြုလုပ်ကာ လူနာ၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ထည့်သွင်း ပေးခြင်း ဖြစ်သည်။

အဆိုပါဆဲလ် များသည် သာမန်အားဖြင့် လူ့ခန္ဓာကိုယ်တွင် ဗက်တီးရီးယား ပိုးများအား ရှာဖွေ သတ်ဖြတ်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော် ယင်း T-cells များကို မျိုးရိုးဗီဇ အဆင့်မြှင့်တင် လိုက်ပါက ၄င်းတို့သည် ကင်ဆာဆဲလ် များကို ရန်သူအဖြစ် သတ်မှတ်ပြီး ရှာဖွေချေမှုန်းခြင်း တို့ကို လုပ်ဆောင်ခြင်း ဖြစ်သည်။

ထို့ပြင် T-cells များသည် ခန္ဓာကိုယ်အတွင်း နှစ်ရှည်လများ စွာကြာ တည်ရှိပြီး ကင်ဆာဆဲလ်များ ပြန်လည် ဝင်ရောက်ခြင်း မရှိစေရန် ခုခံကာကွယ် နိုင်သည့်အတွက် ကင်ဆာရောဂါ ကုသရေးတွင် လက်ရှိ အသုံးပြုလျက် ရှိသည့် ဓာတုကုထုံးနှင့် ရေဒီယို သတ္တိကြွ ကုထုံးများနေရာတွင် ယခုကုသမှုက အစားထိုး နေရာယူလာမည် ဖြစ်သည်။

ပညာရှင်များက ယင်းကုသမှုကို သွေးကင်ဆာ ဝေဒနာရှင်များ အတွက် ကိုယ်ခံအား ထည့်သွင်းပေးခြင်း ကုထုံးဟု အမည်ပေး နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၂)

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ


(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ကျင်းပစဉ်

နေပြည်တော် ၊ ၁၈-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ကို ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) ရှိ ဆင်ဖြူရှင် ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲတွင် ဆက်လက် ကျင်းပရာ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ တပ်မှူးများ၊ တပ်ရင်းမှူး များ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဖိတ်ကြား ထားသူများ၊ စိတ်ပါဝင်စား သူများ တက်ရောက်ကြပြီး ယမန်နေ့တွင် Major Symposium အဖြစ် Current Practice in Breast Imaging တစ်ခု၊ Clinical Session တစ်ခု Symposium အဖြစ် Comprehensive Care of Diabetes Mellitus တစ်ခု၊ Life with Caries Free Teeth တစ်ခုနှင့် Alcohol, Alcohol  Related Diseases and Alcohol Addiction တစ်ခုတို့အား ဆွေးနွေး ကျင်းပပြုလုပ် ခဲ့သည်။

ထို့ပြင် အဏုဇီဝဗေဒ ဆိုင်ရာ သုတေသန စာတမ်းငါးစောင်၊ ခွဲစိတ်ကုသမှု ဆိုင်ရာ သုတေသန စာတမ်းငါးစောင်၊ သူနာပြုစုမှု ဆိုင်ရာ သုတေသန စာတမ်း ခြောက်စောင်၊ ပြန်လည် သန်စွမ်းမှု ဘာသာရပ် ဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ အရိုးရောဂါ ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ ဆေးဝါးဗေဒ ဆိုင်ရာ သုတေသန စာတမ်းငါးစောင် တို့ ပါဝင်ဖတ်ကြား တင်သွင်းခဲ့ရာ စာတမ်း စုစုပေါင်း ၂၆ စောင် ဖတ်ကြား တင်သွင်းပြီး တက်ရောက် လာသူများမှ သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီတို့က ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Wednesday, February 17, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ပြခန်းအတွင်း ခင်းကျင်းပြသထားသော ဆေးနှင့် ဆေးပစ္စည်းများကို လှည့်လည်ကြည့်ရှုစဉ်

နေပြည်တော် ၊ ၁၇-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ရှိ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး၌ ကျင်းပ ပြုလုပ်ရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ တပ်ရင်း/ တပ်ဖွဲ့မှူးများ နှင့်ပါရဂူများ၊ နိုင်ငံတကာ မှ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာန မှ ဖိတ်ကြား ထားသူများနှင့် စိတ်ပါ ဝင်စားသူ များ တက်ရောက် ကြသည်။

ဦးစွာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာကြ သူများသည် ခန်းမအတွင်း ပြသထားသော ဆေးပညာရပ် ဆိုင်ရာ သုတေသန ပိုစတာများနှင့် ပြခန်းတွင် ခင်းကျင်းပြသ ထားသော ဆေးနှင့် ဆေးပစ္စည်း များအား လှည့်လည် ကြည့်ရှု ကြသည်။

ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ရာ ဗိုလ်ချုပ် စိုးဝင်း က အဖွင့် အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက် သုတေသန စာတမ်းများ ဖတ်ကြားခြင်း နှင့် ဘာသာရပ် ဆိုင်ရာ ဟောပြောမှု များကို ဆက်လက် ပြုလုပ်ကြသည်။

အဆိုပါ နှီးနှောဖလှယ် ပွဲတွင် သုတေသန စာတမ်းပေါင်း ၄၆ စောင်၊ သုတေသန ပိုစတာပေါင်း ၅၃ စောင်၊ Symposium ၁၃ ခု၊ Clinico-Pathological Conference တစ်ခု၊ Clinical Session တစ်ခု၊ Special Talks လေးခု၊ Debate တစ်ခုနှင့် Building Shared Vision in Military Medicine တစ်ခုတို့အား ဖေဖော်ဝါရီ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Tuesday, February 16, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



နေပြည်တော် ၊ ၁၆-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံ ဆွေးနွေးပွဲ (PRE-Conference Workshop) ကို ယမန်နေ့ နံနက် ၉ နာရီတွင် မင်္ဂလာဒုံမြို့နယ် ရှိ တပ်မတော် ဆေးတက္ကသိုလ် စာပေဆောင်၌ ကျင်းပရာ တပ်မတော် ဆေးတက္ကသိုလ် မှ ဆေးပညာ သင်ကြားရေး ကော်မတီ နာယက ပါမောက္ခ ဒေါက်တာ ဒေါ်မာလာသန်း နှင့် ဌာနမှူးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် တပ်မတော် ဆေးတက္ကသိုလ်မှ ဆေးပညာ သင်ကြားရေး ကော်မတီ နာယက ပါမောက္ခ ဒေါက်တာ ဒေါ်မာလာသန်း က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာသူများမှ ဆေးပညာ သင်ကြားရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး နှင့် နိုင်ငံတကာ အဆင့် အရည်အသွေး ပြည့်မီရေး ဆိုင်ရာများကို အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Wednesday, February 10, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်


နေပြည်တော် ၊ ၁၀-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင် ၅ဝဝ)၊ ဆင်ဖြူရှင်ခန်းမ ၌ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် သုတေသန စာတမ်း ၄၆ စောင်၊ သုတေသန လုပ်ဆောင်ချက် ပိုစတာ ၄၄ ခု၊ Symposium ၁၃ ခု၊ Clinicopathological Conference တစ်ခု၊ Clinical Session တစ်ခု၊ Special Talks လေးခု၊ Building Shared Vision Military Medicine တစ်ခု၊ Debate တစ်ခုတို့ကို ပြည်တွင်း/ပြည်ပမှ သုတေသီများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ သုတေသီများနှင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူ/ဆေးမှူး၊ သူနာပြု အရာရှိများ က ဖတ်ကြားတင်သွင်း ဆွေးနွေးကြမည် ဖြစ်ပါသည်။

ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လိုပါက တပ်မတော် ဆေးတက္ကသိုလ်၊ စာပေဌာန ဖုန်း ဝ၃၁-၃၅ဝ၆၂ ၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး (ခုတင် ၁ဝဝဝ) ဖုန်း ဝ၃၁- ၃၅၂၄၇ ၊ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၁ဝဝဝ) ဖုန်း ဝ၃၆- ၅၁ဝဝဝ ၊ အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင် ၅ဝဝ) ဖုန်း ဝ၃၁- ၃၁၂၇၇ နှင့် တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင် ၅ဝဝ) ဖုန်း ဝ၃၁- ၃၅၂၇ဝ တို့တွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်ထိ မှတ်ပုံတင်စာရင်း ပေးသွင်းနိုင်ကြောင်း အသိပေးအပ် ပါသည်။

နှီးနှောဖလှယ်ပွဲသို့ ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စိတ်ပါဝင်စား သူများလည်း တက်ရောက် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၉)

Thursday, February 4, 2016

မြန်မာနိုင်ငံ၌ ဦးနှောက်သွေးကြော ရောဂါကို ခွဲစိတ်ရန်မလိုဘဲ ကုသပေးနိုင်ပြီ



ရန်ကုန် ၊ ၄-၂-၂၀၁၆

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာန နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Japan International Medical Cooperation Organization - JIMCO)တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဦးနှောက်သွေးကြော ရောဂါများကို ခွဲစိတ် စရာမလိုဘဲ မြန်မာနိုင်ငံ၌ ပထမဆုံး ကုသပေးနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ဂျပန်နိုင်ငံ JIMCO အဖွဲ့က ပါမောက္ခ ဒေါက်တာ ဟာရာကာဝါ ဦးဆောင်တဲ့ အဖွဲ့နဲ့ မြန်မာနိုင်ငံက ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆရာဝန်တွေ ပူးပေါင်းပြီး ဦးနှောက်အတွင်းက မည်သည့် သွေးကြောကိုမဆို ခွဲစိတ်စရာ မလိုဘဲ ပေါင်မှာရှိတဲ့ သွေးကြောကတစ်ဆင့် ပိုက်သွင်းကုသတဲ့ နည်းနဲ့ ကုသ ပေးနိုင်ခဲ့ပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ပထမဆုံးကုသတဲ့ နည်းဖြစ်ပါတယ်'' ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာန မှ ဒေါက်တာ အောင်သူစိုးမြင့် က ပြောသည်။

ယင်းကုထုံးကို NEUROE DOVASCULRA THERAPY ဟုခေါ်ပြီး ဦးနှောက် အတွင်း သွေးကြောဆိုင်ရာ ရောဂါ ခံစား နေရသူများကို ခွဲစိတ်စရာမလိုဘဲ ဝေဒနာ သက်သာ ပျောက် ကင်းစေရန် ကုသနိုင်သော ကုထုံးဖြစ်သည်။

''ကျွန်မတို့ JIMCO အနေနဲ့ မြန်မာနိုင်ငံမှာ Training Centre ဖွင့်လှစ်ပြီး ဒီကုထုံး နည်းပညာကို လက်ဆင့်ကမ်း ပို့ချနိုင်အောင် စီစဉ်နေပါတယ်။ ပုဂ္ဂလိက ဆေးရုံ တွေမှာလည်း ကုသနိုင်မယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။

အရေးတကြီး ဆေးဝါး ကုသပေးရမယ့် အခြေအနေ ရောက်ရှိနေတဲ့ လူနာတွေ အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကုသပေးဖို့ စီစဉ်ထားပါတယ်'' ဟု ဂျပန် အပြည်ပြည် ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အထွေထွေ အတွင်းရေးမှူး တိုရှီကိုတာကာဟာရှိ က ပြောသည်။

အဆိုပါ ကုသနည်းဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာန၌ ယမန်နှစ်က လူနာလေးဦး အား ကုသပေး နိုင်ခဲ့ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, January 28, 2016

ဆေးဝါးစက်ရုံ(အင်းစိန်) ရှိ အဆင့်မြင့်မြွေဆိပ်ဖြေဆေး စက်ရုံသစ်ကြီး မှဆေးပုလင်း အလုံးပေါင်းတစ်သိန်းကျော် ထုတ်လုပ် နိုင်တော့မည်



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်) ဝင်း၌ အသစ်တည်ဆောက် ပြီးစီးတော့မည့် အဆင့်မြင့် မြွေဆိပ်ဖြေဆေး စက်ရုံသစ်ကြီး သည် ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးလာပြီ ဖြစ်ရာ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ တစ်နှစ်လျှင် မြွေဆိပ်ဖြေ ဆေးပုလင်း အလုံးရေ တစ်သိန်းကျော် ထုတ်လုပ်ပေး သွားမည် ဖြစ်ကြောင်း စက်ရုံမှူး/ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင် က ပြောသည်။

''၂ဝ၁၁-၂ဝ၁၂ ခုနှစ်မှာ မြွေဆိပ်ဖြေဆေး ပုလင်းအလုံး ၁၂ဝဝဝ သာ ထုတ်လုပ် နိုင်ခဲ့တယ်။ အခုဒီစက်ရုံ သစ်ကြီး ပြီးစီးရင်တော့ ဆေးပုလင်း အလုံးရေ တစ်သိန်းကျော် ထုတ်လုပ်ပေး နိုင်တော့မှာပါ။ ဒီဆေးက စက်စွမ်းအားနဲ့ ထုတ်လုပ်လို့ မရပါဘူး။ မြင်းတွေ၊ လားတွေ၊ သိုးတွေ ရဲ့သွေးရည်ကြည် ကနေ BIO နည်းနဲ့ အဆင့်ဆင့် ထုတ်လုပ်ရတာ ဖြစ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုးချဲ့မွေးမြူ နေပါတယ်'' ဟုဆက်လက် ပြောသည်။

ယခုအခါတွင်  မြွေဆိပ်ဖြေဆေး စက်ရုံအပါအဝင် အခြားဆေးဝါး ထုတ်လုပ်ရေး စက်ရုံများကို ဧက ၈ဝ ကျယ်ဝန်းသော ရန်ကုန်မြို့ အင်းစိန် ဆေးဝါးလုပ်ငန်း စက်ရုံဝင်း အတွင်း၌ တည်ဆောက်ေ နခြင်း ဖြစ်သည်။

စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ ကုမ္ပဏီအသီးသီးမှ ကဏ္ဍအလိုက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း စီမံကိန်းစတင် ခဲ့ပြီး ယခုအခါ မြွေဆိပ်ဖြေဆေး စက်ရုံမှာ တည်ဆောက်ရေး လုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်၍ ဖေဖော်ဝါရီလတွင် မြွေဆိပ်ဖြေဆေးများ စတင်ထုတ်လုပ် လည်ပတ်သွားမည် ဖြစ်ကြောင်းသိရသည်။ စက်ရုံအတွက် လိုအပ်သော မြင်း၊ လား၊ သိုး တိရစ္ဆာ န် များ၏ သွေးရည်များ ရယူနိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်ရှိ မြင်း၊ သိုး မွေးမြူရေး စခန်းမှ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးရှိ မြင်းနှင့် လား မွေးမြူရေး စခန်းမှ လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ် ရန်ပယ်မြင်း၊ သိုး မွေးမြူရေး စခန်းမှ လည်းကောင်း လိုအပ်သော BIO Product သွေးရည်များအား ထုတ်ယူကာ  အဆင့်ဆင့် ထုတ်လုပ်ရယူရေး အတွက် မွေးမြူလျက် ရှိကြောင်း သိရသည်။

ထို့ပြင် စက်ရုံဝင်း အတွင်း၌ မြွေပွေး၊ မြွေဟောက်နှင့် အခြား မြွေအမျိုးမျိုး တို့အား သဘာဝ အတိုင်း မွေးမြူထားရှိ နိုင်စေရန် မြွေခြံကို တည်ဆောက် နေပြီဖြစ်ရာ မကြာမီ ပြီးစီးတော့မည် ဖြစ်သည်။ အဆိုပါ မြွေခြံသို့ ဆေးတက္ကသိုလ် ကျောင်းသားများ၊ ဆေးဝါးဆိုင်ရာ ပညာသင်ကြား နေသူများ လာရောက်လေ့လာ နိုင်မည်ဖြစ်သည်။ အလားတူ ယခု တည်ဆောက်လျက် ရှိသော ဆေးပြားတောင့် စက်ရုံ အဆောက်အဦနှင့် ပဋိဇီဝဆေးဝါး ထုတ်လုပ်ရေး စက်ရုံတို့ကို မတ်လကုန်တွင် အပြီး တည်ဆောက်ကာ ၂ဝ၁၇ ခုနှစ် ဧပြီလတွင် ဆေးများစတင် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း စက်ရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ်

Monday, September 14, 2015

ပိန်ဆေးမသုံးခင်


ပိန်ဆေးမသုံးခင်

ဒေါက်တာ အေးမင်းထူး

ပိန်ဆေးဆိုတာ ဈေးကွက်ထဲမှာ အမျိုးမျိုး ရှိကြတယ်။ ပိန်ဆေး သုံးတဲ့အခါ သေချာရွေးချယ် သုံးစွဲတတ်ဖို့လဲ လိုအပ်ပါတယ်။ အဆီဓာတ် ချပေးတဲ့ ပိန်ဆေးလား။ ကစီဓာတ် ချပေးတဲ့ ပိန်ဆေးလား။ ဒါမှမဟုတ် အမျှင်ဓာတ် ပါဝင်တဲ့ ဝမ်းသွားစေတဲ့ ပိန်ဆေးမျိုးလား။ ဒါသိရုံနဲ့တင် မပြီးသေးဘူး။ ပါဝင်တဲ့ ဆေးအမျိုးအစား၊ ဆေးပမာဏ သိဖို့လဲ လိုအပ်တယ်။ အရေးကြီးဆုံးက ဘေးထွက်ဆိုးကျိုး ဘာတွေ ဖြစ်နိုင်လဲ ဆိုတာပဲ။

မြင်တာ ပြောရရင် အများစုဟာ ပိန်ဆေးဆိုတာ လောက်သာ သိကြတယ်။ အာနိသင် ဘယ်လိုရှိလဲ။ ဘယ်နေရာ တွေမှာ အသုံးပြုရမလဲ။ ဆေးပမာဏ ဘယ်လောက်ထိ သုံးစွဲသင့်လဲ မသိသူသာ များကြတယ်။ သူများ ကောင်းတယ် ပြောလို့ လိုက်သောက်ကြ သူက ထက်ဝက်ကျော် လောက်ရှိတယ်။ ဆေးဆိုင် ညွှန်းလိုက်တာပါ ထည့်တွက်ရင် ရာခိုင်နှုန်းက ပိုများသွားမယ်။ ဆေးကြော်ငြာ တွေကလဲ ကောင်းလိုက်တာ ကလား။ ဆေးက ဘယ်နှရက်အတွင်း ဘယ်လိုကျသွား စေရမယ်။ အစာရှောင်စရာ မလိုဘူး ဆိုတာက ပါသေးတယ်။ ဒီနေရာမှာ ပိန်ချင်သူတွေ သိရှိရမယ့် အရေးကြီး အချက်နှစ်ချက်ကို ဖော်ပြပါမယ်။
  • ၁။ အလေးချိန် ရုတ်တရက် ကျဆင်းတာဟာ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဥပမာ- ရက်သတ္တပတ် အတွင်း ၁ဝ ပေါင်လောက် ကျဆင်းသွားရင် မကောင်းတော့ဘူး။ လူကို တစ်ခုခု ထိခိုက်နိုင်တယ် ဆိုတာ သတိပြုပါ။
  • ၂။ အစားအသောက် မလျှော့ဘဲ ပိန်တဲ့ဆေး မရှိပါဘူး။ အစားအသောက် အပြင် လေ့ကျင့်ခန်းပါ လိုက်လုပ်နိုင်မှ အမှန်တကယ် ဝိတ်ကျပါတယ်။
ဝိတ်ချချင်သူ တွေရဲ့ အဓိက အားနည်းချက်က အယုံလွယ်တာ ပါပဲ။ ကောင်းတဲ့ အချက်တွေ ရှိသလို မကောင်းတဲ့ အချက်လဲ မနည်းလှပါဘူး။ ကြော်ငြာလေးတွေ ကောင်းရင် သိပ်သုံးကြည့် ချင်တာပဲ။ ဒါပေမဲ့ ကိုယ်တင် သူတင်မဟုတ်။ တခြားနိုင်ငံ တွေမှာလဲ အလားတူပါပဲ။ ဒါကြောင့် ကြော်ငြာတွေ အပြိုင်အဆိုင် လုပ်ကြတာပေါ့။ ပိန်ဆေးသုံးတဲ့ အခါ ကိုယ်နဲ့တည့်တာ ရှိသလို မတည့် တာတွေလဲ အများကြီးပါပဲ။ တချို့ပိန်ဆေး တွေဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးထိ ရှိတယ်။ ဥပမာ- နှလုံးရောဂါနဲ့ ကင်ဆာလို ရောဂါမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဆေးဝါး တွေကို အမေရိကန် FDA က တရားဝင် ပိတ်ပင် လိုက်ပေမယ့် ဆက်လက် သုံးစွဲသူက သုံးစွဲနေကြဆဲ ပါပဲ။ မရှိတာထက် မသိတာက ခက်တယ်။ ကိုယ့်လူမျိုး ထုံးစံက ဒီဆေးနဲ့တည့်ရင် တခြားတစ်ယောက် ကိုပါ ဆေးသောက်ဖို့၊ သုံးစွဲဖို့ ညွှန်တတ်ကြ သေးတယ်။ ဘာကြောင့် သုံးမှန်း သေချာမသိကြ ပါဘူး။ ပိန်ဆေးသုံးပြီး ဆေးမတည့်ဘဲ ရောက်လာတဲ့ လူနာတွေလဲ ရှိပါတယ်။ ပိန်ချင်တာတော့ ဟုတ်ပါတယ်။ ဆေးသောက်ရုံ သောက်ပြီး အစားအသောက်၊ အနေအထိုင် မဆင်ခြင် နိုင်ရင်လဲ အဆင်မပြေ ပြန်ဘူး။

ဆေးကုမ္ပဏီ အများစုဟာ Psycho သဘောတရားကို နားလည်တယ်။ ကောင်းကောင်း အသုံးချတတ်တယ် ပြောရမယ်။ ပိန်ဆေးဆိုတဲ့ ခေါင်းစဉ် အောက်မှာကိုပဲ နာမည်အမျိုးမျိုး တပ်ကြတယ်။ Dietary Supplement
ဆိုတာမျိုး၊ Herbal ဖြစ်လို့ ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုတာမျိုး၊ စားချင်တာစား ဝိတ်ကျဖို့ တာဝန်ထား ဆိုတာမျိုး တွေထိ မြူဆွယ် တတ်ကြတယ်။ ဘေးထွက်ဆိုးကျိုး မရှိရင် သုံးစွဲဖို့ ဝန်မလေး ကြတာ အများစုပါ။ ကံကောင်းရင် ဝိတ်ကျမယ်။ ကံမကောင်းလဲ အကျိုးမယုတ် နိုင်ပါဘူး အထင်နဲ့ ခပ်ပျော်ပျော်ကြီး သုံးစွဲကြတယ်။ ဒီထဲမှာ ပိုကံကောင်း တာက ဆေးကုမ္ပဏီ တွေပါပဲ။ နှစ်စဉ် ဒေါ်လာဘီလီယံ နဲ့ချီပြီး ဝင်နေကြတယ်။ တချို့ကုမ္ပဏီ တွေက Herbal ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တားမြစ်ထားတဲ့ ပိန်ဆေးတချို့ ထည့်မှန်းမသိ ထည့်ကြတယ်။ နောက်ဆုံးကျတော့ အလွယ်ကြိုက် တတ်တဲ့ သုံးစွဲသူတွေသာ အချိန်ကုန်၊ ငွေကုန်ဖြစ်ပြီး ဝိတ်ကမကျ စိတ်ညစ်ရတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာ လေ့လာကြည့်တော့ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ Over Weight ပုံမှန်ထက် ဝိတ်များသူ၊ ဝသူတွေ ဖြစ်ကြတယ်။ အနည်းဆုံး BMI 25 အထက်မှာ ရှိကြတယ်။ ပိန်ဖို့ ငွေဘယ်လောက် ကုန်ကုန် ဆိုတာမျိုးတွေလဲ မနည်းဘူး။ လွယ်လွယ်ကူကူ ပိန်ဖို့ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး၊ ကပ်ခွာဆေး၊ ချက်ကပ်တဲ့ဆေး စသည်ဖြင့် နည်းမျိုးစုံ သုံးကြတယ်။ ဒါဟာ ဆေးကုမ္ပဏီတွေ အတွက်တော့ အခွင့်ကောင်းပဲ။ ဆေးမျိုးစုံ မရိုးရအောင် ထုတ်ပြီး ကြော်ငြာ အမျိုးမျိုးနဲ့ မြှင့်တင်ရေး လုပ်တယ်။ သုံးစွဲသူတွေ ကလဲ တာဝန်ကျေ ပါတယ်။ ကြော်ငြာလေး ကောင်းတဲ့ဆေးဆို ဝယ်သုံးကြည့် လိုက်တာပဲ။ မကောင်းပြန်ရင် နောက်ဆေး ပြောင်းသောက် တာပေါ့။ နောက်ဆုံး တွက်လိုက်တော့ ဒုံရင်းက ဒုံရင်းပါပဲ။

တကယ်တော့ ကိုယ်တိုင် ဝိတ်ကျဖို့မကြိုးစားပဲ ဆေးချည်း အားကိုးနေလို့ ဒီလိုတွေ ဖြစ်နေတာပါ။ ဆေးသဘောက ကူညီရုံသာ တတ်နိုင်တယ်။ ပိန်ဆေးတိုင်းမှာ အစားရှောင်ဖို့၊ လေ့ကျင့်ခန်း လုပ်ဖို့ရေးထား ပါတယ်။ပိန်ဖို့အတွက် သေချာ ဆေးသောက်၊ အစီအစဉ် သေချာချပြီး စနစ်တကျ လုပ်ဆောင်ရင် သေချာပေါက် ပိန်ပါတယ်။

ဝိတ်ချဖို့အရေးကြီးဆုံးအချက်(၂)ချက်
  • ၁။ ခံယူချက်- ပိန်ရမယ်၊ ဝိတ်ကျကို ကျရမယ်ဆိုတဲ့ သန္နိဋ္ဌာန်မျိုး လုံးဝချမှတ်ရမယ်။
  • ၂။ လုပ်ဆောင်ချက်- ခံယူချက်အတိုင်း လိုက်လံ လုပ်ဆောင်နိုင်မှ အမှန်တကယ် အလုပ်ဖြစ် ပါတယ်။ ပင်ပန်းဆင်းရဲ ခံနိုင်ရမယ်။ ချုပ်တည်း နိုင်စွမ်းလဲ ရှိရမယ်။ အစားအသောက်၊ အနေအထိုင် ဆင်းရဲ နိုင်သလို လေ့ကျင့်ခန်းပါ 
ပူးတွဲ လုပ်ဆောင်နိုင်မှ အကျိုးရှိ ပါလိမ့်မယ်။ သူများ ဝိတ်ကျသူ တွေကိုကြည့်ပြီး အားကျရုံနဲ့ မပြီးဘူး။ ကိုယ်တိုင်ပါဝင် လုပ်ဆောင်နိုင်မှ အကျိုးရှိတယ်။

မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်(၂)ချက်
  • ၁။ အစားအသောက် လုံးဝဆင်ခြင်ရမယ်။ အထူးသဖြင့် အဆီအအိမ့်တွေ။
  • ၂။ လေ့ကျင့်ခန်းကို တစ်ဆင့်ချင်း ပိုမိုလုပ်ဆောင် ရမယ်။ လှုပ်ရှားမှု မရှိခဲ့တဲ့ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပေါ့ပါးလာစေဖို့ စတင် လုပ်ဆောင်ပါ။ တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အတွေ့အကြုံအရ ပြောရရင် အစားအသောက် မှာ ပြဿနာ မရှိပေမယ့် လေ့ကျင့်ခန်း လုပ်တဲ့အခါ သာမန်ကာ လျှံကာ လောက်သာ လုပ်တဲ့သူက များတယ်။ ဒီအနေအထားမှာ အထက်မှာ ပြောခဲ့သလို ခံယူချက်ပိုင်းက အရေးပါ လာပြီ။ ပင်ပန်းဆင်းရဲ ခံနိုင်ရမယ် ဆိုတဲ့ ခံယူချက်၊ သန္နိဋ္ဌာန် မခိုင်မာတဲ့ အခါ ဒီအပိုင်းမှာ အားနည်းပြီး ပိန်ဖို့ ရာခိုင်နှုန်းဟာ အားနည်း သွားတယ်။

ပုံမှန်အားဖြင့် ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားဖို့ တစ်ခုတည်း နည်းလမ်းက လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်တာပဲ ရှိပါတယ်။ အဲလို လုပ်ဆောင် နိုင်မှသာ အဆီပျဉ်တွေ လှုပ်ရှားတာက တစ်ဆင့် ပြိုကွဲပြီး အပြင်ထွက်နိုင် မှာလေ။ ဒီ အရေးကြီးဆုံး အစိတ် အပိုင်းကို စိတ်ဓာတ် ခွန်အားနဲ့ ကောင်းကောင်း ကျော်ဖြတ်နိုင်ပြီ ဆိုရင် ပိန်ဖို့ထက်ဝက် ကျော်လောက် သေချာပြီလို့ ပြောနိုင် ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ညှာတာဖို့ လုံးဝ မစဉ်းစားပါနဲ့။

ဒုတိယ အရေးကြီးတဲ့ အချက်က စားတဲ့အခါ ကိုယ် ပင်ပင်ပန်းပန်း လုပ်ရတာကို အောက်မေ့ပြီး တတ်နိုင် သလောက် လျှော့စား ပေးရမယ်။ လိုအပ် သလောက်သာ ချင့်ချိန်ပြီး စားပါ။ ပိုလျှံအောင်တော့ ဘယ်တော့မှ မစားပါနဲ့။ စွမ်းအင် လိုအပ်တဲ့အခါ ခန္ဓာကိုယ်တွင်း သိမ်းဆည်း ထားတဲ့ အဆီပျဉ်က လိုအပ် သလောက်ထုတ်ပေး လိမ့်မယ်။ ဒီလိုနဲ့ အဆီပျဉ်ဟာ လုံးပါးပါးပြီး တဖြည်းဖြည်း ဝိတ်ကျလာတယ်။ အထူး သတိပြုရမဲ့ အချက်က အစားအသောက် အလွန်အကျွံ ရှောင်ဖို့ မလိုအပ်ဘူး။ ဗိုက်ပြည့်လွယ်တဲ့ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေ ပြောင်းလဲစားသုံး ပေးရမယ်။ ဗိုက်တင်းအောင်ထိ မစားပါနဲ့။ ဗိုက်ပြည့်ရုံသာ စားပါလေ။ မနက်စာနဲ့ နေ့လယ်စာ စားပြီး ညစာ ရှောင်တာလဲ ကောင်းတဲ့ အကျင့်ပဲ။ အဆီပိုတွေ တက်မလာအောင် ကာကွယ် ပေးနိုင်တယ်။ပိန်ဆေးအမျိုးအစား တွေကို ယေဘုယျလောက် သိအောင်ကြိုးစား သင့်တယ်။

၁။ ကစီဓာတ်ကျစေတဲ့ ပိန်ဆေး - အူလမ်းကြောင်းက ကစီဓာတ်တွေ မစုပ်ယူနိုင်အောင် တားမြစ်တဲ့ သဘော ဖြစ်ပါတယ်။ အစာခြေ လမ်းကြောင်းက Enzyme ဓာတ်တစ်မျိုးကို တားဆီးပေးတယ်။ ဥပမာ - Lobese လို ဆေးမျိုးဟာ ဆန်၊ ဂျုံ၊ ပြောင်း အစားများသူ တွေနဲ့ သင့်တော်တယ်။

၂။ အဆီဓာတ်ကျစေမယ့် ပိန်ဆေး - အူလမ်းကြောင်းမှာ ရှိတဲ့ အဆီဓာတ် ချေဖျက်ပေးတဲ့ Enzyme ကို တားမြစ် ပေးတယ်။ အဆီဓာတ်ကို မစုပ်ယူနိုင်လို့ တဖြည်းဖြည်း ဝိတ်ကျဆင်း စေတယ်။ ဈေးကွက်မှာ Zytrim ၊ Xanical ၊ Obelit နာမည်တွေနဲ့ ရနိုင်တယ်။ FDA က အသိမှတ်ပြု ထားတဲ့ ပိန်ဆေးမျိုး ဖြစ်ပါတယ်။ အဆီ၊ အအိမ့်၊ အသား အစားများ သူတွေ သောက်သုံးနိုင်တယ်။

၃။ အစာစားချင်စိတ် တားဆီးတဲ့ဆေး - ဦးနှောက်ထဲမှာ ရှိတဲ့ အစာစား ချင်စိတ်ကို ထိန်းသိမ်း ပြောင်းလဲ ပစ်တယ်။ ရင်ပြည့်နေသလို ခံစားရတယ်။ ဈေးကွက်မှာ အသုံးများတဲ့ Slimmax 10 ဟာ ဒီလိုဆေးမျိုး ဖြစ်ပါတယ်။ နှလုံးပုပ်တာ၊ လေဖြတ်တာ စတဲ့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုး တွေကြောင့် ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းက စပြီး တားမြစ်ခဲ့တယ်။

၎။ ဝမ်းပျော့၊အဆီချ ပိန်ဆေး - အဓိက ဝမ်းနုတ်ပေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အမျှင်ဓာတ် များတယ်။ အဆီအအိမ့် အစားများ သူဟာ ဝမ်းချုပ်တတ်တယ်။ ဆေး ဆိုတာထက် Dietary Supplement အမျိုးအစားထဲ ထည့်ထားတယ်။ ဝမ်းလဲ သွားသလို မကောင်းတဲ့ အညစ်အကြေး တွေပါ ပါသွားစေတယ်။ တချို့ ဆေးတွေက မနက်သောက်ပြီး တချို့က ညသောက်ရတယ်။ အဆီချ ဆီးသီး ၊ ကော်ဖီ၊ အမှုန့်ထုပ် စသဖြင့် အမျိုးမျိုး လာတယ်။ 

ကပ်ခွာဆေးလဲ ဒီသဘောပဲ။ သိပ်မထူးလှ ပါဘူး။ ဘေးထွက်ဆိုးကျိုး ကတော့ ရှိကြတာချည်း ဖြစ်ပါတယ်။ သတိထား သုံးစွဲဖို့က မိမိတာဝန် ဖြစ်ပါတယ်။ ဝိတ်ချတဲ့အခါ ပိန်ဆေးတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုး သေချာနားလည် သဘောပေါက် ပြီးမှ သုံးစွဲသင့်ကြောင်း အကြံပေးလို ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

#Yadanarpondaily

Thursday, August 6, 2015

ကမ္ဘာ့ကာကွယ်ဆေး ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ကပ်ရောဂါဆိုးများကို ကာကွယ်မည်


လန်ဒန် ၊ ၆-၈-၂၀၁၅

ကမ္ဘာကြီးပေါ်တွင် အီဘိုလာ ကဲ့သို့ ကပ်ရောဂါဆိုး ကြီးများ ထပ်မံ ဖြစ်ပွားကာ လူ့အသက် အန္တရာယ်ကို ခြိမ်းခြောက်ခြင်း မျိုးထပ်မံ မဖြစ်ပွားစေရေး ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ကမ္ဘာ့ ကာကွယ်ဆေး ရန်ပုံငွေ တစ်ရပ်ကို အမေရိကန် ဒေါ်လာ သန်းနှစ်ထောင် ဖြင့် မတည် ထူထောင် သွားသင့်ကြောင်း လန်ဒန် အခြေစိုက် အပြည်ပြည် ဆိုင်ရာ ရူပဗေဒ ပညာရှင်များ အသင်း Wellcome Trust က အဆိုပြု ထားကြောင်း သိရသည်။

" ကမ္ဘာကြီး ပေါ်မှာ ကာကွယ်ဆေး အသစ်တွေ လိုအပ် နေပါတယ် ၊ လိုအပ်နေတဲ့ ကာကွယ်ဆေး အသစ်တွေကို ဖော်စပ် ထုတ်လုပ် ရာမှာလဲ အတားအဆီး အခက်အခဲ များစွာ ရှိနေပါတယ် ၊ ဒါတွေစာ လျစ်လှူရှု ထားလို့ရတဲ့ အဆင့်ကနေ လွန်မြောက်နေပြီ ဖြစ်လို့ ရောဂါ ဖြစ်မှ ကာကွယ်ရေး ရှာတာထက် ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကြိုတင် တားဆီးကာကွယ် လို့ရအောင် ၊ ကာကွယ်ဆေး ဖော်စပ်ဖို့ ကုန်ကြမ်းနဲ့ နည်းပညာ လဲ ကိုယ့်မှာ အဆင်သင့် ရှိအောင် ကြိုတင် ပြင်ဆင် ထားချိန်တန် ပါပြီ ... " ဟု Wellcome Trust မှ ဒါရိုက်တာ ဖြစ်သူ ဂျယ်ရမီဖာရာ က ပြောသည်။

" မျက်မှောက်ခေတ်ရဲ့ စီးပွားရေး သရုပ်မှန်ကို ထောက်ရှုခြင်း အားဖြင့် အစိုးရဲနဲ့ တခြား ရင်းနှီးမြုပ်နှံ သူတွေဆီကနေ အထောက်အပံ့ မရဘဲနဲ့ ကူးစက်မြန် ရောဂါတွေကို ကာကွယ်ဖို့ ၊ ထိန်းချုပ်ဖို့ ၊ ကုသဖို့ အဖြစ်နိုင် တော့ပါဘူ။ ဒါကြောင့် တစ်ကမ္ဘာလုံး ပါဝင်တဲ့ ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ဖို့ လိုအပ်နေပါတယ် .. " ဟု အမေရိကန် ပြည်ထောင်စု ၊ ပရစ်စတန် တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ အဒယ်မာမောက် က ပြောပြသည်။

အီဘိုလာ အရေးကိစ္စတွင် အီဘိုလာ ကာကွယ်ဆေး ဖော်စပ် ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းများ အသင့် ရှိနေခဲ့ သော်လည်း ၄င်းတို့ကို စမ်းသပ်ရန် ရန်ပုံငွေ မရှိခဲ့ကြောင်း ၊ ထိုစဉ် ကတည်းက စမ်းသပ်ခွင့် ရရှိခဲ့ပါက ယခုကဲ့သို့ လူ အသေအပျောက် များမည် မဟုတ်ဘဲ အသက်ပေါင်း ထောင်ပေါင်း များစွာကို ကယ်တင်နိုင်မည် ဖြစ်ကြောင်း လည်း ၄င်းက ဆက်လက် ပြောပြသည်။

ဖော်ပြပါ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်းနှစ်ထောင် ကို နိုင်ငံတကာ အစိုးရများ ၊ ငွေကြေး အဖွဲ့အစည်း များနှင့် ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီများက ပူးပေါင်း ထည့်ဝင် မတည်ထူထောင် သွားမည်ဖြစ်ပြီး လူသား မျိုးနွယ်စု အတွက် လိုအပ်မည့် ကာကွယ်ဆေး များကို စဉ်ဆက်မပြတ် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြခဲ့သည်။

#Themyawadydaily

Wednesday, May 20, 2015

တတိယအကြိမ်မြောက် မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၀-၅-၂၀၁၅

၂ဝ၁၅ ခုနှစ် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးဆိုင်ရာ ကုန်စည် ပြပွဲကြီးကို မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများ အသင်းနှင့် Minh Vi Exhibition & Advertisements Service Co., Ltd. ပူးပေါင်း၍ ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

''အခုလို ဆေးဝါးကုန်စည် ပြပွဲတွေ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက် က မြန်မာနိုင်ငံ အတွင်းမှာ ဆေးလောက ပိုမိုတိုးတက်ဖို့ နဲ့ ပြည်ပက ဆေးကုမ္ပဏီတွေ မြန်မာနိုင်ငံ  အတွင်းမှာ ပိုမို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီပွဲကို ပြုလုပ်တာပါ။ ဒီပွဲမှာ ထူးခြားချက် အနေနဲ့ ကမ္ဘောဒီးယား မှာ ပြုလုပ်မယ့် ဆေးဝါးပြပွဲ တစ်ခုကို ချိတ်ဆက်ပြီး လုပ်ဆောင် သွားမှာပါ'' ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူ က ပြောသည်။

အဆိုပါ ဆေးနှင့် ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲတွင် တရုတ်၊ တိုင်ဝမ်၊ ဂျာမနီ၊ အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ နာမည်ကြီး ဆေးကုမ္ပဏီ များနှင့် ဆေးရုံကြီး များမှ လာရောက်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။ ၄င်းပြပွဲတွင် နိုင်ငံတကာမှ ပြခန်း ၁၂ဝ နှင့် ကုန်သည်ပေါင်း ၂၅ဝဝ တို့က လာရောက် ပြသကြမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပြုလုပ်မည့် CAMBODIA PHAR-MED 2015  ဆေးနှင့် ဆေးကိရိယာ ပြပွဲကြီးနှင့် ချိတ်ဆက် ထားခြင်းကြောင့် ယခုပွဲတွင် ပြသမည့် ပြည်တွင်းရှိ ဆေးကုမ္ပဏီ များမှ ကမ္ဘောဒီးယား ပြပွဲတွင် သွားရောက် ပြသမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲတွင် နိုင်ငံတကာမှ ဆရာဝန်ကြီးများ နှင့် ဆေးကုမ္ပဏီ များ၏ တာဝန်ရှိသူ များမှ မြန်မာနိုင်ငံ ဆေးလောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily

Sunday, March 29, 2015

လူ၏မျက်လုံးထဲသို့ ညမြင်ကွင်းကြည့် ဆေးထည့်သွင်း စမ်းသပ်


Chlorin e6 (Ce6) Night Vision Eye Drops for Future Warfare Night Ops?

ဝါရှင်တန် ၊ ၂၉-၃-၂၀၁၅

အမေရိကန် နိုင်ငံရှိ ဓာတုဇီဝ စူးစမ်းလေ့လာ သည့် အသင်း တစ်သင်းမှာ လူတို့၏ မျက်လုံးထဲ၌ ညမြင်ကွင်းဆေး ထည့်သွင်းခြင်းကို စမ်းသပ်ခဲ့ရာ စမ်းသပ်ခံ သူမှာ မီတာ ၅ဝ အကွာအဝေးရှိ ပစ္စည်းများကို တိကျစွာ ဖော်ပြနိုင် ခဲ့ကြောင်း သိရသည်။

ပညာရှင်များ က စမ်းသပ်ခံ၏ မျက်လုံးထဲသို့ ထည့်သွင်း ခဲ့သည့် ဓာတုပစ္စည်းမှာ Ce6 ဟုခေါ်သည့် Chlorin e6 ဖြစ်ပြီး ၄င်းမှာ ရေနေ သတ္တဝါများမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ Chlorin e6 မှာ ညအခါတွင် ကောင်းစွာ မမြင်နိုင်သူ များကို ကုသရာ၌ အသုံးပြုရာတွင် စမ်းသပ် အောင်မြင်ခဲ့ရာ Science for the Masses သုတေသီ အသင်းတစ်သင်း က Chlorin e6 ကို အသုံးပြု၍ လူတို့ကို ညအခါတွင် ပို၍ ကောင်းမွန်စွာ တွေ့မြင်နိုင် စေမည့် နည်းလမ်းများကို လေ့လာခဲ့ ကြသည်။

မျက်စိ ဆေးပညာတွင် Ce6 နှင့်အတူ အင်ဆူလင်၊ ဆလိုင်း တို့ကို ရောစပ်၍ မျက်လုံးထဲ ထည့်ပေးပါက မျက်လုံး၏ ရတီနာက ၄င်းကိုစုပ်ယူကာ အလင်းရောင်း နည်းသည့်နေရာ များတွင် ကောင်းစွာ တွေ့မြင် စေနိုင်သည်ဟု ဖော်ပြသည်။ အင်ဆူလင် နေရာတွင် ဓာတုပစ္စည်း တစ်မျိုး ဖြစ်သော ဒိုင်မီသိုင် ဆာလ်ဖောက်ဆိုဒ် (DMSO) ကိုလည်း အသုံးပြု၍ ရကြောင်း ဖော်ပြရာ Science for the Masses အသင်းက အင်ဆူလင်နှင့် DMSO ဓာတုပစ္စည်း နှစ်မျိုးလုံးကိုပါ အသုံးပြု ခဲ့ကြသည်။

သုတေသီ Gabriel Licina မှာ အဆိုပါ ညမြင်ကွင်း ဆေးကို စမ်းသပ်ခံခဲ့ရာ ပထမအဆင့် တွင် မျက်လုံးကို ဆလိုင်းဖြင့် ဆေးကြောပြီး Ce6 ပျော်ရည် အနည်းငယ်ကို သုံးကြိမ်ခန့် ထည့်ခဲ့သည်။

ဆေးထည့်သည့် အဆင့်ပြီးသော် အလင်း ဝင်ရောက်မှု လုံးဝ မရှိစေရန် အမည်းရောင် မျက်ကပ်မှန်များ အပြင် အမည်းရောင် နေကာမျက်မှန် များကို ထပ်မံ တပ်ဆင်ပေးကာ မည်းမှောင်သည့် အခန်း တစ်ခုထဲတွင် အမြင်အာရုံကို စမ်းသပ်ခဲ့သည်။ တစ်နာရီ ကြာသော် စမ်းသပ်ခံ Licina မှာ လက်တစ်ဖက်မျှ ကြီးသော အရွယ်ရှိ အရာဝတ္ထု များ၏ ပုံပန်း သဏ္ဌာန်ကို ၁ဝ မီတာအကွာမှ ပြောပြနိုင်ခဲ့ပြီး မိနစ် အနည်းငယ် ကြာသော် ၂ဝ မီတာ အကွာမှ တွေ့မြင် လာနိုင်ခဲ့ရာ ထိုအခါတွင် စာနှင့်နံပါတ်များ ကိုပါ ဖတ်နိုင်ခဲ့သည်။ မည်းမှောင်သော သစ်တော ထဲတွင်လည်း ထပ်မံ စမ်းသပ်ခဲ့ရာ မီတာ ၅ဝ အကွာတွင် တည်ရှိနေသော လူများကို လေဆာဖြင့် ထိုးပြခိုင်း ရာတွင်လည်း Lucina မှာ မှန်ကန်စွာ ပြသနိုင်ခဲ့သည်။

စက်ပစ္စည်း မပါဘဲ ရရှိနိုင်မည့် ညမြင်ကွင်း ဆေးကို စမ်းသပ်ခဲ့သည့် အသင်းမှာ ၄င်းတို့၏ စမ်းသပ်ချက် အတွက် ပါဝင် ပစ္စည်းများမှာ ဈေးကြီးသည့် ပစ္စည်းများ မဟုတ်သဖြင့် ညမြင်ကွင်း ဆေးကို ဈေးနှုန်း ချိုသာစွာဖြင့် ရရှိနိုင်မည် ဖြစ်ကြောင်း ပြောပြခဲ့သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Friday, February 20, 2015

မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ


(၂၂)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြ သူများ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၀-၂-၂၀၁၅

(၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ တတိယနေ့ ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅ဝဝ)ရှိ ဆင်ဖြူရှင် ခန်းမ၌ ဆက်လက် ကျင်းပ ပြုလုပ်ရာ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးဝင်း၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန နှင့် တက္ကသိုလ် များမှ သုတေသီများ၊ တပ်မတော် ဆေးတက္ကသိုလ် မှ ဗိုလ်လောင်းများ၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ သင်တန်းသား များနှင့် စိတ်ပါဝင်စား သူများ တက်ရောက်ကြပြီး ယမန်နေ့တွင် Main Symposium အဖြစ် Reach For the Top Leadership Development in DSMA Learners တစ်ခု၊ Updates on Cardiology တစ်ခု၊ Recent Advences in Hepatitis B and Hepatis C တစ်ခု၊ Debate အဖြစ် Gender Balance in Medical Specialist Training is Better or Not တစ်ခု၊ Special Talks တစ်ခု၊ Clinico-Pathological Conference တစ်ခုနှင့် Clinical Session တစ်ခုတို့အား ဆွေးနွေး ကျင်းပ ပြုလုပ်သည်။

ထို့နောက် တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥ က္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးဝင်း က အကောင်းဆုံး သုတေသန စာတမ်းနှင့် ပိုစတာများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု ရရှိခဲ့သည့် သုတေသန စာတမ်းရှင်များ၊ ပိုစတာရှင် များနှင့် Debate Session တွင် အနိုင်ရရှိခဲ့ သူများအား ဆုများ ပေးအပ်ပြီး နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဆပ်ကော်မတီများ၊ သုတေသန စာတမ်း/ ပိုစတာ တင်သွင်း ဖတ်ကြား ခဲ့သူများ၊ Clinico-Pathological Conference နှင့် Clinical Session တို့တွင် ပါဝင်ခဲ့ သူများအား တာဝန်ရှိ သူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး က အမှာစကား ပြောကြားကာ (၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, February 18, 2015

(၂၂)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး နှင့် တာဝန်ရှိသူများ (၂၂)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ခင်းကျင်း ပြသထားသည့် ဆေးပစ္စည်းများကို လိုက်လံကြည့်ရှုစဉ်

နေပြည်တော် ၊ ၁၈-၂-၂၀၁၅

(၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅ဝဝ)၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၌ ကျင်းပ ပြုလုပ်ရာ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးဝင်း၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာ မှ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာန အောက်ရှိ ညွှန်ကြားရေးမှူး ချုပ်များ၊ ဆေးတက္ကသိုလ် မှ ပါမောက္ခများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ထို့နောက် စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာကြသူများ နှင့်အတူ ခန်းမအတွင်း ပြသထားသော ဆေးပညာ ရပ်ဆိုင်ရာ သုတေသန ပိုစတာများ၊ ဆေးနှင့် ဆေးပစ္စည်း ပြခန်း၌ ခင်းကျင်း ပြသထားသော ဆေးနှင့် ဆေးပစ္စည်း များအား လှည့်လည် ကြည့်ရှု ကြသည်။

ဆက်လက်ပြီး (၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ၏ ပညာရပ် ဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ရာ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးဝင်း က အဖွင့် အမှာစကား ပြောကြားပြီး ဘာသာရပ် ဆိုင်ရာ အသီးသီးမှ သုတေသန စာတမ်းများ ဖတ်ကြားခြင်း နှင့် ဘာသာရပ် ဆိုင်ရာ ဟောပြော ပို့ချမှုများကို ဆက်လက် ပြုလုပ်သည်။

(၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...