Social Icons

Pages

Tuesday, February 16, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



နေပြည်တော် ၊ ၁၆-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံ ဆွေးနွေးပွဲ (PRE-Conference Workshop) ကို ယမန်နေ့ နံနက် ၉ နာရီတွင် မင်္ဂလာဒုံမြို့နယ် ရှိ တပ်မတော် ဆေးတက္ကသိုလ် စာပေဆောင်၌ ကျင်းပရာ တပ်မတော် ဆေးတက္ကသိုလ် မှ ဆေးပညာ သင်ကြားရေး ကော်မတီ နာယက ပါမောက္ခ ဒေါက်တာ ဒေါ်မာလာသန်း နှင့် ဌာနမှူးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် တပ်မတော် ဆေးတက္ကသိုလ်မှ ဆေးပညာ သင်ကြားရေး ကော်မတီ နာယက ပါမောက္ခ ဒေါက်တာ ဒေါ်မာလာသန်း က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာသူများမှ ဆေးပညာ သင်ကြားရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး နှင့် နိုင်ငံတကာ အဆင့် အရည်အသွေး ပြည့်မီရေး ဆိုင်ရာများကို အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...