Social Icons

Pages

Thursday, April 11, 2019

နဝဒေး ရပ်ကွက်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်) လွှဲပြောင်း ပေးအပ်ပွဲပြုလုပ်

နဝဒေး ရပ်ကွက်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်) လွှဲပြောင်း ပေးအပ်ပွဲပြုလုပ်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်ရှိ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ (နေပြည်တော်) လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင်အဆိုပါအိမ်ရာ၌ ကျင်းပပြုလုပ်သည်။
-
အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (နေပြည်တော်) လွှဲပြောင်းပေးအပ်ပွဲသို့ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီး ကြပ်ရေး အဖွဲ့နာယက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊အိမ်ရာနေထိုင်ခွင့်ရရှိသူများတက်ရောက်ကြပြီးတိုင်းမှူးကအဖွင့်အမှာစကားပြောကြားသည်။ 
-
ယင်း နောက်အိမ်ရာ နေထိုင်ခွင့်ရရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းမှူးက စစ်မှုထမ်းဟောင်း အဖွဲ့ ဝင်များကိုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ ထို့နောက်တိုင်းမှူးနှင့်တာဝန်ရှိသူများက အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အိမ်ရာများ၌နေထိုင်လျက်ရှိသူများအားလှည့်လည်တွေ့ဆုံကာ လိုအပ်သည်များညှိနှိုင်းဆောင် ရွက်ပေးသည်။ 
-
ယနေ့ဖွင့်လှစ်ခဲ့သော အဆင့် မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(နေပြည်တော်)တွင် အရာရှိငယ် နှစ်ခန်းတွဲ လေးထပ် ခြောက်လုံးနှင့် အခြားအဆင့် နှစ်ခန်းတွဲ လေးထပ်ရှစ်လုံးတို့ကို လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အရာရှိငယ် နှစ်ခန်းတွဲ လေးထပ်တစ်လုံးနှင့် အခြားအဆင့်နှစ်ခန်းတွဲ လေးထပ်နှစ်လုံးတို့အား ထပ်မံဆောက် လုပ်လျက်ရှိကြောင်းသတင်းရရှိသည်။       
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...