Social Icons

Pages

Showing posts with label ကျန်းမာသုတ. Show all posts
Showing posts with label ကျန်းမာသုတ. Show all posts

Thursday, January 31, 2019

ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ကို တိုင်းရင်းသား ဘာသာ ၅၅ မျိုးဖြင့် ထုတ်ဝေပေးမည်

-
ရန်ကုန်  ဇန်နဝါရီ   ၃ဝ 
-
တောင်ပေါ်/မြေပြန့်ဒေသများအထိ ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း အသိပညာ တိုးတက်မြင့်မားလာစေရန် ''ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ'' စာအုပ်ကို တိုင်းရင်းသားဘာသာ  ၅၅ မျိုးဖြင့် ဘာသာပြန် ဆိုပြီး  မတ်လတွင် ထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ သိရသည်။ 
-
''လက်ရှိ တစ်နိုင်ငံလုံးမှာ ကျန်းမာရေး အသိပညာပေးနေတဲ့ အဖွဲ့တွေရှိတယ်။ ဒီအဖွဲ့တွေ အားလုံးကို စံပြုစရာ၊ ကိုးကားစရာ မှန်ကန်တဲ့သတင်းအချက်အလက်ရရှိစေဖို့ဖြစ်ပါတယ်။ ဒီစာအုပ်မှာအခန်း(၁၅)ခန်း ပါတယ်။  တစ်ခန်းချင်းအလိုက်သက်ဆိုင်ရာ ပရိုဂရမ် မန်နေဂျာတွေဆီကနေ သတင်းအချက်အလက်တွေ ရယူပြီး  ပြည်သူလူထု နားလည်မယ့် ပုံစံမျိုးနဲ့ရေးပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် ဆေးတက္ကသိုလ် အဆင့်ဆင့် အတည်ပြုချက် ရယူထားတာပါ။ဒီစာအုပ်က ဝန်ကြီးဌာန နှစ်ခုရဲ့ကြိုးစားအားထုတ်မှုပါ။ ရေးလို့ရတဲ့ တိုင်းရင်းသားဘာသာ ၅၅ မျိုးစလုံးကဘာသာပြန်ပြီးထုတ်သွားမှာပါ။လာမယ့်မတ်လထက်နောက်မကျဘဲ ပြီးစီးအောင် ကြိုးစားနေပါတယ်''ဟု ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးကပြောသည်။
-
ထိုကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ကို သက်ဆိုင်ရာဘာသာရပ်အလိုက် စာပေယဉ်ကျေးမှု အဖွဲ့များက ဘာသာပြန်ဆိုမှုသည် ၅၅ ဘာသာအထိ ဘာသာပြန်သွားမည်ဖြစ်သည်။ယခုအခါတွင် ဂုန်ရှမ်း/ ကိုးကန့်(ရှမ်း)၊ ကယား၊ အရှို(ချင်း)၊  မကူရီနာဂ၊ လီဆူး၊ အာခါ (ရှမ်း)၊ တိုင်းလျန်း၊ ဇိုမီး(ချင်း)၊ ဇိုင်ဝါး(ချင်း)နှင့် အခြားဘာသာ နှစ်မျိုး အပါအဝင် ဘာသာ ၁၂ မျိုးပြီးစီးနေပြီဖြစ်သည်။ အားလုံးကို မတ်လထက်နောက်မကျဘဲ ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုစာအုပ်သည် ဒေသအလိုက် လိုအပ်သော ကျန်းမာရေးဆိုင်ရာအသိပညာပေးလမ်းညွှန်စာအုပ်အဖြစ် ပေါ်ထွက်လာမည်ဖြစ်ပြီး ကျန်းမာရေး ပညာပေး ရုပ်/သံရိုက်ကူးမှုနှင့် အသံထုတ်လွှင့်မှုအပိုင်း၊ ကျန်းမာရေးအသိပညာပေးမှုများတွင်  အထောက်အကူပြုမည် ဖြစ်ကြောင်းကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ သိရသည်။
-
ထိုစာအုပ်တွင် မွေးကင်းစကလေး ကျန်းမာဖွံ့ဖြိုးရေး၊ကာကွယ်ဆေးထိုး လုပ်ငန်း၊အာဟာရဖွံ့ဖြိုးရေး၊  ကျောင်းကျန်းမာရေး၊   ဆယ်ကျော်သက်လူငယ် ကျန်းမာဖွံ့ဖြိုးရေး၊ မိခင်နှင့် မျိုးဆက်ပြန့်ပွားကျန်းမာရေး၊ ကူးစက်နိုင်သော ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများ၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများ၊ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု၊ သဘာဝဘေးအန္တရာယ်၊ အထွေထွေ/ တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ စံပြုအချက် အလက်များ၊  အားကစားနှင့် ကာပညာသိပ္ပံ အချက်အလက်များ၊  အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများကိုကဏ္ဍအလိုက် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။ ထိုအချက်အလက်များကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးက စိစစ်အတည်ပြုပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကုလသမဂ္ဂ   ကလေးများ ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဖြန့်ချိထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 15, 2018

ကျန်းမာရေးအတွက် ဗိုလ်စားပဲသီး၏အသုံးဝင်ပုံ

-
ဗိုလ်စားပဲသီးသည် တစ်နှစ်ပတ်လုံး အသီးသီးနိုင်သော အစိမ်းရောင်ဟင်းသီး ဟင်းရွက်မျိုးဖြစ်ကာ မရင့်မှည့်ခင် ခူးဆွတ် ပေးရသည်။ ချုံပုတ်ကဲ့သို့ ချုံထူထပ်စွာ ပေါက်ရောက်တတ်သောအပင်အမျိုးအစား
ဖြစ်၍ အထူးတလည် စင်ခံ၍စိုက်ပျိုးပေးရန်မလိုအပ်ပေ။ 
-
အပင်၏အမြစ်သည် တိမ်သည့်အတွက်ကြောင့် ၎င်းအပင်အောက်ခြေ၏ ဘေးပတ်လည်တွင်ရှိသော ပေါင်းပင်၊ မြက်ပင်တို့ကို မကြာခဏ ရှင်းလင်းပေးဖို့ လိုသည်။ ဗိုလ်စား ပဲသီးကို အစိမ်းလိုက် ကျွတ်ကျွတ်ဝါး
စားနိုင်သလို မိမိနှစ်သက်ရာအသားတစ်မျိုးမျိုးဖြင့် ရောနှောကြော်၍သော်လည်းကောင်း၊ အခြားဟင်းသီးဟင်းရွက်များနှင့်ရောနှောကာ အစိမ်းကြော် ကြော်၍သော်လည်းကောင်း စားနိုင်သည်။ 
-
ထို့ပြင် ရေနွေးပူပူတွင် ခေတ္တမျှ စိမ်ပြီးနောက် အသုပ်သုပ်၍ သော်လည်းကောင်း၊ ကြက်ဥဖြင့် ခေါက်ကြော်၍ သော်လည်းကောင်း အမျိုးမျိုး စားသုံးနိုင်သည်။ ဗိုလ်စား ပဲသီး၏ အရသာမှာ ပဲသီး ခေါ် ပဲတောင့်ရှည်ထက် 
ပိုမိုနူးညံ့ကာ ပိုလည်း ချိုမြိန်သဖြင့် သက်သတ်လွတ် စားသူများ အကြိုက်တွေ့ ကြသည်။
-
ခြောက်သွေ့သော ပဲအမျိုးအစား များဖြစ်ကြသည့် ဥပမာ-ကုလားပဲ၊ ပဲနီလေး၊ ပဲဝါ လေးတို့နှင့် နှိုင်းယှဉ်ပါက ဗိုလ်စားပဲသီးတွင် ထိုပဲ အခြောက်များလောက် ပရိုတင်းဓာတ် မများသော်လည်း အမျှင်ဓာတ်နှင့် အခြား
အာဟာရဓာတ်များပါဝင်မှုက ပိုမိုသာလွန် ကောင်းမွန်သည်။ 

-
ဗိုလ်စားပဲသီး ထဲတွင် ကယ်လိုရီ အင်မတန်နည်းပြီး ဘေးထွက်ဆိုးကျိုး ဖြစ်စေသည့် ပြည့်ဝဆီလုံးဝ မပါရှိပါ။ လူသားတို့ ကျန်းမာရေးကို အထောက်အကူ ပြုစေသည့် ဗီတာမင် A၊ လူတိန်း၊ ဘီတာကယ်ရိုတင်း၊ Zeta-xanthin စသည့် ဆန့်ကျင်ဓာတ်တိုး ပစ္စည်းများအပြင် ဖောလစ်၊ ဗီတာမင် B12၊ ဗီတာမင် B1၊ ဗီတာမင် C၊ သံဓာတ်၊ ကယ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်စသည့် ဗီတာမင်နှင့် သတ္တုဓာတ်တို့လည်း ကြွယ်ဝစွာပါသည့်အပြင် ရုက္ခဗေဒဆိုင်ရာ အာဟာရအမြောက်အမြားပါရှိခြင်းကြောင့် ကျန်းမာရေးကို များစွာအထောက်အကူပြု စေပါသည်။ 
-
ကျန်းမာရေးအတွက် ဗိုလ်စားပဲသီး၏ အသုံးဝင်ပုံ 
--------------------------------------------------
* အမျှင်ဓာတ်များ ပေါကြွယ်ဝစွာပါရှိခြင်းကြောင့် အူနှင့်အူလမ်းကြောင်းထဲရှိ အရိအရွဲများကိုလျှော့ချပေးသဖြင့် အူမကင်ဆာ ဖြစ်စေနိုင်မှုကို ကာကွယ်ပေးသည်။ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ 
* အသက်အရွယ်ကြီးရင့်မှုကြောင့် အသားအရေပေါ်တွင် ဖြစ်ပေါ်လာတတ်သော အရေးအကြောင်းများကိုလည်း ဟန့်တားပေးပါသည်။
* ခန္ဓာကိုယ်အတွက်အရေးပါသော DNA ပေါင်းစပ်ဖွဲ့စည်းခြင်းနှင့် ဆဲလ်များကို ကောင်းစွာအကျိုးပြုကာ  DNA ပျက်စီး ခြင်းမှလည်း ကာကွယ်ပေးပါသည်။ 
* ဗိုလ်စားပဲသီးထဲတွင်ပါဝင်သော ဖောလစ်အက်စစ်သည် ကလေးမီးဖွားစဉ်၌ မိခင်တို့၏ အာရုံကြောနှင့်သက်ဆိုင်သော ပြွန်များ ချို့ယွင်းမှုကို ကြိုတင်ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိများစွာပါရှိသောကြောင့် ကိုယ်ဝန်
ဆောင်မိခင်များ ကြိုတင်စားသုံးပေးသင့်ပါသည်။
* ပြင်ပရောဂါများကို အလွယ်တကူမဝင်ရောက်စေဘဲ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပါသည်။
* နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကိုထိန်းချုပ်ပေးကာ သွေးတိုးကျစေပါသည်။
* ကိုလက်စထရောကိုလျှော့ချကာ သွေးကြောမ၏နံရံများတည်ဆောက်မှုကို များစွာ အထောက်အကူပြုသဖြင့် သွေးကြောများ ပိတ်ဆို့မှုကို သက်သာလျော့နည်းစေပါသည်။ ထို့ကြောင့် နှလုံးရောဂါဖြစ်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။
* ဗိုလ်စားပဲသီးစားသုံးခြင်းဖြင့် အရိုးအားနည်းခြင်းမှ ကြိုတင်ကာကွယ်ရာရောက် ပါသည်။
* အဆစ်ရောင်ရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါတို့ကိုလည်း ထိရောက်စွာကုသပေးနိုင် ပါသည်။ 
* အမျိုးသမီးများ လစဉ်ဓမ္မတာလာပြီးနောက် သံဓာတ်ချို့တဲ့မှုကိုလည်း အထောက် အပံ့ပေးပါသည်။ 
* နို့တိုက်မိခင်များအတွက် ဗိုလ်စားပဲသီးကို မဖြစ်မနေစားသုံးပေးသင့်ပါသည်။
* နှလုံးထဲတွင် အောက်ဆီဂျင်ပြတ်လပ်မှုကို ကာကွယ်ပေးကာ နှလုံးသွေးပမာဏကို မြှင့်တင်ပေးသည့်အတွက် နှလုံးကိုကျန်းမာ စေပါသည်။
* သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်စေသောကြောင့် ဆီးချိုရောဂါသည်များအတွက် သင့်လျော်ပါသည်။
* ဗိုလ်စားပဲသီးတွင် ကယ်လိုရီပါဝင်မှုနိမ့်ကျပြီး ပြည့်ဝဆီလုံးဝမပါရှိသဖြင့် ကိုယ်အလေး ချိန်ထိန်းလိုသူများအတွက် အဖော်မွန်ကောင်း ဖြစ်ပါသည်။
-
မှတ်သားရန် 
------------
ဗိုလ်စားပဲသီးအပါအဝင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို အချိန်ကြာမြင့်စွာ ချက်ပြုတ်ခြင်းသည် ၎င်းတို့အထဲတွင် ပါဝင်သော လူသားတို့ ကျန်းမာရေးကို အကျိုးပြုစေသော အာဟာရဓာတ်များကို လျော့ကျသွား
စေတတ်၍ အချိန် ၅ မိနစ်ခန့်သာ အပူပေး ချက်ပြုတ်ပေးသင့်ပါသည်။ 
-
ခြွင်းချက် 
---------
ဗိုလ်စားပဲသီးထဲတွင် oxalate ဓာတ်ပါရှိ၏။ ထိုဓာတ်သည် ကျောက်ကပ်ရောဂါနှင့် ဆီးအိမ်ရောဂါဝေဒနာသည်များကို ပြဿနာ ဖြစ်စေနိုင်သဖြင့် အလွန်အကျွံမစားသုံး သင့်ပေ။ ။
-
ပေါက်ပေါက် 
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 5, 2018

နှစ်ခြိုက်စွာအိပ်ပျော်ခြင်း


ကျန်းမာရေး
-
ကျွန်မတို့တွေ တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်တဲ့အခါ မင်္ဂလာပါလို့ပြောလေ့ရှိပါတယ်။ အနောက်တိုင်းနှုတ်ဆက်စကားကတော့ မင်္ဂလာနံနက်ခင်းပါ၊ မင်္ဂလာနေ့လယ်ခင်းပါ၊ မင်္ဂလာညချမ်းပါလို့ အချိန်ကိုလိုက်ပြီး ပြော
လေ့ရှိပါတယ်။ နံနက်စောစောမှာ မင်္ဂလာပါလို့နှုတ်ဆက်ပြီးရင် နောက်ထပ်ပြောလေ့ရှိတာကတော့ ညက ကောင်းကောင်းအိပ်ပျော်ရဲ့လားတဲ့။ တစ်ခါတလေလည်း ညဘက်နှုတ်ဆက်တဲ့အခါ ကောင်းကောင်း
အိပ်ပျော်ပါစေ၊ အိပ်မက်ကောင်းကောင်း မက်ပါစေဆိုပြီး ဆုတောင်းပေးလေ့ရှိပါတယ်။ ဆိုလိုတာက အိပ်ပျော်တာကို အလေးထား တယ်လို့ပြောတာပါ။ ကမ္ဘာဦးကတည်းက အိပ်ပျော်တာကို အလေးထားခဲ့တာပါ။
-
ကျွန်မဆိုရင် အလုပ်တွေအရမ်းပင်ပန်းတဲ့အခါ အိပ်ပျော်တာနဲ့အစားနဲ့ကို ဘယ်ဟာ ဦးစားပေးမလဲဆိုရင် အိပ်ပျော်တာကိုပဲ ရွေးပါတယ်။ အဲလိုအခါဆိုရင် ည ၈ နာရီမှာ အိပ်ရာဝင်ပြီး နောက်နေ့နံနက် ၈ နာရီမှ 
နိုးတာတောင်ရှိပါတယ်။ အဲတော့မှပဲ အားပြည့်တယ်လို့ခံစားမိပါတယ်။ 
-
နှစ်ခြိုက်စွာအိပ်ပျော်ခြင်းဆိုတာ ဘာကို ပြောတာပါလိမ့်။ သိပ္ပံပညာရှင်တို့ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုတာ အိပ်ရာဝင်ပြီး နာရီဝက်အတွင်း အိပ်ပျော် သွားတာကိုဆိုလိုပါတယ်။ ဒါ့အပြင် အိပ်ရာ ထဲမှာလှဲနေတဲ့အချိန်ရဲ့ ၈၅ ရာခိုင်နှုန်းဟာ အိပ်ပျော်နေတာပဲဖြစ်ရပါမယ်တဲ့။ အိပ်ပျော် သွားပြီးပြီးချင်း ပြန်နိုးလာရင်လည်း မိနစ် နှစ်ဆယ်အတွင်း ပြန်ပြီးအိပ်ပျော်သွားရပါမယ်
တဲ့။ တတ်နိုင်သရွေ့အိပ်လိုက်ရင် တစ်ရေးမှ မနိုးဘဲ မိုးလင်းမှနိုးတာမျိုးက အကောင်း ဆုံးပါပဲတဲ့။ ဒါပေမဲ့လည်း တစ်ခါတစ်ရံ တစ်ရေးနိုးချိန် တစ်ကြိမ်တော့ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကဲဒါဆိုရင် ကျွန်မတို့ပြီးခဲ့တဲ့တစ်ပတ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာ ဘယ်နှရက်လောက်ရှိလဲ။ ကိုယ့်ဘာသာ တွက်ကြည့်ကြပါဦး။
-
လူတစ်ဦးကို အိပ်ချိန်ဘယ်လောက်လိုသလဲ။ အသက်အရွယ်ပေါ်တည်ပါတယ်။ မွေးကင်းစကလေးတွေဆိုရင်တော့ အိပ်ချိန်များတာပေါ့။ အသက်ကြီးလာတဲ့ဘိုးဘိုး ဘွားဘွားတွေကျတော့ အိပ်ချိန်နည်းလာတဲ့
သဘောရှိပါတယ်။ ကြက်အိပ်ကြက်နိုးလို့ လူကြီးတွေတင်စားလေ့ရှိပါတယ်။ လှုပ်ရှားနေတဲ့ လူငယ်ရှစ်ဦးအတွက် တစ်နေ့အိပ်ချိန် ခုနစ်နာရီမှ ကိုးနာရီအထိ လိုတယ်လို့ဆိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာ ကောင်း
တယ်ဆိုတာ လူတိုင်းလက်ခံပါတယ်။ ဘယ်လိုကောင်းတာပါလိမ့်။ တစ်နေ့လုံး ရုန်းကန်လှုပ်ရှားထားတော့ စိတ်ရော၊ ကိုယ်ရောအနားယူဖို့လိုတယ်လေ။ နှစ်ခြိုက်စွာအိပ်ပျော်ရင် ခန္ဓာကိုယ်ရော၊ ဦးနှောက်
ရောအနားရတော့ နောက်တစ်နေ့ဘဝ တိုက်ပွဲအတွက် ခွန်အားတွေအပြည့်ဖြစ်နေတာပေါ့။ ရုပ်က လန်းဆန်းနေတာပေါ့။ အဲတော့ ဆုံးဖြတ်ချက်တွေချတာ မြန်ဆန် ပြီးပြတ်သားတာပေါ့။ ကျွန်မဆိုရင် သောကြာ
နေ့ညဂျူတီကျပြီး နောက်နေ့နံနက်ဈေးဝယ်ရင်း ခရမ်းချဉ်သီးရွေးတာလေးတောင် ခါတိုင်းလောက်သွက်သွက်လက်လက်မရှိပါ။ ညဂျူတီဆိုတော့မအိပ်ရသလောက်ပဲပေါ့။ နောက်နေ့ အကြောဆေးထိုးမယ်ဆိုရင် 
အဆင်မပြေတတ်ပါ။ လူနာရဲ့အကြောကလည်း အထင်းသား။ အဲဒါကိုပဲ တစ်ချက် တည်းနဲ့ထိုးတာမရတတ်ပါ။ ကောင်းကောင်း အိပ်ပျော်ရင် စိတ်ကိုယ်လန်းဆန်းရုံတင်မကပါဘူး။ နောက်နေ့အတွက်လိုတဲ့ ဟော်မုန်း
တွေလည်း အလုံအလောက်ထွက်လာတော့ တိုက်ခိုက်မှုတွေ အဆင်ပြေသွားတာပေါ့။ ဒါ့အပြင် ကောင်းကောင်းအိပ်ပျော်တာဟာ ကျွန်မတို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်လည်း အားကောင်းကောင်းပြည့်ပြီး ပိုကောင်းလာ
တယ်လို့ပြောပါတယ်။ စိတ်ရောကိုယ်ပါ ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်သူများ ဖြစ်စေပါတယ်။ ဘဝဟာ လုံခြုံပြီး ဘေးအန္တရာယ် အထိုက်အလျောက်ကင်းတယ်လို့ ဆိုပါတယ်။
-
ကောင်းကောင်းအိပ်ပျော်တာ ကောင်းတယ်ဆိုတော့ အိပ်မပျော်ရင်ရောဘယ်လိုလဲ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တဲ့လူတွေမှာ ဘယ်လိုစိတ်ပိုင်းဆိုင်ရာရောဂါ၊ ရုပ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တာကို တွေ့ရပါသလဲ
ဆိုတာ အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက လေ့လာခဲ့ပါတယ်။ သူတို့နိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့သုံးပုံနှစ်ပုံဟာ ကောင်းကောင်းအိပ်ရေးမဝသူတွေဖြစ်ကြောင်း တွေ့ရပါတယ်တဲ့။ သူတို့မှာ စိတ်ကျရောဂါဖြစ်
တာများပါတယ်။ ဒါ့အပြင် အဝလွန်ရောဂါ၊ ဆီးချိုရောဂါပိုဖြစ်တာလည်း တွေ့ရပါတယ်။ ညဘက်အိပ်ရေးမဝတော့ စိတ်/ရုပ်မလန်းဆန်းဘဲ ကားတိုက်မှုဖြစ်ပွားနှုန်းလည်းများတာကို တွေ့ရပါတယ်တဲ့။ ဒါကြောင့်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ လမ်းညွှန်တွေပေးလိုက်တာပါ။
-
ပထမလမ်းညွှန်ကတော့ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် အချိန်မှန်ပါစေတဲ့။ အကြောင်းကတော့ ကျွန်မတို့ခန္ဓာကိုယ်ထဲမှာ ကိုယ်ပိုင်နာရီရှိတယ်။ ဥပမာ-ညဘက်ရုပ်ရှင်ထိုင်ကြည့်ပြီး သန်းခေါင်ကျော်မှ အိပ်ရာဝင်ရင်
ဒီနာရီကို ထိခိုက်တယ်။ နောက်နေ့မှာ အာရုံစိုက်မှုနည်းသွားတယ်လို့ဆိုပါတယ်။ ကိုယ်နဲ့အချိန်မတူတဲ့ တိုင်းပြည်တွေသွားရင်လည်း ကိုယ်ပိုင်နာရီက ချက်ချင်းမပြောင်းလဲဘူး။ ဒါကြောင့်ဲနအ ဴေါ  ဲနအ ဴေါ ရတယ်လို့ဆိုပါတယ်။
မျက်စိအကျင့်ပါတဲ့အတိုင်း အိပ်နေကျအချိန်မှာ အိပ်ချင်နေတာပေါ့။ သုတေသီတို့တွေ့ရှိထားတဲ့ ထူးခြားတဲ့ အချက်တစ်ခုကတော့ နေ့လယ်ဘက်အလင်းရောင်နဲ့ပုံမှန်ထိတွေ့တာဟာ နှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်ခြင်းကို ဖြစ်စေပါတယ်တဲ့။
-
ဒီလိုထိတွေ့ချိန်ဟာ တစ်နေ့ကို နာရီဝက်ခန့်လိုပါတယ်။ နေရောင်ခြည်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကိုအားပေးတဲ့ ဦးနှောက်ဆဲလ်အသစ်တွေ ထပ်မံတိုးပွားစေပါတယ်တဲ့။ အဲလိုမှမဟုတ်ဘဲ လျှပ်စစ်မီးအလင်းရောင်
နဲ့ပဲထိတွေ့ရင် အဲဒါဟာ ကျွန်မတို့ရဲ့ကိုယ်ပိုင်နာရီကို နှေးကွေးသွားစေတယ်လို့ ပြောပါတယ်။ ဒါဆို အိပ်ပျော်တာနောက်ကျ သွားမှာပေါ့။ တတိယအချက်ကတော့ ညဘက်မှာ အပြာရောင်အလင်းရောင်ရှောင်ရမှာဖြစ်ပါ
တယ်။ အပြာရောင်အလင်းရောင်ဟာ နေရောင်ခြည်နဲူ့နီူနီ အခြေပြုအလင်းရောင်မီးလုံးများမှာ တွေ့ရပါတယ်။ူနီူနီအခြေပြု အလင်းရောင်ကို တီဗွီကြည့်တဲ့အခါ၊ ဖုန်းကြည့်တဲ့ အခါ၊ ကွန်ပျူတာတပ်ပလက်ကြည့်တဲ့
အခါ၊ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး အပြာရောင်အလင်းရောင်များသည် အိပ်ပျော်ခြင်းကို ဟန့်တားစေသည်။ ဤအလင်းတန်းများသည် မျက်စိမှတစ်ဆင့် ဦးနှောက်သို့ရောက်သွားပြီး အိပ်ပျော်ခြင်းကို ဟန့်တား
သည့်ဓာတ်တစ်မျိုးထွက်စေသည်ဟု ဆိုပါသည်။ ထို့ကြောင့်ူနီူနီ အခြေပြုသော ဖန်သားပြင်များအသုံးပြုခြင်းကို ဆင်ခြင်သင့်ပါသည်။ ထို့ကြောင့် အလင်းတန်းဟန့်တားသည့်အကာများအသုံးပြုခြင်း၊ အလင်းလျှော့
ချခြင်း၊ မျက်မှန်တပ်ခြင်းများကို ညဘက်မဖြစ်မနေ အသုံးပြုရမည့်အနေအထားတွင်သုံးသင့်သည်။
-
နောက်ထပ်အကြံပြုချက်မှာ နေ့လယ်ဘက်တွင် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဖြစ်သည်။ ကျွန်မတို့ကိုယ်တွေ့လည်းဖြစ်ပါသည်။ နေ့လယ်ဘက်လမ်းလျှောက်တာများရင် ညဘက်အိပ်ကောင်းတာပဲ မဟုတ်
လား။ ကလေးတွေ နေ့လယ်ဘက်အရမ်းဆော့ရင် အမေတွေကပြောလေ့ရှိပါတယ်။ ညကျရင်တော့ ကောင်းကောင်းအိပ်တော့မယ်လို့လေ။ သုတေသီတို့၏တွေ့ရှိချက်မှာရက်သတ္တပတ်လျှင် မိနစ် ၁၅ဝ ခန့်ကိုယ်
လက်လှုပ်ရှားမှုပြုသူများ၏သုံးပုံနှစ်ပုံတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကြောင်း၊ ညဘက် ခြေသလုံြး<ွကက်တက်ခြင်းလည်းမရှိကြောင်း ဖြစ်သည်။
-
ထို့ပြင် အစားအစာသည်လည်း အိပ်ပျော်ခြင်းနှင့် ဆက်နွှယ်နေပါသည်။ အိပ်ရာဝင်ခါနီးတွင် ဗိုက်အရမ်းတင်းအောင်စားလျှင် ဗိုက်အင့်ပြီး ကောင်းကောင်းအိပ်ပျော်မည် မဟုတ်ပါ။ အိပ်ခါနီး ရေတွေအများကြီး
သောက်ရင်လည်း ညဘက်ဆီးထသွားရင် အိပ်ရေးဝမည်မဟုတ်ပါ။ သုတေသီတို့တွေ့ရှိချက်မှာ ပြည့်ဝဆီကို အနည်းငယ်သာစားသုံးသူများ၊ အသားဓာတ် များများစားသူများသည် ပြည့်ဝဆီများများ
စားသူများ၊ အချိုဓာတ်များများစားသူများထက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကြောင်း တွေ့ရသည်။
-
ကဖင်းဓာတ်ပါသည့် ကော်ဖီကိုလည်းအိပ်ရာမဝင်မီ ခြောက်နာရီအတွင်း သောက်ပါက အိပ်ပျော်ရန်ခဲယဉ်းပါသည်။ ထို့ကြောင့် ညဘက်ကော်ဖီမသောက်သင့်ပါ။ နောက်တွေ့ရှိချက်တစ်ခုမှာ တရားထိုင်
ခြင်းသည်လည်း အိပ်ပျော်ခြင်းကိုအားပေးကြောင်း တွေ့ရပါသည်တဲ့။ အထူးသဖြင့် ညဘက်အိပ်ခါနီးမှာ စိတ်ပူပန်စရာတွေ မတွေးဘဲ၊ မကြည့်ဘဲ၊ စိတ်အေးအေးချမ်း ချမ်းတည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်တာ
ပေါ့။ အဖေတို့ ကျွန်မတို့ကလေးဘဝကတည်းက ညဘက်လုပ်ခိုင်းတာတော့ဒီလိုပါ။ ရေမိုးချိုး၊ သနပ်ခါးရေကျဲလေးလိမ်း၊ ဘုရားရှိခိုးပြီးရင် လူကြီးမိဘတွေကိုကန်တော့ပြီးမှ အိပ်ရာဝင်ရတယ်လေ။ တချို့ကလည်း ပြော
ပါတယ်။ အိပ်ပျော်နေတုန်း အသက်ထွက် သွားနိုင်တာမို့လို့ ဘုရားရှိခိုးပြီးမှအိပ်ရတာတဲ့။ ဘယ်လိုပဲပြောပြော ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေပြီးမှအိပ်ရာဝင်တာဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ စိတ်လန့်
ချောက်ချားတာလည်းမဖြစ်ပါ။ အိပ်မက်ဆိုးလည်း မမက်ပါ။ ဘုရားဂုဏ်ကျေးဇူးဟာအင်မတန်ဆန်းကြယ်ပါသည်။
-
ပူပြင်းတဲ့နွေရာသီဆိုရင်လည်း သင်ဖြူးဖျာအေးအေးလေးပေါ်မှာ ကြိမ်ခေါင်းအုံးလေးနဲ့အိပ်၊ ယပ်တောင်လေးနဲ့ယပ်ခတ်ပြီး အိပ်ရင် ဇိမ်ကောင်းကောင်းနဲ့အိပ်ပျော်မှာပါ။ ဆောင်းအခါဆိုရင်လည်း နွေးနွေးထွေးထွေး
စောင်ခြုံရမှာပေါ့။ ဒါ့ပြင် အိပ်ရာဝင်ခါနီးမှာ ငြိမ့်ငြိမ့်ညောင်းညောင်းသီချင်းသံတွေဟာလည်း နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်တာကို အားပေးပါတယ်။ ဒါကြောင့် အမေတို့တွေ သားချော့တေးကဗျာတွေဆိုပြီး ကလေးတွေကိုသိပ်တာကိုး။ 
ကလေးတွေအိပ်ပျော်ပြီဆိုရင် မီးပိတ်ပြီး အသံတိတ်တိတ်လေးနေကြတယ်လေ။ ဒါကို ကြည့်ရင်ပဲ ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ လူတွေဟာ ပိုပြီးအိပ်ပျော်တယ်။ လျှပ်စစ်မီးစူးစူး ထိန်ထိန်ကြီးဆိုရင် အိပ်ရခက်တယ်ဆိုတာ
သိသာပါတယ်။
-
နောက်ဆုံးအိပ်ပျော်လွယ်အောင် လုပ်တာကတော့ အိပ်ဆေးပါပဲ။ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတို့ပဲ တစ်ခါတစ်ရံအိပ်ဆေး သုံးသင့်ပါတယ်။ ဆေးကိုအားမကိုးဘဲ အခြားအိပ်ပျော်နည်းတွေကို အသုံးပြုမယ်
ဆိုရင် ၉ဝ ရာခိုင်နှုန်းလောက်အဆင်ပြေနိုင်ပါတယ်။ တစ်ခါတလေ စိတ်ပူစရာကိစ္စရှိရင်လည်း (ဥပမာ-စာမေးပွဲနီးလာတဲ့အခါ) အိပ်မပျော်တတ်ပါ။ စိတ်ညစ်စရာ၊ ဒေါသထွက်စရာတွေရှိရင်လည်း အိပ်မပျော်တတ်
ပါ။ ဒါတွေကို လောကဓံဆိုပြီး ကျော်လွှားနိုင်စိတ်ထားမယ်ဆိုရင် အဆင်ပြေမှာပါ။ ကျွန်မတို့အားလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်ပြီး နောက်နေ့မှာကိုယ်စိတ်နှစ်ဖြာလန်းဆန်းပြီး ရောဂါကင်းဝေးအောင်၊ အန္တရာယ်
ကင်းဝေးအောင်ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ အားလုံးနှစ်ခြိုက်စွာအိပ်ပျော်ပြီး စိတ်ပျော်သူများဖြစ်ကြပါစေ။
-
ပါမောက္ခဒေါက်တာခင်ဖြူပြာ

Wednesday, June 14, 2017

မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်သုံးခြင်းကြောင့်နှစ်စဉ် လူဦးရေခုနစ်သိန်းခန့် သေဆုံးနေ



ရန်ကုန် ၁၄-၆-၂၀၁၇

မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်သုံး ခြင်းကြောင့် နှစ်စဉ် လူဦးရေခုနစ်သိန်းခန့် သေဆုံးနေရာ ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားနေကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်ထံမှ သိရသည်။

ထို့ပြင်နေအိမ်၌ ဆေးလိပ်သောက်သူရှိပါက ကျန်အိမ်သားအားလုံးမှာ ဆေးလိပ်ငွေ့များ ရှူရှိုက်နေရသဖြင့် ဆေးလိပ်ကိုယ်တိုင် သောက်သုံးသူ ခြောက်သိန်းနှင့် ဆေးလိပ်ငွေ့ရှူရှိုက်မိသူ တစ်သိန်းခန့် နှစ်စဉ်သေဆုံး နေကြောင်း သိရသည်။

ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် ခံတွင်းကင်ဆာရောဂါ၊ အဆုတ်ပွရောဂါ၊ ပြင်းထန်သော သွေးတိုးရောဂါ၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်းနှင့် ခြေပုပ်လက်ပုပ်ရောဂါများ ဖြစ်ပွားတတ်ကြောင်း သိရသည်။

ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံများ၌ တစ်နှစ်လျှင် လူဦးရေခုနစ်သန်းခန့် သေဆုံးလျက်ရှိရာ မြန်မာနိုင်ငံ၌ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် သေဆုံးမှုမှာ ဆယ်ပုံတစ်ပုံခန့် ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ဆေးလိပ် သောက်သုံးမှုသည် ၂ဝဝ၉ ခုနှစ်က အမျိုးသား၊ အမျိုးသမီးပေါင်း ၂၉ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် ၄၃ ဒသမ ၂ ရာခိုင်နှုန်းအထိ များပြားလာသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ဆေးလိပ်ကင်းစင် နယ်မြေများအဖြစ် စီမံချက်များချမှတ်၍ ဆောင်ရွက်ခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး လျှော့ချရေးအတွက် အခွန်ကောက်ခံသည့် လုပ်ငန်းများ၊ ရုပ်ပုံကားချပ် ထည့်သွင်းသည့်
လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော်လည်း ကုမ္ပဏီများနှင့် ပြည်သူများက လိုက်နာမှု အားနည်းနေရာ လိုက်နာမှုရှိစေရန် ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, April 25, 2017

ညဘက် အပေါ့မကြာခဏသွားရလို့ အိပ်ရေးပျက်နေပါသလား


ညဘက် အပေါ့မကြာခဏသွားရလို့ အိပ်ရေးပျက်နေပါသလား

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

မတ်လ နောက်ဆုံးပတ် ဘီဘီစီ သတင်းထုတ်ပြန်ချက် အရ ''ညဘက်အပေါ့ မကြာခဏ သွားခြင်းသည် အစားအစာတွင် ဆားပါဝင်မှုများခြင်း နှင့် ဆက်နွှယ်နေကြောင်း'' ဂျပန်နိုင်ငံမှ သုတေသီများ၏ တွေ့ရှိချက်ကို တင်ပြထားသည်။

ပုံမှန်ဇီဝ ဖြစ်စဉ်အရ ရေသောက်များလျှင် ဆီးများများ သွားနိုင်ပါသည်။ ထို့ကြောင့် ညအိပ်ခါနီး ရေသောက်မှု များပါက အိပ်ရေးပျက် လောက်အောင် ဆီးသွားများမည် ဖြစ်ပါသည်။ ထို့ပြင် သင်သည် တစ်စုံတစ်ခုသော
ကိစ္စအတွက် စိတ်ပူပန်မှု များနေသည်ဆိုပါက ဆီးမကြာခဏ သွားချင်စိတ်လည်း ဖြစ်လာနိုင်ပါသည်။ ဥပမာ အချို့လူများဆိုလျှင် စာမေးပွဲ နီးသည့်အခါ နေ့ရောညပါ ဆီးခဏခဏ သွားပြီး စာမေးပွဲ ဖြေပြီးသည့်အခါ အားလုံး ပုံမှန်ပြန်ဖြစ် သွားတတ်ပါသည်။

ဘီယာကဲ့သို့သော ယမကာကို ညဘက် သောက်လျှင် ဆီးအများကြီး ညဘက် သွားနိုင်ပါသည်။ ထို့ပြင် ဆီးဆေးကို ညနေဘက်တွင် သောက်မည်ဆိုပါက ညဘက် ဆီး မကြာခဏသွားပြီး အိပ်ရေးပျက် နိုင်ပါသည်။ ဆီးချိုရောဂါ ဝေဒနာရှင်များတွင် သွေးအတွင်း သကြားဓာတ် များနေပါက ယင်း သကြားဓာတ်သည် ဆီးထဲသို့ ပါသွားသည်။ သကြားဓာတ်သည် ရေကိုဆွဲယူတတ်သည့် သဘောသဘာဝ ရှိသဖြင့် သွေးတွင်း သကြားဓာတ် များလျှင် ဆီးပမာဏများများ သွားလေ့ ရှိသည်။

ဆီးလမ်းကြောင်း အတွင်း ပိုးဝင်ခြင်းသည် အမျိုးသမီး များတွင် အဖြစ်များသည်။ ဆီးလမ်းကြောင်း အတွင်း ပိုးရှိလျှင်လည်း ဆီးပူခြင်း၊ ကျဉ်ခြင်း တို့နှင့်အတူ ခဏခဏ ဆီးသွားလိုစိတ်လည်း ဖြစ်တတ်ပါသည်။ အသက်အရွယ် ကြီးလာသည့် ယောက်ျားများတွင် ပရောစတိတ် ခေါ် ဆီးကျိတ် ကြီးလာလေ့ရှိသည်။ ထို့ကြောင့် မိမိအသက် ရလာပြီး ဆီးခဏခဏ သွားလျှင် ဆီးကျိတ်ကြီးခြင်း ဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင် ပြသသင့်သည်။

ဂျပန်သုတေသီ များက အစားအစာတွင် ပါဝင်သည့် ဆားဓာတ်နှင့် ဆီးသွားခြင်း ဆက်နွှယ်ပုံကို လေ့လာခဲ့သည်။ ၄င်းတို့၏ သုတေသနတွင် ပါဝင်သူ ၃ဝဝ ကို ဆားဓာတ်လျှော့၍ စားစေသည့်အခါ ဆီးသွားနည်းကြောင်း တွေ့ရှိရသည်။ ယင်း သုတေသီများက ဆားများများ စားစေပြီး ဆီးများများ သွားခြင်းကြောင့် အိပ်ရေးပျက်ခြင်းကို သုံးလကြာ လေ့လာခဲ့ပါသည်။ နောက်တစ်ဖန် ၄င်းတို့ကို ဆားနည်းနည်းပဲ စားစေပြီး ဆီးသွားခြင်းကြောင့် အိပ်ရေးပျက်ခြင်းကို လေ့လာခဲ့သည်။ တွေ့ရှိချက်မှာ ဆားလေးလေး စားသည့်အချိန်က ညဘက်တွင် နှစ်ကြိမ်ထ၍ ဆီးသွားရသူ များသည် ဆားပေါ့ပေါ့ စားသည့်အခါ တစ်ကြိမ်သာ ဆီးထသွား ရကြောင်း တွေ့ရသည်။

ဤကဲ့သို့ ဆီးအကြိမ်ရေ လျော့ကျခြင်းသည် ညဘက် တွင်သာမက နေ့ဘက် အလုပ်လုပ်ချိန် တွင်ပါ လျော့နည်းကြောင်း တွေ့ရှိရသည်။ ညဘက် အိပ်ရေးဝသဖြင့် နေ့ဘက် အလုပ်လုပ်သည့် အခါ ပိုမိုလန်းဆန်း တက်ကြွကြောင်း ဝန်ခံကြသည်။

ဤသတင်း၏ အဆိုအရ ညဘက် ဆီးထသွားခြင်း နှင့်ပတ်သက်၍ အသက် ၅ဝ ကျော် အရွယ်ရှိသော လူဦးရေ၏ ထက်ဝက်ခန့်မှာ ညဘက်ဆီး ထသွားရကြောင်း သိရသည်။ အသက် ၇ဝ ကျော်လူကြီး များတွင် တစ်ညလျှင် နှစ်ကြိမ်ခန့် ဆီးထသွား ရကြောင်း တွေ့ရှိရသည်။ ညဘက် ဆီးထသွားသည့် အကြိမ် အရေအတွက် များလေ အိပ်ရေးပျက်လေ ဖြစ်ပါသည်။ ညအိပ်ရေးပျက် ပြီဆိုလျှင် စိတ်ဖိစီးမှုများခြင်း၊ နုံးချည့်ခြင်း၊ စိတ်တိုလွယ် ခြင်းများ ဖြစ်ပေါ်စေသည်။

ဤသို့ အသက်အရွယ် ကြီးလာလျှင် ညဘက် ဆီးပိုသွားသည် ဆိုသည့် အချက်သည် ဟော်မုန်း ပြောင်းလဲမှုများ ကြောင့်လောဟု စဉ်းစားဖွယ် ဖြစ်သည်။ အမျိုးသားများတွင် အသက်ကြီး လာသည်နှင့်အမျှ ဆီးကျိတ်သည် အနည်းနှင့်အများ လိုက်၍ ကြီးလာပါသည်။ ကြီးလာသော ဆီးကျိတ်က ဆီးသွား လမ်းကြောင်းကို ဖိသဖြင့် ဆီးသွားရသည့် အကြိမ် ပိုများလာခြင်း ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် အမျိုးသမီးများတွင် အသက်ကြီး လာသောအခါ ညဘက်ဆီးသွားသည့် အကြိမ် ပိုများလာခြင်းမှာ အဘယ့်ကြောင့် ဖြစ်သနည်း။

ကျွန်ုပ်တို့နေ့စဉ် ဆားပမာဏ မည်မျှသုံးစွဲသင့် ပါသလဲ။ ဤ ဘီဘီစီ သတင်းဆောင်းပါး အရ အင်္ဂလန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ များတွင် ဆားပမာဏ ခြောက်ဂရမ်ထက် ပို၍ မစားသုံးသင့်ကြောင်း အကြံပြုထား ပါသည်။ ယင်း ပမာဏသည် ဆိုဒီယမ် ၂ ဒသမ ၄ ဂရမ်နှင့် ညီမျှကြောင်း တင်ပြထား ပါသည်။ တစ်နှစ်မှသုံးနှစ်အရွယ်တွင် ဆားနေ့စဉ် စားသုံးမှု နှစ်ဂရမ်ထက် မပိုသင့်ပါ။ ၇ နှစ်မှ ၁ဝ နှစ်အရွယ်ကလေး များတွင် ငါးဂရမ်ထက် မပိုသင့်ပါ။ အသက် ၁၁ နှစ် ကျော်လာပြီဆိုလျှင် လူကြီးများ ကဲ့သို့ပင် ခြောက်ဂရမ် အထိ တိုး၍ စားနိုင်သည်ဟု ဆိုပါသည်။

မည်သည့် အစားအစာများတွင် ဆားပါဝင်မှု များသနည်း။

ပေါင်မုန့်နှင့်ကွေကာ စီရီရယ်များသည် အရသာအားဖြင့် မငန်သော်လည်း ဆားပါဝင်မှု များပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင် ခေါက်ဆွဲ၊ နံပြား၊ အီကြာကွေး၊ ပလာတာ စသည်တို့တွင် ဆိုဒါပါသဖြင့် ဆားပါဝင်မှု များပါသည်။ အနောက်တိုင်း အစားအစာများ ဖြစ်သည့် ဝက်ဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက်၊ ဒိန်ခဲ၊ အာလူးကြော်၊ အီတလီခေါက်ဆွဲ အချဉ်ရည်များ တွင်လည်း ဆားပါဝင်မှု များပါသည်။

ကျွန်ုပ်တို့ နေ့စဉ်နံနက်စာ အဖြစ် အားလုံးကြိုက်သည့် မုန့်ဟင်းခါး၏ ဆားပါဝင်မှုပမာဏ ဘယ်လို သဘောရ ပါသလဲ။ ခေါက်ဆွဲကဲ့သို့မုန့်ဖတ်မှာတော့ ဆိုဒါမပါဝင်ပါ။ သို့ပါသော်လည်း မုန့်ဟင်းခါးဟင်းရည် မှာပါသော အချိုမှုန့်၊ အသားမှုန့်၊ ငံပြာရည် တို့သည် ဆားပမာဏ များတာတွေချည်းပဲ ဖြစ်ပါသည်။ ရခိုင်မုန့်တီလည်း အတူတူပင် ဖြစ်ပါသည်။

အလှူမှာ လူတိုင်းကြိုက်သော ပဲထမင်း၊ ထောပတ်ထမင်း၊ ဒံပေါက်၊ ကြက်ဆီထမင်း၊ နတ်သုဒ္ဓါဆိုရင်ရော ဆားပါဝင်မှုများ သလား။ သူတို့တွေကို ချက်သည့်အခါ မှာထည့်သည့် အချိုမှုန့်၊ အသားမှုန့်၊ ဒပ်ချီမှုန့်တို့  သည်လည်း ဆားပမာဏများ ပါသည်။ ညဘက်တွင် တစ်ခါတလေ ထွက်စားကြသည့် အကင် ၊ ဟော့ပေါ့ ၊ ကြေးအိုး ၊ ဒင်ဆမ်းတွေ ဆိုလျှင်လည်း အချိုမှုန့်၊ အသားမှုန့် ပါဝင်မှုများပါသည်။

မြန်မာရိုးရာ အစားအစာဖြစ်သည့် လက်ဖက်သုပ်၊ ဂျင်းသုပ်တို့ မှာလည်း အချိုမှုန့်တွေ ပါဝင်မည်ဆိုပါက ဆားပမာဏ များသွားနိုင်သည်။ ဝက်အူချောင်း၊ ဝက်သားချဉ်၊ ပုစွန်ချဉ်၊ ငါးလေးချဉ်၊ မျှစ်ချဉ်၊ မုန်ညင်းချဉ်၊ ဆီတို့ဟူး၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငံပြာရည် တို့မှာလည်း ဆားဓာတ်များသည်။ မုန့်ပျားသလက်၊ ရေမုန့်၊ မုန့်လင်မယား၊ ဆီထမင်း တို့သည် မြန်မာရိုးရာ အစားအစာဖြစ်လင့် ကစားအချိုမှုန့် ထည့်လိုက်မည် ဆိုပါက ဆားပါဝင်မှု များသွားပါမည်။

အစားအစာများကို ဝယ်ယူမသုံးစွဲမီ ထုပ်ပိုးပစ္စည်းတွင် ဆားပါဝင်မှု ပမာဏကို သတိပြုသင့်သည်။ ( ဥပမာ ဘီစကွတ်၊ အချိုရည်၊ အသင့်စား ပစ္စည်းများ) ဤသတင်းအရ ၁ဝဝ ဂရမ်ပစ္စည်းတွင် ဆား ၁ ဒသမ ၅ ဂရမ်ပါဝင်ပါက ဆားပါဝင်မှုများ သည်ဟု သတ်မှတ်သည်။ ဤသို့သောအစားအစာများတွင် သတိပြုဆိုသော အနီရောင် အမှတ်တံဆိပ် ကပ်သင့်ပါသည်။ ကျွန်ုပ်တို့အားလုံး ညဘက် အိပ်ရေးဝဝအိပ်ပြီး ကျန်းမာလန်းဆန်း စေရန် ဆားဓာတ်နှင့် ဆားပါဝင်မှု များသော အစားအစာများကို လျှော့စားကြပါစို့ဟု တိုက်တွန်းလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Monday, April 10, 2017

ကျန်းမာအောင် ဘာတွေ စားကြမလဲ ?


ကျန်းမာအောင် ဘာတွေ စားကြမလဲ  ?

ကြည်လွင်မြင့် (မုဒြာ)

မကြာသေးမီက ကျန်းမာရေးဌာနမှ အစားအသောက် များကိုစစ်ဆေးခဲ့ရာ ရန်ကုန်မြို့အတွင်း စားသောက်ကုန် ရောင်းချသည့်ဆိုင်များမှ 'နနွင်းမှုန့်' များတွင် ဆိုးဆေးများ ပါဝင်ကြောင်း တွေ့ခဲ့ရသည်။ တံဆိပ်အမျိုးမျိုး နှင့် နနွင်းမှုန့် ၁ဝ မျိုးကိုစစ်ဆေးခဲ့ရာ ရှစ်မျိုးတွင် ဓာတုဗေဒ အရောင်ဆိုးဆေးများ ပါဝင်ကြောင်း တွေ့ခဲ့ရသည် ဟုဆိုသည်။ ဆိုးဆေးအပြင် နနွင်းမှုန့်ထဲတွင် ဆန်မှုန့်၊ ပဲမှုန့်များပါ ရောနှောထားသည်ဟု ဆိုသည်။ မသမာမှုများ ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ (၂ဝ၁၁)တွင် ဖတ်ကြားတင်သွင်း ခဲ့သော စာတမ်းအရ ဈေးများမှ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် တံဆိပ်ကွဲ ကိုးမျိုး၊ ငရုတ်ကောင်းမှုန့် သုံးမျိုးနှင့် ဇီရာမှုန့်တို့ကို ဝယ်ယူစစ်ဆေးခဲ့ရာ ခွင့်မပြုသည့် အရောင်ဆိုးဆေးများ ရောနှော ပါဝင်နေကြောင်း တွေ့ရသည်။

အဆိုပါဆိုးဆေး များသည် ရေရှည် စားသုံးပါက အသည်းကင်ဆာနှင့် ဗဟို နာဗ်ကြောမကြီး ကို ထိခိုက်သည့်ရောဂါ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ စစ်ဆေးခဲ့သည့် ငရုတ်သီးမှုန့် ကိုးမျိုးအနက် နှစ်မျိုးတွင် သဲမှုန့်၊ ဖုန်မှုန့်များ ရောနှော ပါဝင်နေပြီး ငရုတ်ကောင်းမှုန့် တစ်မျိုးတွင် အခြားအပင် အစိတ်အပိုင်းများ ပါဝင်နေသည်ဟု ဆိုသည်။

နနွင်းမှုန့်သည် အရှေ့တိုင်း အစားအစာ ဖြစ်သည်။ အနောက်တိုင်းတွင် သိပ်မစားကြ။ သို့သော် လေ့လာ တွေ့ရှိချက်များ အရ အရှေ့တိုင်းသားများ အသက်ကြီး လာလျှင် ''ပါကင်ဆန်'' ရောဂါ အဖြစ်နည်းရခြင်းမှာ နနွင်းမှုန့်တွင် ပါဝင်သော ဓာတ်တစ်မျိုးကြောင့် ဟု သိလာရသဖြင့် အနောက်တိုင်းတွင် နနွင်းမှုန့် ခေတ်စားလာသည်။ နနွင်းမှုန့်ကို ဆေးပြားအဖြစ် ထုတ်လုပ် ရောင်းချသည်အထိ ဖြစ်လာခဲ့သည်။ စားသုံးသူများမှာ ယနေ့ခေတ်တွင် ''ဘာကိုယုံရမလဲ'' ဆိုသော အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။ အားလုံး အတုတွေ၊ ဆိုးဆေးတွေ၊ အရောအနှောတွေ ဖြစ်နေပြီး အစစ်အမှန်ရဖို့ ခက်ခဲသော အခြေအနေပင် ဖြစ်သည်။

မီးဖိုချောင်တွင် စားသုံးဆီမှအစ ငါးပိ၊ ငံပြာရည်၊ ငရုတ်သီးခြောက်မှုန့်၊ နနွင်းမှုန့်၊ မဆလာ၊ ငရုတ်ကောင်း၊ ဇီရာ စသည့် ဟင်းခတ် အမွှေးအကြိုင် ပစ္စည်းအားလုံးသည် သဘာဝအတိုင်း မဟုတ်ကြပေ။ တစ်နည်းနည်းဖြင့် အမြင် လှပအောင် ဖန်တီးပြုပြင် ထားသည်ချည်းသာ ဖြစ်သည်။ တစ်လောက ပဲရာဇာ (ပဲနီလေး) ဟင်းချိုသောက်ချင် သဖြင့် ဈေးမှဝယ်ယူခဲ့ပြီး ရေဆေးလိုက်ရာ ရေတွင် အနီရောင်ဆိုးဆေးများ ကျွတ်လာပြီး ပဲနီလေးမှာ ပဲဖြူလေး ဖြစ်နေကြောင်း တွေ့ရပါသည်။ ပဲနီလေးမှာ ပဲဖြူထက် ဈေးပိုပေးရသဖြင့် အရောင်ဆိုးထားခြင်း ဖြစ်သည် ဟု နောက်မှ သိရပါသည်။

မြန်မာလူမျိုး များသည် နံနက်စာ ပဲပြုတ်၊ ထမင်းကြမ်းနှင့် အကြော်စားလေ့ ရှိကြပါသည်။ လွန်ခဲ့သောနှစ်က ဆရာဝန်တစ်ဦး၏ ဆောင်းပါးတွင် အကြော်ဆိုင်တွင် ဆီပူဒယ်အိုး အတွင်းသို့ ပလတ်စတစ် သောက်ရေသန့် ဘူးခွံနှစ်ဘူး ထည့်လိုက်ရာ ပျော်ဝင်သွားသည်ကို မျက်မြင် တွေ့ရကြောင်း ရေးထားပါသည်။ အကြော်သည်ကို မေးကြည့်ရာ ဆီကုန်သက်သာ ကြောင်းနှင့် အကြော် အရောင်လှအောင် သောက်ရေသန့် ဘူးခွံထည့်ကြော် ရကြောင်းနှင့် အခြား အကြော်သည် များလည်း အကြော်ကြွပ်ရွအောင် ဤသို့ပင် ရောကြကြောင်း ပြောသည်ဟု ရေးထားသည်ကို ဖတ်ရသည်။ ထိုအချိန် ကတည်းက အကြော်စုံတွေကို မစားရဲတော့ သည်မှာ ယနေ့အထိ ဖြစ်သည်။

အခြားတိုင်းပြည် များတွင် မတွေ့နိုင်သည့် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းဓလေ့မှာ မြန်မာပြည်တွင် လွှမ်းမိုးနေပြီ ဖြစ်သည်။ ရပ်ကွက်တစ်ခု၊ လမ်းတစ်လမ်း ထဲမှာပင် လက်ဖက်ရည်ဆိုင် သုံးဆိုင်လေးဆိုင် တွေ့မြင် နေရသည်။ အချို့ လက်ဖက်ရည်ဆိုင် နာမည်ကြီးများမှာ ကားရပ်စရာပင် နေရာမရ ဖြစ်နေသည်။ လက်ဖက်ရည်ဆိုင် များတွင် ဆိုးဆေး မကင်းကြောင်း သက်ဆိုင်ရာမှ စစ်ဆေးသတိပေးပြီး ဖြစ်သည်။ ရေနွေးကြမ်းတွင် ခတ်သော လက်ဖက်ခြောက် မှာလည်း ဆိုးဆေး အနီရောင်များ ပါဝင်နေသည်မှာ အထင်အရှားပင် ဖြစ်သည်။ လူတွေနေ့စဉ် လက်ဖက်ရည်ဆိုင် ထိုင်ပြီး ရောဂါဝယ်ယူ နေသလိုပင် ဖြစ်နေပြီ။

တစ်ခါက မိတ်ဆွေတစ်ဦးနှင့် မတွေ့ရတာ ကြာပြီဖြစ်၍ ဧည့်ခံရင်း လက်ဖက်ရည်ဆိုင် ဝင်ထိုင်မိကြ ပါသည်။ အခန့်မသင့်၍ လက်ဖက်ရည် သောက်ရင်း စာရေးသူ၏ တိုက်ပုံအင်္ကျီ အဖြူပေါ်သို့ ဖိတ်ကျခဲ့သည်။ အိမ်ရောက် ပြီးနောက် ၄င်းတိုက်ပုံကို ဆပ်ပြာနှင့် လျှော်သောအခါ လက်ဖက်ရည် အနီရောင် အစွန်းအထင်းမှာ မကျွတ်ဘဲ ကျန်နေသည်ကို တွေ့ရပါသည်။ ဆိုးဆေးဖြစ်၍ အစွန်း မကျွတ်ခြင်း ဖြစ်သည်။

မကြာသေးမီက စာရေးသူ၏ နှစ်နှစ်သားအရွယ် မြေးကလေးကို အိမ်နီးချင်းနိုင်ငံကြီး တစ်ခုမှ ထုတ်လုပ်သော ကစားစရာ အရုပ်ကလေး တစ်ရုပ် ဝယ်လာပေးဖူးသည်။ ထိုအရုပ် ကလေးသည် မတော်တဆ ရေထဲသို့ လွတ်ကျသွားခဲ့သည်။ အလုပ် မအားလပ်သဖြင့် အချိန်တစ်နာရီ ခန့်ကြာမှ ဆယ်ယူပေးခဲ့ရာ ဆေးရောင်များ ကျွတ်နေသည်ကို တွေ့ရသည်။ ကလေးကစားစရာ အရုပ်များမှ ဓာတုဆိုးဆေး များကြောင့် ရောဂါရ နိုင်ကြောင်း စာစောင်တစ်ခုတွင် ဖတ်ခဲ့ဖူးသည်ကို ပြန်သတိရမိ ပါသည်။

အမေရိကတွင် နိုင်ငံခြားမှ ဝင်လာသော ကလေးကစားစရာ များအတွက် အန္တရာယ်ရှိသော အရောင်ဆိုးဆေးများ ပါဝင်သဖြင့် ဖျက်ဆီးပစ်သည့် အကြောင်းလည်း ဖတ်ရဖူးသည်။ ကလေးများသည် ကစားစရာ အရုပ်များကို စားစရာအမှတ်ဖြင့် ပါးစပ်ထဲသို့ ထည့်ခြင်း၊ ကိုက်ဝါးခြင်းများ ပြုလုပ်လေ့ ရှိသဖြင့် အရုပ်ဝယ်ပေးလျှင် အရောင်ဆိုးဆေးများ ကလေးပါးစပ်ထဲသို့ မဝင်အောင် အထူးသတိပြုဖို့ လိုပါသည်။

အစာလည်းဆေး၊ ဆေးလည်းအစာ ဟု ဆိုသော်လည်း ရောင်းတမ်း ရောင်းချနေသော တိုင်းရင်းဆေး အချို့တွင်လည်း ဓာတုဗေဒဆိုးဆေးများ သုံးစွဲနေကြသည်ဟု ပရဆေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောပြပါသည်။ သွေးဆေးကို မြန်မာလူမျိုးတိုင်း တောရောမြို့ပါသုံးစွဲသည်။ သွေးဆေးတွင် ပါဝင်သော အနီရောင်မှာ စန္ဒကူးနီနှင့် နံ့သာနီမှ ထွက်သောအရောင် ဖြစ်သည်။ ရိုးရိုးသစ်သားတုံးကို အနီရောင်ဆိုးပြီး စန္ဒကူးနီ၊ နံ့သာနီပြုလုပ်ပြီး အခြားဆေးအမည် များနှင့် ရောနှောကြိတ် လိုက်သောအခါ သွေးဆေးများတွင် စားသုံးရန်မသင့်သည့် ချည်ဆိုးဆေးများ ပါဝင်နေသည်ဟု ပြောသည်။ ၄င်း ဆိုးဆေးများကြောင့် ကင်ဆာဖြစ်နိုင်ကြောင်း သိရသည်။

စာရေးသူတို့ငယ်စဉ်က မိခင်ကြီးက ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းပေးလေ့ ရှိသည်။ သနပ်ခါးမလိမ်းမီ ကျောက်ပြင်ပေါ်မှ သွေးပြီးသား သနပ်ခါး အနည်းငယ်ကို လက်ညှိုးနှင့်တို့ပြီး လျှာပေါ်သို့ ခွံ့ပေးလေ့ ရှိသည်။ အပူငြိမ်းဆေး အဖြစ် ကျွေးခြင်းဖြစ်သည် ဟုဆိုသည်။ မကြာမီက သနပ်ခါး အပွေးကောင်းသည် ဆိုပြီး ဝယ်လာသူ အိမ်ရှင်မတစ်ဦးသည် အိမ်ရောက်သော အခါ သနပ်ခါးတုံးကို သွားပွတ်တံဖြင့် ပွတ်ဆေးသောအခါ အညိုရောင်ဆေးများ ကျွတ်ထွက်လာသည် ဟုပြောသည်။ ၄င်းအညိုရောင်များမှာ ရှားစေးမဟုတ်၊ ပိုးချည်ဆိုးဆေးများ ဖြစ်ကြောင်း သိရသည်။ သနပ်ခါးအပွေး လှအောင် အက်ကြောင်းများ ကြားတွင် ဆေးဆိုးကြသည်ဟု သိရလေသည်။ မြန်မာ့ရိုးရာစစ်စစ် သနပ်ခါးမှာပင် ဆိုးဆေးမလွတ်။

မျှစ်ကြိုက်သူများ မှာလည်း ယခုအခါ မစားရဲကြ။ ဈေးထဲတွင် ရောင်းချသော မျှစ်များမှာ နီနီရဲရဲဆိုးဆေးများ ဆိုးထားကြသည်။ ဆိုးဆေးလွတ်သော မျှစ်ကိုဝယ်လိုလျှင် ဈေးသည်ကို သီးသန့်မှာယူမှ သာလျှင် ရနိုင်သည်ဟု ဆိုသည်။

ကလေးများစားသော ဂျယ်လီ၊ သကြားလုံးများမှာ ဆိုးဆေးအရောင်များ လွန်ကဲစွာ သုံးထားသည့်အပြင် သကြားအတု၊ ဆေးသကြားများ ပါသဖြင့် ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါများ အဖြစ်များလာသည်။ ဆေးခန်းလာသော ကလေးငယ် အတော်များများမှာ ထိုအစားအသောက် များကြောင့်ဖြစ်သည်။ လမ်းဘေးတွင် ရောင်းချသော ဝက်သားတုတ်ထိုး များမှာ အရောင်ဆိုးဆေးများ သုံးထားသည့်အပြင် မရောင်းရလျှင် ကြိမ်ဖန်များစွာ ပြန်နွှေးရောင်းချ သဖြင့် အစာအိမ်နှင့် အူမကြီးရောင်သော ရောဂါများအပြင် ကင်ဆာရောဂါပါ ဖြစ်နိုင်ကြောင်း ဆရာဝန်ကြီး တစ်ဦးက ပြောပါသည်။

အထက်ပါ အကြောင်းအရာများကို လေ့လာကြည့်လျှင် ကျန်းမာလိုသောသူ တစ်ဦးအဖို့ မည်သည့် အစားအသောက်ကို စားရမည်မှန်း မသိနိုင်အောင် ဖြစ်နေမည်ဟု ထင်ပါသည်။ တိုးတက်လာသော ခေတ်နှင့်အမီ ဆန်းသစ် တီထွင်မှုများလည်း တိုးတက်လာသည်။ အတုပြုလုပ်သူ များအတွက် ဓာတုဗေဒပစ္စည်း များသည် ပေါပေါများများ လွယ်လွယ်ကူကူ ရရှိနေခြင်းကြောင့်ပင် ဖြစ်သည်။

ရှေးကမြန်မာများသည် အိမ်နောက်ဖေး ဈေးဆိုင်တည် ဟုဆိုကာ မိမိစားသောက်ရန် ဟင်းသီးဟင်းရွက် များကို အိမ်နောက်ဖေး မြေပိုလေးတွင် စိုက်ကြသည်။ အိမ်ရှေ့တွင် အရိပ်ရစေရန် ဘူးပင်ကိုစင်ထိုးပြီး စိုက်ကြသည်။ လတ်ဆတ်သော ခြံထွက်သီးနှံကို စားရပြီး ဈေးဖိုးလည်း ချွေတာရာ ရောက်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်က ကိုယ့်အိမ်မှာ မြေပိုရှိရင် သီးပင်စားပင် စိုက်စားကြပါ။ ခင်ဗျားတို့ ဒီနေ့စားနေတဲ့ အာလူးဆိုတာ အိန္ဒိယကနေ လာတာ။ ကျွန်တော်ဆိုရင် ကျွန်တော့်အိမ်ကခြံမှာ အာလူးကိုစိုက်တယ် ဟု ပြောခဲ့ဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း မိသားစု ပေါက်တူးကိုင်၍ စိုက်ပျိုးရေး လုပ်နေသည့် ဓာတ်ပုံကို စာရေးသူငယ်စဉ်က တွေ့ဖူးပါသည်။

ယခုအခါ ရှေးကလို အိမ်တိုင်းမြေလွတ် မရှိ၊ စိုက်ဖို့ပျိုးဖို့မလွယ်။ ရှိသမျှမြေအပိုကို ရောင်းချပြီး အထပ်မြင့်တိုက်များ ပေါ်ပေါက်လာခဲ့ပြီ။ တိုက်ပေါ်မှာ မွေးသော ကလေးအချို့ မြေကြီးပင် မမြင်ဖူးကြ။ ကျေးလက် တောရွာမှာ နေကြသည့် တောင်သူများမှာလည်း သဘာဝအတိုင်း စိုက်ပျိုးကြသည် မဟုတ်တော့။ မြေသြဇာများ နှင့် သီးနှံကြီးထွားသည့် ဓာတုဗေဒဆေးများ သုံးစွဲမှုကြောင့် စားသုံးသူများမှာ အာဟာရ မဖြစ်ကြ။ ပိုးသတ် ဆေးများ ပါသည့် အစားအသောက်ကို သေချာစွာ ရေဆေးပြီး မသုံးစွဲသဖြင့် အသက်သေဆုံး သည်အထိ ဖြစ်နိုင်လေသည်။

လူ့ဘဝသက်တမ်းစေ့ နေနိုင်ရေး၊ ကျန်းမာစွာ နေနိုင်ရေးအတွက် အစားအသောက်များကို မစားမီ စစ်ဆေးပြီးမှသာ စားသုံးသင့်သည်။ အရသာရှိတိုင်း မကောင်းပါ။ အရောင်လှတိုင်း မစားချင်ပါနှင့်။ သဘာဝထက် ပို၍ ကြီးထွားသော သီးနှံများကို မစားသုံးသင့်ပါ။ အသီးအနှံ အစားအစာများကို မချက်ပြုတ်မီ ရေဖြင့် နှစ်ထပ်သုံးထပ် စင်ကြယ်စွာဆေးပြီး အရောင်ပျက်ပြယ် သွားလျှင် မစားသင့်ပါ။

ငရုတ်သီးမှုန့်၊ နနွင်းမှုန့် စသော ဟင်းခတ်မှုန့်များကို အစစ်အမှန် ရောင်းချကြောင်း စိတ်ချရသည့် ဆိုင်များမှသာ ဝယ်ယူသုံးစွဲပါ။ ချက်ပြုတ်ပြီးနောက် အရောင် ပြောင်းသွားသော အစားအသောက် များကိုလည်း သတိထား သင့်သည်။ အစားသည် အာဟာရမဖြစ်ဘဲ ရောဂါဖြစ်စေနိုင်ကြောင်း အသိပေး တင်ပြလိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Thursday, April 6, 2017

ကင်ဆာဝေဒနာရှင်များအား လျှပ်စစ်ဦးထုပ်ဖြင့် စမ်းသပ်ခဲ့ရာ အကျိုးသက်ရောက်မှု ကောင်းမွန်




ဝါရှင်တန် ၊ ၆-၄-၂၀၁၇

ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန် ကင်ဆာအသင်းက စမ်းသပ် ထုတ်လုပ်လိုက်သည့် လျှပ်စစ်ဦးထုပ် TTFields ကို ကင်ဆာဝေဒနာရှင် များအား ဆောင်းစေပြီး စမ်းသပ်ကြည့်ခဲ့ရာ အချို့သော ကင်ဆာ အမျိုးအစား များအတွက် အကျိုး သက်ရောက်မှု ကောင်းမွန်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အထူးသဖြင့် ဦးနှောက် အကျိတ်ကင်ဆာ ဝေဒနာရှင်များအား အဆိုပါ TTFields အသုံးပြုသောအခါ အကျိုးထူးခဲ့ကြောင်း၊ ၄င်း လျှပ်စစ်ဦးထုပ်က ဦးနှောက်ထဲသို့ လျှပ်စစ်လှိုင်း များကို ပို့ပေးကြောင်း၊ လျှပ်စစ်ဦးထုပ် ကုထုံးနှင့် ဓာတုပစ္စည်းကုထုံး နှစ်မျိုးကို ပေါင်းစပ် လိုက်သောအခါ ဓာတုပစ္စည်း ကုထုံးတစ်မျိုးတည်း အသုံးပြုခြင်းထက် ထူးကဲ သာလွန်သည့် အကျိုးရရှိသည်ကို တွေ့ရကြောင်း သုတေသီ ဒေါက်တာ Roger Strupp က ပြောပြသည်။

ဓာတုပစ္စည်းကုထုံး တစ်မျိုးတည်းခံယူခြင်းနှင့်စာလျှင် အဆိုပါ လျှပ်စစ်ဦးထုပ် ကိုပါ အသုံးပြုခြင်းက အသက်ရှင်ရန် အခွင့်အလမ်း ပိုများ စေကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း ဒေသပေါင်းစုံက အလွှာပေါင်းစုံ၊ အသက်ပေါင်းစုံ လူနာ ၆၉၅ ဦးထက် မနည်းကို စမ်းသပ်ခဲ့ရာ ၄၆၆ ဦးကို TTFields အသုံးပြုစေခဲ့ကြောင်း၊ ဖော်ပြခဲ့သည့် အတိုင်း TTFields က ဦးနှောက်ထဲသို့ လျှပ်စစ်လှိုင်း များကို လွှတ်ပေးကာ ကင်ဆာဆဲလ်များ မပြန့်ပွားအောင် ဟန့်တား နိုင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ TTFields ကို FDA ခွင့်ပြုချက် လျှောက်ထားခဲ့ရာ Optune အမည်ဖြင့် ဈေးကွက်သို့ တင်သွင်းခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

TTFields ကို တစ်လအသုံးပြုရန် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၁ဝဝဝ ထက်မနည်း ကုန်ကျမည် ဖြစ်ကြောင်း၊ ကုန်ကျမှုများ သော်လည်း အမေရိကန်နိုင်ငံတွင် ကျန်းမာရေး အာမခံစနစ်ထဲ၌ အကျုံးဝင်သည့် အတွက် လူနာများအတွက် ပူပင်စရာ မရှိကြောင်း၊ နိုင်ငံတကာ ဈေးကွက်တွင် TTFields ၏လစဉ်ကုန်ကျ စရိတ်သည် ပို၍လည်း များနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

Thursday, March 30, 2017

နွေရာသီမှာ ရင်ဆိုင်ရမယ့် ကျန်းမာရေးပြဿနာများ


နွေရာသီမှာ ရင်ဆိုင်ရမယ့် ကျန်းမာရေးပြဿနာများ

( ဒေါက်တာလွင်သန့် )

မတ်လ ပထမသီတင်းပတ် အတွင်း မကွေးတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ နေ့အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ထက်ကျော်လွန်ပြီး နေ့အပူချိန် အမြင့်ဆုံး ရောက်ရှိကာ အပူဒဏ်အန္တရာယ် ရှိကြောင်း မိုးလေဝသ ပညာရှင်တစ်ဦးက ပြောကြားခဲ့တယ်။ နေ့အပူချိန် အမြင့်ဆုံး ၄ဝ ဒီဂရီ စင်တီဂရိတ်မှ ၄၂ ဒီဂရီ စင်တီဂရိတ် အတွင်း ရောက်ရှိနိုင်တဲ့ ဒေသတွေက မကွေးတိုင်း ဒေသကြီး အနောက်တောင်ပိုင်း နဲ့တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်မြောက်ပိုင်း နဲ့ အလယ်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး အလယ်ပိုင်း၊ မွန်ပြည်နယ် အလယ်ပိုင်းဒေသ တို့ဖြစ်ကြောင်း သတိပေးပြောဆို ခဲ့တာပါ။ ''အပူဒဏ် တစ်ခုတည်း မဟုတ်ဘူး။ ရေရှားတာတွေ၊ မီးလောင်တာတွေ နဲ့ စိုက်ပျိုးရေး ကဏ္ဍ၊ အထွက်နှုန်း လျော့နည်းတာတွေ ဖြစ်လာနိုင်တယ်လို့'' ပြောပါတယ်။

ရန်ကုန်မြို့မှာ နေ့အပူချိန် အမြင့်ဆုံး ၃၉ ဒီဂရီစင်တီဂရိတ် ထိမြင့်ပြီး မန္တလေးမြို့နဲ့ အခြားမြို့ကြီးတွေမှာ နေ့အပူချိန် မြင့်တက်ဖွယ် ရှိကြောင်း၊ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ အန္တရာယ် ပိုလွန်တဲ့အဆင့် (၁၁)ထက် ကျော်လွန်ရောက်ရှိ နိုင်ကြောင်း မိုးလေဝသ ပညာရှင်တစ်ဦးက ဆိုတယ်။ နေ့အပူချိန် တစ်နေ့ထက် တစ်နေ့ များလာတယ်။ အပူဒဏ် သိသာစွာ ခံစားလာကြရ ပါတယ်။

နွေရာသီမှာ ဖြစ်နိုင်တဲ့ရောဂါ တွေက ရေရှားပါးမှု၊ သောက်သုံးရေ ပြတ်လပ်မှု၊ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ၊ အစာအဆိပ်သင့်ခြင်း ရောဂါ၊ အထက်လှန် အောက်လျှော ရောဂါများ၊ အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက်ခြင်း၊ ခရမ်းလွန်ရောင်ခြည် သင့်ခြင်း၊ အသားအရေ ညိုမည်းစွဲခြင်း၊ အရေပြား ဓာတ်မတည့်ခြင်း၊ အရေပြားယားနာများ၊ အပူကြောင့် သွေးလန့်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ သေဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။

သောက်သုံးရေ ပြတ်လပ်ခြင်း ရေမသန့်ခြင်းက တစ်ကိုယ်ရေ သန့်ရှင်းမှု ကျဆင်းလာသလို မသန့်တဲ့ရေ သောက်သုံးရလို့ ဝမ်းပျက်ဝမ်းလျှော ဝမ်းကိုက်ရောဂါများ ခံစားကြရပါတယ်။ ဝမ်းလျှောရောဂါမှာ ဗက်တီးရီးယား အီကိုလိုင်း၊ ဘယ်စီလယ်ရီ နှင့် အမီးဘား ဝမ်းကိုက်ရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါရှိသူရဲ့ မစင်ကို ယင်နားပြီး ပျံသန်းကာ အစာမှာနားလို့၊ မသန့်ရှင်းတဲ့ လက်ချောင်းများနဲ့ စားသောက်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှော နှင့် ဝမ်းကိုက် ရောဂါများ ဖြစ်စေနိုင်ပါတယ်။

လုံခြုံစိတ်ချရတဲ့ အစားအစာရဖို့ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးတွေ လတ်ဆတ်ဖို့ လိုသလို၊ ဝယ်ယူလာတဲ့ ပစ္စည်းတွေကို ဆားရည်မှာ ၁၅ မိနစ်ခန့်စိမ် ရေစင်စင်ဆေးပြီးမှ ဓာတုမြေသြဇာ၊ ဓာတုပိုးသတ်ဆေး ဒဏ်မှ ကာကွယ်နိုင်မှာ ဖြစ်တယ်။

အသုံးအဆောင် ပစ္စည်းများ လှီးဖြတ် စားသောက်ရမယ့် ဇွန်းခက်ရင်း စသည်တို့ သန့်ရှင်းစင်ကြယ်ပြီး အစားအသောက်များ ချက်ပြုတ် ကိုင်တွယ်မယ့် ဝန်ထမ်းများ၊ အိမ်အကူ၊ အလုပ်သမားများ သန့်ရှင်းစင်ကြယ် ရမယ်။ အစားအစာ မချက်ပြုတ်မီ ထည့်ထားမယ့် ရေခဲသေတ္တာ၊ ချက်ပြုတ်ပြီး ထည့်ထားမယ့် ရေခဲသေတ္တာ ခွဲခြားထားရမယ်။ ပိုမိုကောင်းမွန်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အနေနဲ့ အစာမစားမီ၊ အစာမပြင်မီ မကိုင်တွယ်ခင် လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂ဝ ကျော်ကျော် ဆေးကြောဖို့ လိုပါတယ်။

သောက်သုံးရေမှာ ရေသန့် သောက်နိုင်တယ်။ ရေသန့်မရရင် ရေကိုကျိုချက် အအေးခံပြီး သောက်နိုင်တယ်။ စထရပ်ကို ကော့ကပ်ရောဂါပိုး ဟာ လေနဲ့အတူ နှာချေခြင်း၊ ချောင်းဆိုးခြင်းကနေ အစာထဲ ကူးစက်သွားကာ စားသုံးသူထံ ကူးစက်နိုင်တယ်။ အစာထုတ်လုပ်တဲ့ အလုပ်သမား၊ အိမ်ဖော်တွေ ကူးစက်ရောဂါ ကင်းရှင်းဖို့ လိုအပ်သလို၊ ကျန်းမာရေး ကင်းစင်ကြောင်း တစ်လအတွင်း စစ်ဆေးထားရှိမှု ရှိရပါမယ်။ ရှောင်တခင် စစ်ရာမှာ သလိပ်၊ လက်ကြားအရည်များ စစ်ဆေး သွားသင့်တယ်။

တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း၊ လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂ဝ ကြာ ဆေးကြောခြင်း မပြုရင် ဝမ်းပျက်ဝမ်းလျှော စေတဲ့ရောဂါပိုး အမျိုးမျိုး အလွယ်တကူ ဝင်ရောက်နိုင်မှာပဲ ဖြစ်တယ်။ ဝမ်းရောဂါရရင် စားဆေး နိုဘက်တို၊ မက်ထရိုနဲ့ ဒီကိုတေးကို တစ်နေ့သုံးကြိမ်နှင့် လေးရက်ဆက်သောက် ဖို့နဲ့ ဓာတ်ဆားရည် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်နဲ့ စနစ်တကျ ပြသဖို့လိုတယ်။

အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက်ခြင်းမှ ကာကွယ်ဖို့ နေအလွန်ပြင်းတဲ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီထိ အလုပ်မှအနားယူ စေခြင်း အစောပိုင်းအချိန် သို့မဟုတ် ညနေ ၅ နာရီအချိန်ပိုင်း လုပ်ဆောင်ခြင်းမျိုး ပြောင်းသင့်တယ်။ မလွှဲသာလို့ နေပူထဲလုပ်ရရင် လုံလောက်တဲ့ အဆောင်းအကာများ၊ နေရောင်ခံ ခရင်မ်လိမ်းပေး သင့်တယ်။ နှစ်နာရီကြာတိုင်း တစ်ကြိမ် လိမ်းပေးသင့်တယ်။ သို့မဟုတ် သနပ်ခါး လိမ်းပေးနိုင် ပါတယ်။

နေပူမှပြန်လာပြီး ရေနွေး သို့မဟုတ် ဓာတ်ဆားရည် သောက်ဖို့ လိုမယ့်အပြင် ခရမ်းလွန် ရောင်ခြည် ၉၉ ရာခိုင်နှုန်း ကာကွယ်တဲ့ မျက်မှန်တပ်ဆင် ပေးဖို့လိုပါတယ်။ နေရောင်မှာ ကြာကြာမလုပ် စေဘဲ အလှည့်နဲ့ လုပ်စေခြင်း၊ အလွန်ပူပြင်းတဲ့ နေရောင်မှာ အလုပ်လုပ်စေခြင်း ရှောင်သင့်တယ်။ အပူကြောင့် ရေဓာတ် ဆုံးရှုံးခြင်းမှ သွေးလန့်ခြင်းဖြစ်ကာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ဟာ ညဘက်မှာ သုညဖြစ်ပြီး အလွန်ပူပြင်းတဲ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအမှတ် ၁၂ ထိရှိနိုင်တယ်။

ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြား ညိုမည်းစွဲခြင်း၊ အရေပြား ဓာတ်မတည့်ခြင်း၊ အရေပြားယားနာများ၊ အင်ပျဉ်ထွက်ခြင်း၊ အရေပြား ကင်ဆာနဲ့ မျက်စိမှာ သက်ကြီးရေတိမ် ဖြစ်နိုင်ပါတယ်။ နေပူဒဏ်နဲ့ ခရမ်းလွန် ရောင်ခြည် ကာကွယ်တတ်ဖို့ လိုတယ်။ ရေဆာရင် ရေပဲ သောက်သင့်တယ်။ အရက်၊ ဘီယာ ရှောင်သင့်တယ်။ အရက်ဘီယာဟာ ခန္ဓာကိုယ်ထဲရှိသွေးကို ညစ်နွမ်းစေလို့ ရေများများ သောက်ဖို့လိုလာမှာပဲ ဖြစ်တယ်။ အချိုရည်ဘူးတွေ မသောက်သင့်ပါဘူး။

ယခုနှစ်မှာ ကြက်ငှက်တုပ်ကွေး H7N9 တရုတ်နိုင်ငံမှာ ဖြစ်ပွားနေလို့ မြန်မာနိုင်ငံကို ကူးစက်ရောက်ရှိ နိုင်တယ်။ တရုတ်မှ အေးခဲကြက်သား၊ ကြက်ဥအပြင် ကြက်၊ ငှက် အရှင်သွင်းတာ ကန့်သတ်သလို ဟိမဝန္တာ
ဆောင်းခိုငှက် တွေကြောင့် ကြက်ငှက်တုပ်ကွေး ဖြစ်နိုင်သဖြင့် ဇီဝလုံခြုံမှု ရရှိစေဖို့ ကြက်၊ ငှက်များ အနည်းဆုံး အိမ်နဲ့ သုံးမိုင်ခန့်အကွာမှာ မွေးမြူဖို့လိုမယ့် အပြင် ဇီဝလုံခြုံမှု ဂရုစိုက်ဖို့ လိုအပ်လှပါတယ်။

ဒီနှစ်နွေမှာ ပိုမိုပူပြင်းရာ ရေအရင်းအမြစ်များ ခန်းခြောက်လာတယ်။ ယင်းကို အခွင့်ကောင်းယူပြီး ခြင်ကျားပေါက်ပွားမှု ပိုလာစရာရှိရာ ဇီကာဗိုင်းရပ်စ် ဘရာဇီးမှာ ကပ်ရောဂါအသွင် ဖြစ်ခဲ့သလို ခြင်ကျားရဲ့ မူလရင်းမြစ် အာရှနဲ့ အာဖရိကဒေသမှာ ဖြစ်နိုင်ခြေရှိ နေတယ်။ နိုင်ငံပေါင်း ၃၉ နိုင်ငံပျံ့နှံ့ခဲ့ပြီး မြန်မာနိုင်ငံမှာ နိုင်ငံခြားသူ ကိုယ်ဝန်သည် တစ်ယောက် ငွေဆောင်ကမ်းခြေ သွားရောက်ခဲ့ပြီး ဇီကာကူးစက်ခံ ရကြောင်း သိရှိခဲ့လို့ ငွေဆောင်ကမ်းခြေ တည်းခိုရာဟိုတယ် နဲ့ တစ်မိုင်ပတ်လည် ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ရှိခဲ့တယ်။ ဇီကာရောဂါဖြစ်ရင်၊ တုပ်ကွေးရောဂါလို ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်ပြီး အလိုလို ပျောက်ကင်း သွားတယ်။ ကိုယ်ဝန်သည် မိခင်မှာဖြစ်ရင် ဦးနှောက်သေ ဉာဏ်ရည် မပြည့်ဝတဲ့ ကလေးများ မွေးဖွားလာလို့ ကိုယ်ဝန်မယူကြဖို့ လက်တင် အမေရိကနဲ့ စင်ကာပူတို့မှာ နှိုးဆော်ထားတယ်။ ခြင်ကျားမှ သွေးလွန်တုပ်ကွေးလည်း ဖြစ်နိုင်လို့ ခြင်ကျားနှိမ်နင်းရေး ဆောင်ရွက်ဖို့ လိုပါတယ်။

ရေများကို အဖုံးဖြင့် ဖုံးအုပ်ခြင်း၊ သွန်ပစ်ခြင်း၊ လဲလှယ်ပေးခြင်း၊ ရေစစ်နဲ့စစ်ခြင်း၊ ခြင်စားငါးမွေးခြင်း၊ ခြင်မပေါက်ပွားအောင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ကိုက်မခံရအောင် မယ်လာသီယွန်၊ ပါရာသီယွန် ဆေးဖျန်းခြင်း၊ ဆေးမှုတ်ခြင်း၊ ခြင်ဆေးစိမ် ခြင်ထောင်နဲ့ နေ့၊ ညအိပ်ခြင်း၊ ကလေးငယ်များ ခြင်ထောင်နဲ့ နေ့၊ ညသိပ်ခြင်းများ ပြုလုပ်သင့်ပါတယ်။

ဇီကာနှင့် သွေးလွန်တုပ်ကွေး အတွက် ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးပါ။ ဇီကာဗိုင်းရပ်စ် လူနာရဲ့ ချွေး၊ သလိပ်တို့မှာ ပါဝင်ပြီး လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သလို မိခင်မှ ကလေးကို ကူးစက်နိုင်ကြောင်း၊ အမေရိကန် ပြည်ထောင်စု စီဒီစီရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင် ကာကွယ်ရေးဗဟိုက ဆိုတယ်။ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရ ကိုယ်ဝန်သည် (နိုင်ငံခြားသူ) တစ်ဦး ရှိခဲ့ပြီး ဇီကာဗိုင်းရပ်စ် ခွဲခြားနိုင်တဲ့ နောက်ဆုံးပေါ် စက်အသစ်များနဲ့ စမ်းသပ်ပေးနိုင်ပြီပဲ ဖြစ်တယ်။

နွေရာသီမှာ ရေအရင်းအမြစ် ရှားပါးလို့ ရေများချွေတာပြီး သီးနှံစိုက်ပျိုးရတဲ့ အခါ ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း လျော့နည်းကာ စားနပ်ရိက္ခာ ဈေးကြီးမြင့်မှု၊ ပြတ်လပ်မှုများ ကြုံရနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက မြန်မာပြည် မြောက်ပိုင်း ရေခဲတောင်မှ ရေခဲများ အရည်ပျော်လို့ မြစ်ရေကြီးမှု ရုတ်တရက် ဖြစ်လာနိုင်လို့ ဧရာဝတီမြစ် အထက်ပိုင်းတွေ၊ အောက်ပိုင်းတွေ မှာပါ မြစ်ရေတိုးမှု ဖြစ်လာနိုင်ကြောင်း သတိပေး ထားတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ဆယ်စုနှစ်အတွင်း ပြောင်းလဲသွားခြင်းသည် သစ်တောများ ပြုန်းတီးခြင်းနဲ့ ဂေဟစနစ် ပြောင်းလဲခြင်းတို့ ဖြစ်နေလို့ သစ်တောများ ပြုစုပျိုးထောင်ရေး အရေးကြီး လာတယ်။

မြစ်ချောင်းများ အတွင်းရှိရေများ စံချိန်တင် ကျဆင်းမှုမှ ကာကွယ်ဖို့ ဆည်မြောင်း၊ တာတမံများ ဆောက်လုပ်ကာ ရေသိုလှောင် ထားခြင်းဖြင့် ရေရှားပါးမှု ပြဿနာ၊ ဂေဟစနစ် ပြောင်းလဲခြင်း၊ စိုက်ပျိုးမြေ ရေလုံလောက်ခြင်း၊ ရေအားလျှပ်စစ် စသည်ဖြင့် အားသာချက်များ ရှိနေတာကြောင့် အလယ်ပိုင်း မိုးနည်းဒေသမှာ ဆည်မြောင်း၊ တာတမံများ ဆောက်လုပ်ခြင်း၊ မြစ်ရေတင် စီမံကိန်းများ တိုးချဲ့ဆောင်ရွက် လုပ်ကိုင်သင့်ပါတယ်။ မြေအောက်ရေ သုံးစွဲမှု များပြားလာရင် ရေပြတ်လပ်မှုများ ပိုမိုဆိုးရွားလာနိုင်လို့ ဆည်မြောင်းများ တည်ဆောက်ခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်း ကသာ အပူချိန် ပြင်းထန်ခြင်း၊ ရေရှားပါးခြင်းတို့မှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Wednesday, March 29, 2017

ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်ရအောင်


ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်ရအောင်

( ပေါက်ပေါက် )

မရှိမဖြစ်ရေ

ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံသော အလေးချိန်က ရေဖြစ်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ပေါင် ၁ဝဝ ရှိသော လူတစ်ယောက်မှာ ရေရဲ့ အလေးချိန်က ၆၅ ပေါင် ပါရှိနေပါတယ်။ သွေးထဲမှာ အရည်ဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပြီး ဦးနှောက်နဲ့ ကြွက်သားတို့မှာ အရည်ဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ အရိုးထဲမှာ ရေဓာတ် ၂၂ ရာခိုင်နှုန်း ပါရှိပါတယ်။ ပျမ်းမျှအားဖြင့် လူသားတစ်ဦး နှစ် ၈ဝ ခန့် သက်တမ်းကာလ အတွင်းမှာ ရေ ၇၅ဝဝဝ လီတာမျှ သောက်သုံးခဲ့ပါတယ်။ 

ရေတွေက ကမ္ဘာကြီးရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင် သလို လူတွေရဲ့ ခန္ဓာကိုယ်ကိုလည်း အပူချိန်မျှတအောင် ထိန်းပေးနိုင်ပါတယ်။ ဒါတင်မကသေး ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အာဟာရ ပစ္စည်းတွေ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင် အောက်ဆိုက်၊ ဟော်မုန်းများ၊ အညစ်အကြေးများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ပေးသူ ကလည်း ''ရေ''ပဲ ဖြစ်ပါတယ်။

ရေရဲ့ အခြား လုပ်ဆောင်ချက်များမှာ ခန္ဓာကိုယ်ထဲသို့  ရောက်ရှိလာတဲ့ အစားအစာတွေကို ခွန်အားအဖြစ် ပြောင်းလဲပေးခြင်း၊ ခန္ဓာကိုယ်ထဲမှာ ပိုလျှံပြီးမလိုလား အပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက် တွေကို ဆီး၊ ဝမ်း၊ သွေး၊ ချွေး၊ ချွဲသလိပ်အဖြစ် စွန့်ထုတ်ပေးခြင်း၊ အသက်ရှူခြင်းကို အထောက်အပံ့ ဖြစ်စေခြင်း၊ အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှ သက်သာစေခြင်း၊ ခန္ဓာကိုယ်တွင်းဆဲလ် များကို အောက်ဆီဂျင် မပြတ်လပ်အောင် ထိန်းသိမ်းပေးခြင်း၊ သက်လုံကောင်း စေခြင်း၊ ခေါင်းကိုက် သက်သာခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေကာ စိတ်ကြည်လင် လန်းဆန်းစေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေ အလားအလာကို လျော့ပါးသွား စေခြင်း၊ အမောအပန်းခံ နိုင်ပြီး လေ့ကျင့်ခန်း ကြာကြာလုပ်နိုင် လာခြင်း၊ အသားအရေ ကောင်းပြီး အရွယ်တင်နုပျို စေခြင်း၊ ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါ တို့ကို သက်သာစေခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန် စေခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြု တာကြောင့် ' ရေ ' ဟာ လူသားတို့ အတွက် မရှိမဖြစ်ပါ။

ရေဓာတ်ဆုံးရှုံးရခြင်း

အသက်ရှူထုတ်လိုက်တဲ့ အခါမှာ ရေငွေ့ပုံစံဖြင့် သော်လည်းကောင်း၊ ချွေး၊ ဆီး နှင့် မစင်တို့တွင် ပါဝင်သော ရေပုံစံမျိုးဖြင့် လူ၏ခန္ဓာကိုယ်မှ နေ့စဉ် ရေဓာတ် ဆုံးရှုံးသွားပါတယ်။ ရေဓာတ်နှင့်အတူ ခန္ဓာကိုယ်၏ ဆားဓာတ် အနည်းငယ်လည်း ဆုံးရှုံးသွားပါတယ်။ ကျန်းမာတဲ့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်မှတစ်နေ့တာ အတွင်း ရေ ၂ ဒသမ ၆ လီတာ ခန့် ဆုံးရှုံးနေပါတယ်၊ ၄င်းတို့မှာ ဝမ်းမှ သုည ဒသမ ၂ လီတာ၊ အသက်ရှူ လမ်းကြောင်းမှ သုည ဒသမ ၃ လီတာ၊ အရေပြားချွေး ထွက်ခြင်းမှ သုည ဒသမ ၆ လီတာ၊ ဆီးမှ ၁ ဒသမ ၅ လီတာ ပမာဏရှိတဲ့ ရေဓာတ်တွေ နေ့စဉ်ထွက်ရှိ နေလို့ပါပဲ၊ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေပမာဏဟာ ၁ ရာခိုင်နှုန်း လျော့သွားတာနဲ့ တစ်ပြိုင်နက်တည်း ရေသောက်ချင်စိတ် (ရေငတ်ခြင်း) ဖြစ်လာပါ တော့တယ်။ ဒါကြောင့် လူတို့  အစာမစားရဘဲ တစ်လအထိ အသက်ရှင်နိုင် သော်လည်း ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ခုနစ်ရက်) ထက်ပို၍ အသက်မရှင်နိုင် ကြပါဘူး။ (ရေလိုအပ်နေသူ တစ်ဦး ရေမရလျှင် ချက်ချင်းသေနိုင် ပါတယ်။)

ရေဓာတ်ခန်းခြောက်ခြင်းကို ဖော်ပြနေတဲ့ လက္ခဏာများ

ရေဓာတ် အလွန်များပြားစွာ ဆုံးရှုံးသွားချိန်မှာ ခန္ဓာကိုယ်က ထိန်းညှိနိုင်မှု မရှိတော့ခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက် လာခြင်းကို ဖြစ်စေပါတယ်။ အသေးစား ရေဓာတ်ခန်းခြောက် မှုမှ ပြင်းထန်သော ရေဓာတ်ခန်း
ခြောက်မှုအထိ ရောဂါလက္ခဏာ များတွင် ရေဆာလောင်မှု ပိုမိုဆိုးလာခြင်း၊ ခံတွင်းခြောက်သွေ့ခြင်း နှင့် လျှာရောင်ရမ်းခြင်း၊ အားနည်းခြင်း၊ ခေါင်းမူးခြင်း၊ ရင်တလှပ်လှပ် ဖြစ်ခြင်း၊ စိတ်အာရုံ ရှုပ်ထွေးခြင်း၊ ရင်တုန်ခြင်း၊ ဆီးပမာဏ လျော့နည်းခြင်းတို့ ဖြစ်စေပါတယ်။ ရေဓာတ် ခန်းခြောက်မှုနှင့် ကြုံနေရသူအနေနဲ့ တစ်ရက်ထက် ကျော်၍ အော့အန်ခြင်း၊ ကိုယ်အပူချိန် ၁ဝ၁ ဒီဂရီ ဖာရင်ဟိုက်ထက် ပို၍များခြင်း၊ နှစ်ရက် ကျော်လွန် သည်အထိ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်းနှင့် အာရုံရှုပ်ထွေးခြင်းတို့ ကြုံရပါက ဆရာဝန်နဲ့ ပြပါ။ အကယ်၍ ကိုယ်အပူချိန် ၁ဝ၃ ဒီဂရီဖာရင်ဟိုက် ထက်ပို၍ ဖျားနေရင် ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ ပြီးခဲ့တဲ့ ၁၂ နာရီအတွင်း ဆီးမသွားခြင်း ကဲ့သို့ ပြဿနာများ ကြုံတွေ့ ပါက ၄င်းလူနာကို အရေးပေါ်ဌာနသို့ ပို့ပေးပါ။ အောက်ပါ လက္ခဏာကြီး (၃)ရပ်က ရေဓာတ်ခန်း ခြောက်ခြင်းကို ထင်သာမြင်သာ သိစေနိုင်ပါတယ်၊
  • (၁) ခေါင်းကိုက်ခြင်း ။ ရေဓာတ်ခန်းခြောက် ခြင်းနဲ့အတူ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်နဲ့ ပိုတက်စီယမ် ဆားဓာတ်များလည်း ဆုံးရှုံးသွားပါတယ်။ အဲဒီ အငန်ဓာတ်တွေ ဆုံးရှုံးခြင်းက သွေးထဲက ဓာတုပစ္စည်း ဖွဲ့စည်းမှုကို ကမောက်ကမ ဖြစ်စေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်လာစေ ပါတော့တယ်။ ရေဓာတ် ခန်းခြောက်လာ လေလေ သွေးဖိအားကျဆင်းပြီး ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှု နည်းလာလေလေ ဖြစ်တာကြောင့် "ရေဓာတ်ခန်းခြောက် ခြင်းအစ ခေါင်းကိုက်ခြင်းက'' လို့ သတိရှိပါလေ။

  • (၂) ဆီးအဝါရောင်သွားခြင်း ။  အရိုးရှင်းဆုံးနှင့် အလွယ်ဆုံး ပြောရရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ် အလုံအလောက် ရှိတဲ့အခါ စွန့်ပစ်အရည် ပစ္စည်းများဟာ လွယ်လွယ်ကူကူ ထွက်ရှိလာ ပါတယ်။ အကယ်၍ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက် သွားတဲ့အခါမှာတော့ ဇီဝကမ္မဖြစ်စဉ်များ ကောင်းစွာ အလုပ်မလုပ် နိုင်တော့ဘဲ အဖန်တလဲလဲ ခက်ခက်ခဲခဲ ချက်လုပ်ရခြင်းကြောင့် ဆီးကဲ့သို့သော စွန့်ပစ်အရည်ဓာတ်ဟာ ထွက်ရှိမှုပမာဏ နည်းလာပြီး ဆီး၏အရောင်မှာ အဝါရောင် သို့မဟုတ် ပယင်းရောင် ရင့်ရင့်ပြောင်း သွားပါတော့တယ်။

  • (၃) ဝမ်းချုပ်ခြင်း ။ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဝမ်းကလည်း ဆီးလိုပါပဲ၊ ရေဓာတ်ရှိမှသာ အူမကြီးကို ကောင်းစွာ အလုပ်လုပ် စေပြီးတော့ မလိုလားအပ်တဲ့ အစာဟောင်းတွေကို လွယ်လွယ်ကူကူ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ် ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက် တဲ့အခါ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသူ လူသားတိုင်း သန့်ရှင်းသော သောက်ရေကို တစ်နေ့လျှင် အနည်းဆုံး ရှစ်ဖန်ခွက်မျှ သောက်သုံး သင့်ပါတယ်။

ရေသောက်ရန် အသင့်လျော်ဆုံးအချိန်

ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ (ရိုးရိုးသောက်ရေသန့် ကိုသာ သောက်ပါ)
  • (၁) တစ်ညတာလုံး ငြိမ်သက်နေတဲ့ ခန္ဓာကိုယ်တွင်း ကလီစာများကို ပြန်လည် တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ရာထ တာနဲ့သောက်ရေ နှစ်ခွက် သောက်ပေးရပါမယ်။
  • (၂) အစာကြေညက်စေဖို့  ထမင်းမစားခင် နာရီဝက် ကြိုတင်၍ ရေတစ်ခွက် သောက်ပေးရပါမယ်။
  • (၃) သွေးခုန်နှုန်း မှန်စေရန်နဲ့ သွေးကျစေဖို့  ရေမချိုးခင် ရေတစ်ခွက် သောက်ပေးရပါမယ်။
  • (၄) လေဖြတ်၊ နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေတစ်ခွက် သောက်ပေးရပါမယ်။
  • (၅) အိပ်ပျော်နေစဉ် ခြေသလုံး ကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တစ်ရေးနိုး တဲ့အခါ ရေထသောက်ပေးပါ။


ရေလုံးဝ မသောက်သင့်ဆုံးအချိန်

အမေရိကန်ကျန်းမာရေး သုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုတ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါ ဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြ ပါတယ်တဲ့၊ အကြောင်းရင်း ကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ၊ ရိုးရိုးရေအေး မသောက်ကြဘဲ ရေနွေးဖြူ သို့မဟုတ် လက်ဖက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါပဲ။ အထူးသဖြင့် ထမင်းစားရင်း ရေခဲရေအေးအေး သောက်တဲ့အခါ ဟင်းလျာထဲမှာ ပါရှိတဲ့အဆီ အနှစ်တွေက ( ဥပမာပြရရင် ရေခဲရေနဲ့ တွေ့ တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွှံ့စေးအနယ်အနှစ်များ သဖွယ် ခဲပျစ်သွားတတ် ကြပြီး အစာကောင်းစွာ မချက်ပြုတ် နိုင်တော့ဘဲ အူကင်ဆာ ဖြစ်လာစေပါတယ်။ 

ဒါ့အပြင် ထမင်းဟင်းပူပူ စားရင်း ရေခဲရေအေးအေး သောက်လိုက်တဲ့ အခါများမှာလည်း အပူအအေး တစ်ပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက် ဖြစ်စေပါတယ်။ အပူအအေး တန်ပြန် သက်ရောက်မှုက အစာအိမ် အက်စစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာ ဗိုက်အောင့် စေပါတော့တယ်။ ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ၊ သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ သို့မဟုတ် ရေနွေးဖြူ သို့မဟုတ် ရေနွေးကြမ်း တို့ဖြင့်သာ ထမင်းလုတ် မနင်အောင် မျှောချကြပါရန်နဲ့ ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော် ကြာမှသာ သောက်ရေအေး သောက်ကြပါရန် အမေရိကန်ရှိ ကျန်းမာရေး သုတေသီ များက Daily Health Tips ခေါ် အင်တာနက် သတင်းမှာ အကြံပေးဖော်ပြ သွားပါတယ်။

သို့ပါ၍ ဤကျန်းမာရေး ဆောင်းပါးကို ဖတ်ရှုပြီးနောက် မိမိကိုယ်ကို ဆင်ခြင်ကြပြီး မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများ အားလုံးကိုလည်း ကျန်းမာရေး အသိပေး မျှဝေပေးခြင်းဖြင့် လူ ၁ဝ ဦးမှာ အနည်းဆုံး တစ်ဦးကို အသက်ကယ်တင် နိုင်မှာဖြစ်ပါကြောင်း အသိပေး နှိုးဆော် လိုက်ရပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Wednesday, March 22, 2017

သဘာဝသစ်ဥသစ်ဖုများနှင့် နှလုံးရောဂါ


သဘာဝသစ်ဥသစ်ဖုများနှင့် နှလုံးရောဂါ

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

ပြီးခဲ့သည့်အပတ်က ထုတ်ဝေသည့် သတင်းဂျာနယ် တစ်ခုမှာ သဘာဝသစ်ဥသစ်ဖု များသည် နှလုံးရောဂါ ဝေဒနာရှင်များ အတွက် အကျိုးသက်ရောက်မှု အလွန်နည်းပြီး ဆိုးကျိုးသာ များကြောင်း သုတေသန တွေ့ရှိချက်ကို တင်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ၂ဝ ရာခိုင်နှုန်းသော လူဦးရေမှာ သဘာဝသစ်ဥသစ်ဖု များကို သဘာဝအတိုင်း သော်လည်းကောင်း၊ ဆေးမှုန့်ဆေးပြား အနေဖြင့်သော် လည်းကောင်း စားသုံးကြသည် ဟု ဝန်ခံကြသည်။ စားသုံးသည့် ရည်ရွယ်ချက်မှာ နှလုံးသွေးကြောကျဉ်း ရောဂါ ကာကွယ်စေရန် သို့မဟုတ် နှလုံးကောင်းမွန်စွာ အလုပ်လုပ်စေရန် ရည်ရွယ်သည်။ ယင်း သုတေသီတို့က သဘာဝ သစ်ဥသစ်ဖုများ သုံးစွဲသော နှလုံးရောဂါ ဝေဒနာရှင်များကို သိပ္ပံ နည်းကျကျ လေ့လာခဲ့သည်။ မည်သည့် သဘာဝ သစ်ဥသစ်ဖုကမှ နှလုံးရောဂါကို ပိုမိုသက်သာ စေသည်ဟု မတွေ့ရှိရပါ။

အမေရိကန်နိုင်ငံ နှလုံးရောဂါဆိုင်ရာ ဂျာနယ်မှတင်ပြ ထားသည်မှာ ဗီသွာဆီ၊ ဆူးပန်းလုံး၊ စပျစ်စေ့၊ ဂရင်းတီး၊ ဟော်သွန်းဆူးပင်၊ ကြက်သွန်ဖြူ၊ ပဲပိစပ် တို့သည် နှလုံးရောဂါကို မဆိုစလောက်သော အကျိုးသက်ရောက်မှု ဖြစ်စေသည်ဟု ဖော်ပြထားသည်။ သို့ပါသော်လည်း ဂရင်းတီး၊ ဟော်သွန်းဆူးပင် နှင့်ကြက်သွန်ဖြူ တို့သည် နှလုံးဆေးများနှင့် လူ့ခန္ဓာကိုယ်တွင်း စစ်ပွဲဖြစ်တတ် သဖြင့် မသုံးစွဲသင့်ပါ။

အက်စတာ ဂေးလတ်စ် ခေါ် သံမနိုင် ကျောက်မနိုင် သည်လည်း အသုံးများသော တိုင်းရင်းဆေးပင် တစ်ခုဖြစ် သော်လည်း လက်တွေ့ သုတေသနတွင် အကျိုးမရှိဘဲ ဆိုးကျိုး အနည်းငယ်ကိုသာ ဖြစ်ပေါ်စေသည်။

အာရှတိုက်ဘက်တွင် အသုံးများသည့် ဂျင်ဆင်းမြစ် သည်အလွန် နာမည်ကြီးသော သဘာဝဆေးမြစ် တစ်ခုဖြစ်သည်။ ဤဂျင်ဆင်းသည် နှလုံးရောဂါ အပေါ် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသည့်အပြင် နှလုံးဆေးများ နှင့်မတည့်သော ဓာတ်ပြုမှု ဖြစ်ကြောင်း တွေ့ရသည်။

ဂျင်ကိုဘီလိုဘာ ခေါ် ကမ္ဘာဦးပင် သည်လည်း အလွန် ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများ ရှိကြောင်း ၄င်းတို့၏ သုတေသနက သက်သေပြခဲ့သည်။ ထို့ပြင် နှလုံးရောဂါ ဆေးများနှင့်လည်း ရန်ဖြစ်တတ်သည် ကိုတွေ့ရှိရသည်။

အခြား ရေပန်းစားနေသော တိုင်းရင်းဆေးမှာ ကရင်ဘယ်ရီ ခေါ် ဘယ်ရီသီး တစ်မျိုးဖြစ်သည်။ ဤဘယ်ရီသီး သည်လည်း နှလုံးရောဂါအတွက် ပေးသောဆေးများ အထူးသဖြင့် ဝါဖရင် ခေါ် သွေးမခဲဆေး၊ အက်စ်ပရင် ခေါ် သွေးကျဲဆေး၊ ဆီးဆေးနှင့် အခြားခေတ်ပေါ် သွေးမခဲဆေး များနှင့် ဓာတ်ပြုမှုများ အကြောင်း တွေ့ရှိရသည်။ ဤ အလားတူ ဓာတ်ပြုမှုကို အခြား တိုင်းရင်းဆေးများ ဖြစ်သည့် ယူရိုပီယမ်အဲလ်ဒါ ခေါ် ဘယ်ရီသီးတစ်မျိုး၊ ဂိုးဒင်းဆီးလ် ခေါ် အဝါရောင် ရှိသည့် ဆေးမြစ်တစ်မျိုး၊ နွယ်ချို၊ ပဲပန်းမြစ်၊ စိန့်ဂျွန်းဝပ်ခေါ် စိန်ပန်းပင် တစ်မျိုးတို့တွင်လည်း တွေ့ရှိရသည်။

ဥပမာ ဝါဖရင် ခေါ်သော သွေးမခဲဆေး၏ အာနိသင် သိရန်အတွက် သွေးအမြဲဖောက်၍ ဆေးကိုချိန်ဆရ သည်။ ဤဆေးသောက် သုံးမှုပိုသွားလျှင် သွေးထွက်တတ်ပြီး အသက်အန္တရာယ် ရှိနိုင်သည်။ ဖော်ပြပါ သဘာဝသစ်ဥသစ်ဖု များသည် ဝါဖရင် ၏ အာနိသင်ကို ပိုကောင်းစေသည်။ တစ်နည်းအားဖြင့် သွေးမခဲနှုန်း များကာ သွေးယိုစိမ့်ခြင်း ဖြစ်စေသည်။ ထို့ကြောင့် သင်သည် သဘာဝသစ်ဥသစ်ဖု ကို သောက်သုံးနေသူ ဖြစ်ပါက ဆရာဝန်ကို အသိပေးသင့်သည်။

ကျွန်ုပ်တို့ ဆေးကျောင်းများတွင် သဘာဝသစ်ဥသစ်ဖု များအကြောင်း ပုံမှန်သင်ရိုးညွှန်းတမ်း တွင်ထည့်ထား ခြင်းမရှိပါ။ ဤဆောင်းပါးရှင်က လူနာကို ကုသနေသော ဆရာဝန်တိုင်းသည် သဘာဝသစ်ဥသစ်ဖု များ၏ ကျန်းမာရေး အပေါ် အကျိုးသက်ရောက်မှု၊ အနောက်တိုင်း ဆေးဝါးများအပေါ် ဓာတ်ပြုမှု စသည်တို့ကို စဉ်ဆက်မပြတ် လေ့လာသင့်ကြောင်း အကြံပြုထားသည်။ သို့မှသာ ကျွန်ုပ်တို့၏ လူနာများကို ကုသရာတွင် အထောက်အကူ ပြုမည်ဖြစ်သည်။

ကျွန်ုပ်တို့ ၏ '' သဘာဝသစ်ဥသစ်ဖု အသီးအပင် အားလုံး ဘေးကင်းသည်'' ဟု တထစ်ချ မမှတ်ယူသင့်ပါ။ ဥပမာ- ကရင်ဘယ်ရီသီး ကို သူ့ချည်းပဲစားစဉ် ကဘာမှ မဖြစ်သော်ငြားလည်း အက်စပရင်၊ ဝါဖရင် ကဲ့သို့ဆေးများနှင့် အတူစားမိပါက အသက်အန္တရာယ် ဆုံးပါးသည် အထိ ဖြစ်နိုင်သည်။

အချို့သောလူနာ များသည် မိမိသုံးစွဲနေသည့် တိုင်းရင်းဆေးများ ကိုလည်း ကုသနေသည့် ဆရာဝန်ကို ပြောပြသင့်သည်။ တိုင်းရင်းဆေးပဲ အဘိုးအဘွား လက်ထက် ကတည်းက သောက်လာတာပဲ တထစ်ချ အန္တရာယ် မရှိဟု မယူဆသင့်ပါ။

ဆေးဆိုသည်မှာ တစ်မျိုးတည်း သောက်လျှင်သော်မှ ကောင်းကျိုးအပြင် ဆိုးကျိုးလည်း ရှိတတ်သည်။ ဆရာဝန် အားလုံးကတော့ လူနာကောင်းကျိုး အတွက် ဆေးပေးကြတာ ဖြစ်သည်။ ဆိုးကျိုးဟု ပြောလျှင် အသေးအမွှား ဖြစ်သော အရေပြား ယားယံခြင်းက အစ အသက်ဆုံးရှုံးသည် အထိ ဖြစ်နိုင်သည်။ ဆေးနှစ်မျိုး သုံးမျိုး ဖြစ်လာပြီဆိုလျှင် သတိထားရမည်။

နေရာတစ်ခုတွင် လူနှစ်ယောက် သုံးယောက်ပေါင်းပြီး စကားပြော သလိုပင်။ လေပေးလေယူ တည့်ပြီး ပိုမိုအကျိုး ဖြစ်ထွန်းသွားတာမျိုး ဆိုလျှင် အပြစ်ပြောစရာ မရှိသော်လည်း အချင်းချင်း အငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွား သောအခါ အားလုံးဒုက္ခနှင့် ရင်ဆိုင်ကြရသည်။

လူဦးရေများလေ ပိုပြီးတော့တွက်ဆဖို့ ခက်လေမို့ ထိုသို့သော သဘောမျိုးကို ကျွန်ုပ်တို့အားလုံး ဆင်ခြင်သင့် ပါသည်။ အသက်အရွယ် ကြီးသောသူများ ဆရာဝန် အများကြီးကို လှည့်ပတ်ပြပြီး ဆေးတွေ အများကြီး သောက်နေရသူ များအားလုံး သတိပြုကြ စေလိုပါသည်။

အခုရေးတဲ့ ဆောင်းပါးမှာ အမေရိကန် နှလုံးရောဂါ ဝေဒနာရှင်များကို တင်ပြထားတာ ဖြစ်သည့်အတွက် ကျွန်ုပ်တို့အားလုံး အနေဖြင့် သဘာဝသစ်ဥသစ်ဖု တွေကို သတိပြုကြရ ပါမယ်။ သဘာဝဆိုတိုင်း ဘေးကင်းစိတ်ချ ရမည်ဟု တထစ်ချမယုံကြည် သင့်ပါကြောင်း အသိပေး လိုက်ချင်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Tuesday, March 21, 2017

မျက်စိမှုန်ခြင်း


မျက်စိမှုန်ခြင်း

( ဒေါက်တာ လွင်သန့် )

လူသားတို့ခန္ဓာ ကိုယ်တွင်း စက္ခုအာရုံခံစားရာ မျက်စိဟာ အလွန်နူးညံ့ သိမ်မွေ့တဲ့ ကိုယ်အင်္ဂါတစ်ခု ဖြစ်တယ်။ အနီးအဝေးရှိ အရာဝတ္ထု မှန်သမျှကို ကြည်လင် ပြတ်သားစွာ မြင်နိုင်ဖို့ စွမ်းဆောင်နိုင်တယ်။

လူသားတို့ လူမှုအဆင့်အတန်း ဘဝအခြေအနေ တိုးတက်ဖွံ့ဖြိုး လာတဲ့နည်းတူ လူတို့ရဲ့မျက်စိ အသုံးပြုမှုဟာ ပိုမိုများပြား လာလို့ စက္ခုအာရုံဟာ ပိုပြီးအရေးကြီး လာတယ်။ မျက်စိကျန်းမာရေး အလေးမထားရင် မျက်စိ မမှုန်သင့်ဘဲ မှုန်လေ့ရှိကြတယ်။ ကလေးငယ်များ ဗီဒီယိုဂိမ်း၊ ဖုန်းဂိမ်း အဆော့များရင် မျက်စိမှုန်လာမယ်။

စက္ခုအာရုံ ခံစားရပုံ အဆင့်ဆင့်မှာ သာမန်မျက်စိမှာ အဝေးကလာတဲ့ အရာဝတ္ထုများရဲ့ ပုံရိပ်ဟာ စက္ခုမှန်ဘီလူး ကိုဖြတ်ပြီး စက္ခုအာရုံလွှာ ပေါ်ကို ကြည်လင်ပြတ်သား မြင်သာအောင် ကျလေ့ရှိတယ်။ အာရုံလွှာရဲ့ သဘောမှာ ဓာတ်ပုံဖလင် ကော်ပြားရဲ့သဘောနဲ့ အတူတူပဲ ဖြစ်တယ်။ ဓာတ်ပုံဖလင် ကော်ပြားရှိပုံရိပ်များ ဓာတ်ပုံရိုက်တဲ့ အခါ လာပြီးထင်သလို အာရုံလွှာပေါ်မှာ မျက်စိရှေ့မှာ ရှိတဲ့ အရာဝတ္ထုပုံရိပ်များ လာထင်တယ်။ ထင်ဟပ်လာတဲ့ အရိပ်တွေကို အာရုံကြောလွှာမှ ထွက်လာတဲ့ စက္ခုအာရုံကြော များရဲ့အကူအညီနဲ့ ဦးနှောက်ထဲ ပို့ပေးတယ်။ ယင်းနောက် ဦးခေါင်း အနောက်ဘက်ရှိ နောက်စေ့ ပိုင်းဦးနှောက်ရဲ့ Occipitalcortex ရှိ စက္ခုအာရုံခံစားရာ ဗဟိုဌာနမှ အဓိပ္ပာယ်ဖွင့်ဆို ပေးခြင်းက မျက်စိရှေ့မြင်ရတဲ့ အရာဝတ္ထုများရဲ့ ပုံသဏ္ဌာန်၊ အရောင်အဆင်း တို့ကို တိတိကျကျ ခွဲခြားနိုင်တယ်။

အနီးရှိ အရာဝတ္ထုများကို ကြည့်တဲ့အခါမှာ စက္ခုမှန်ဘီလူးရဲ့ ပုံသဏ္ဌာန် ပြောင်းလဲပေးခြင်းက မျက်စိရှေ့နားရှိ အရာဝတ္ထုများကို ပြတ်သားစွာ မြင်ရတယ်။ မျက်စိမှာ ပြောင်းလဲမှုသာမက မျက်စိကိုလည်း အတွင်းဘက် စောင်းပေးရသေးတယ်။ ယင်းပြောင်းလဲမှု နှစ်မျိုးလုံး အစဉ်အမြဲ ဒွန်တွဲပြီးရှိတယ်။

မျက်စိမှုန်တဲ့အခါ အနီးအဝေးရှိ အရာဝတ္ထုများ ကြည်လင် ပြတ်သားအောင် မမြင်ရဘဲ မျက်စိကိုလွန်စွာ အားစိုက်ရလို့ မျက်စိညောင်းခြင်း၊ ကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုး၊ နောက်ကြောတက်ခြင်း တို့ခံစားရလေ့ ရှိတယ်။ မျက်စိမှုန်ခြင်း ကြောင့် မအီမသာ ဖြစ်ခြင်း၊ စိတ်ဓာတ် အားလျော့ခြင်း၊ စိတ်ဆင်းရဲ ပင်ပန်းခြင်း၊ အိပ်မပျော်ခြင်း စတာတွေ ဖြစ်လာနိုင်တယ်။ မျက်စိမှုန်ပြီး မျက်စိ ညောင်းညာ ကိုက်ခဲလေ့ ရှိသူများဟာ အများအားဖြင့် တစ်ရက်တာ အလုပ်လုပ်ပြီး ညနေပိုင်း ပိုဖြစ်တတ်တယ်။

မျက်စိမှုန်ခြင်း အမျိုးမျိုးရှိတဲ့အနက် အဝေးရှိ အရာဝတ္ထုတို့ကို ကောင်းကောင်း မြင်ရပေမယ့် အနီးရှိ အရာဝတ္ထု တို့ကိုကြည်လင် ပြတ်သားစွာ မမြင်ရတဲ့၊ စာကောင်းကောင်း ဖတ်လို့မရတဲ့ မျက်စိမှုန်ခြင်းကို အနီးမှုန်လို့ ခေါ်တယ်။ တစ်ဖန် အနီးရှိအရာ ဝတ္ထုတွေကို ကောင်းကောင်းမြင်ရ ပေမယ့် အဝေးရှိအရာဝတ္ထု တို့ကို ကြည်လင် ပြတ်သားစွာ မမြင်ရရင် အဝေးမှုန်ခြင်းလို့ခေါ်တယ်။

မျက်ကြည်လွှာဟာ ညီညာတဲ့ စက်ဝိုင်းလုံး မျက်နှာပြင် မဖြစ်ခြင်း၊ မျက်စိမှန်ဘီလူး အခုံး မညီညာခြင်း၊ ချို့ယွင်းခြင်း တို့ကြောင့် ပြင်ပမှ မျက်စိမှန်ဘီလူးကို ဖြတ်ပြီးလာတဲ့ အလင်းတန်းများဟာ အာရုံလွှာပေါ်မှာ အစက် တစ်ခုတည်း စုပြီးပုံရိပ် မထင်လို့ မျက်စိမှုန် ရခြင်းလည်း အချို့သူများ ဖြစ်တတ်တယ်။ ယင်းအပြင် အတွင်းတိမ်၊ ရေတိမ်စတဲ့ မျက်စိရောဂါ တွေကြောင့် မျက်စိမှုန်ခြင်း ဖြစ်ရတတ်တယ်။

အနီးမှုန်

အနီးမှုန်ခြင်းဟာ အသက် ၃၅ နှစ် မှ ၄၀ နှစ်ကစလို့ မှုန်လေ့ရှိတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့ အခါ စက္ခုမှန်ဘီလူးရဲ့ အနေအထားကို ပြုပြင်ပေးနိုင်တဲ့ စွမ်းရည် လျော့နည်းလာလို့ အနီးမှုန်လေ့ ရှိတယ်။ အသက် ၇ဝ ခန့်မှာ စက္ခုမှန်ဘီလူးရဲ့ အနေအထားကို ပြုပြင်နိုင်စွမ်း လုံးဝမရှိ သလောက်ဖြစ်တယ်။ ယင်းကို သက်ကြီး မျက်စိမှုန်ခြင်းလို့ ခေါ်တယ်။

အချို့မှာ မွေးကတည်းက အနီးမှုန်လာပြီး အသက် ၂ဝ နဲ့ ၄ဝ ကြားမှာ သက်သာနေကာ အသက် ၄ဝ ကျော်လာတဲ့အခါ ပြန်လည်မှုန် လာလေ့ရှိတယ်။ အထူးသဖြင့် ပန်းထိမ်လုပ်သားများ၊ ရေဒီယိုပြင်သူ၊ စက်ချုပ်သူ၊ စာဖတ်သူ တွေမှာ အနီးမှုန်ခြင်း ဖြစ်တတ်တယ်။ အနီးကြည့် လုပ်ငန်းများ လုပ်ကိုင်နေသူ၊ စာများများ ဖတ်သူတို့မှာ မျက်စိမှုန်ခြင်းကို ကျော်လွန်ပြီး ကြည်လင် ပြတ်သားစွာမြင်ရဖို့ မျက်စိစူးစိုက် ရလို့ မျက်စိကိုက်ခြင်း၊ ညောင်းခြင်းတို့ ဖြစ်လေ့ရှိတယ်။

အနီးမှုန်သူများဟာ စာကြာကြာ ဖတ်နိုင်ခြင်း မရှိကြပါ။ ခဏကြည့်ရုံနဲ့ မျက်စိညောင်း လာတယ်။ အနီးမှုန် သူများဟာ အနီးရှိ အရာဝတ္ထု တစ်ခုခုကို ကြည့်မယ်ဆိုရင် ထင်ရှားပြတ်သား အောင်မြင်ရဖို့ ယင်းကို ခပ်လှမ်းလှမ်း ထားပြီးကြည့် ရတယ်။ စာဖတ်ရာမှာလည်း အခြားသူတွေထက် စာအုပ်ကို မျက်စိနဲ့ဝေးဝေး ထားပြီးကြည့်ရတယ်။ အနီးမှုန်ခြင်းဟာ ရောဂါတွေကြောင့် မဟုတ်ဘူး။ အနီးရှိ အရာဝတ္ထုတွေ ကြည့်ဖို့ သဘာဝ ပုံမှန်အားဖြင့် စက္ခုမှန်ဘီလူးကို ယင်းနဲ့တွယ်ဆက် ထားတဲ့ ကြွက်သားငယ်တွေ ရဲ့စွမ်းရည်နဲ့ အနည်းငယ် ခုံးစေခြင်းဖြင့် ရူပဗေဒသဘော အရ အလင်းတန်းများ အာရုံလွှာပေါ်မှာ စုစည်းပြီး ကျရောက်တယ်။ အနီးမှုန်ခြင်းမှာ အသက်ကြီး လာတဲ့အခါ စက္ခုမှန်ဘီလူးဟာ ပျော့ပျောင်းမှု နည်းလာကာ ငယ်စဉ်ကလို လိုအပ်သလို ခုံးမပေးနိုင်လို့ ဖြစ်တယ်။ စက္ခုမှန်ဘီလူးကို ထိန်းထားတဲ့ အဓိကလှုပ်ရှား စေတဲ့ ကြွက်သားငယ်များဟာ တောင့်တင်း သန်မာစေမှု လျော့နည်းလာလို့ စက္ခုမှန်ဘီလူးကို လိုအပ်သလို ဆွဲဆန့်နိုင်ဖို့ အားနည်း လာခြင်းကြောင့်လည်း ဖြစ်တယ်။ အချို့ငယ်စဉ် ကတည်းက စက္ခုမှန်ဘီလူး အခုံးနည်းလို့ ဖြစ်တတ်တယ်။ မျက်စိအထူးကု ဆရာဝန်နဲ့ပြသကာ ပါဝါချိန်ယူ ရမယ်။

အဝေးမှုန်ခြင်း 

အဝေးမှုန်ခြင်းဟာ လူငယ်လူရွယ် ဘဝမှာဖြစ်လေ့ ရှိတယ်။ မျက်စိအိမ် သာမန်ထက် ကြီးမား နေလို့လည်းကောင်း၊ စက္ခုမှန်ဘီလူး အခုံးလွန်လို့ လည်းကောင်း အဝေးမှစက္ခု မှန်ဘီလူးကို ဖြတ်သန်းလာတဲ့ အလင်းတန်းတို့ရဲ့ ပုံရိပ်ဟာ အာရုံလွှာရဲ့ရှေ့မှာ စုစည်း ကျရောက်နေလို့၊ အာရုံလွှာပေါ်မှာ မကျရောက်လို့ အဝေးရှိ အရာဝတ္ထုတွေကို ထင်ထင်ရှားရှား မမြင်ရပါ။ ခန္ဓာကိုယ်ကြီးထွား လာသလို မျက်စိအိမ်လည်း ကြီးထွားလာတယ်။ အသက် ၂ဝ ကျော်တဲ့အခါ ခန္ဓာကိုယ် ကြီးထွားမှု တဖြည်းဖြည်း ရပ်တန့်လာကာ မျက်လုံးအိမ်လည်း ကြီးထွားမှု ရပ်တန့်လာလို့ ဆက်လက်ပြီး အဝေးမှုန်ခြင်း ဒီဂရီ သိပ်မတက်လှပါ။ အသက် ၄ဝ ကျော်လာရင် အကြောင်း အမျိုးမျိုးကြောင့် စက္ခုမှန်ဘီလူး အခုံးလျော့နည်း လာကာ အဝေးမှုန်ခြင်း သက်သာလာလေ့ ရှိတယ်။ အချို့မျက်မှန်လွတ် သွားတယ်။

အဝေးရှိအရာဝတ္ထုကို ကြည်လင်ပြတ်သားစွာ မတွေ့မြင်နိုင်လို့ မျက်လုံးကိုအားစိုက်ပြီး ကြည့်ရဖန် များလာတဲ့အခါ မျက်စိညောင်းခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်လေ့ရှိတယ်။ အဝေးမှုန်ခြင်း ဖြစ်ခါစမှာ မျက်စိကို မသိမသာအားစိုက် ပြီး ကြည့်လို့ အဝေးမှုန်တာ မသိသာပါ။ နေမကောင်းစဉ်၊  နာလန်ထစအချိန် တို့မှာ မျက်စိညောင်းခြင်း၊ ကိုက်ခြင်း သိသာလေ့ရှိတယ်။

အဝေးမှုန်တဲ့ လူငယ်တွေဟာ အနီးကြည့်လုပ်ငန်း တွေမှာ အားစိုက်ကြည့်ဖို့ မလိုလို့ မျက်စိ အပြင်ဘက်ကို အနည်းငယ်စွေထွက် တတ်တယ်။ ငယ်စဉ်ကပင် မျက်မှန် တပ်ဆင်ဖို့ လိုအပ်ပါက မတပ်မိလို့ ကြီးပြင်းလာတဲ့ အခါ မျက်စိအလွန်မှုန်ပြီး မြင်အားပြတ်ကာ ကုသဖို့အလွန် မလွယ်ကူလှတဲ့ အခြေအနေ ရောက်ရှိသွားနိုင်တယ်။ အဝေးမှုန်နေသူ များမှာ အဝေးရှိ အရာဝတ္ထုကို ကြည်လင်အောင် မြင်ဖို့ မှန်ဘီလူးခွက် မျက်မှန် တပ်ပေးသင့်ပါတယ်။ အခြား စက္ခုမှန်ဘီလူးနဲ့ မျက်ကြည်လွှာတို့ မျက်နှာပြင် မညီညာလို့ဖြစ်တဲ့ မျက်စိမှုန်သူတို့မှာ မျက်စိကိုအလွန် အားစိုက်ကြည့်ရလို့ မျက်စိညောင်းခြင်း အပြင် ဇက်ကြောတက်ခြင်း ဖြစ်လေ့ရှိတယ်။ ၉ဝ ရာခိုင်နှုန်းဟာ မွေးစ ကတည်းက မျက်စိချို့ယွင်းမှု ပါလာလို့ အနည်းနဲ့အများ ပြောင်းလဲမှုရှိတယ်။

ယင်းမျက်စိမှုန်ခြင်း မျိုးမှာ အာရုံလွှာပေါ်မှာ ပုံရိပ် ထင်ထင်ရှားရှား စုစည်းကျရောက် စေဖို့ အထူးပြုပြင် ထားတဲ့ စလင်ဒါပါဝါပါတဲ့ မျက်မှန်မျိုး တပ်ပေးရတယ်။ မျက်စိမှုန်ရင် လူတိုင်း မျက်စိအမြင် ကြည်လင် ပြတ်သားခြင်း မရှိလို့ မကြာခဏ မျက်စိညောင်း၊ ဇက်ကြောတက်၊ ခေါင်းကိုက်ခြင်း ဖြစ်နေရင် ကျွမ်းကျင်တဲ့ မျက်စိရောဂါ အထူးကုဆရာဝန်နဲ့ ပြသရမယ်။ 

မျက်မှန်တပ်ခြင်းနဲ့ ပတ်သက်ပြီး ၂၁ ရာစု ဒီဘက်ပိုင်း ဂိမ်းဆိုင်တွေ၊ ဟန်းဆက်က ဂိမ်းတွေနှိပ်ရင်း စလင်ဒါစောင်းတဲ့ ကလေး ကစောင်း၊ အဝေးမှုန်တဲ့ ကလေးကမှုန်၊ မျက်စိအထူးကုတွေ ပိုပြီးအလုပ်ရှုပ်တဲ့ ကာလတစ်ခုကို ရောက်လာပါတယ်။ မျက်မှန်တပ်ရလို့ အမြင်ကြည်လင် သွားရင် မှန်မှန်ကန်ကန် အသုံးပြုတတ်ရမယ်။ အတိုင်းထက် အလွန် ဂိမ်းဆော့ခြင်း မပြုစေသင့်ပါ။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Tuesday, March 14, 2017

စမတ်ဖုန်း ကို မပြတ်သုံးကြမည် ဆိုသော်


စမတ်ဖုန်း ကို မပြတ်သုံးကြမည် ဆိုသော် 

ဟိုယခင်ခေတ်များက လူနေအိမ် ဆောက်လျှင် အိပ်ခန်း ဆိုသည်မှာ အိပ်စက်အနားယူရုံ မျှသာ အသုံးဝင်သော နေရာဖြစ်သဖြင့် ခမ်းခမ်းနားနားကြီး မလိုအပ်ဘဲ လေဝင်လေထွက် ကောင်း၍ လုံခြုံလျှင် တော်လောက်ပြီဟု ဆိုကြသည်။ ကာလပေါ် တေးသီချင်း တစ်ပုဒ်မှာ ''သိက္ခာလည်း မကျအောင်၊ လိပ်ပြာလည်း လှအောင်၊ အိပ်ရာထဲ ကိုဝင်၊ နဖူးပေါ်လက်တင်၊ စိတ်ကူးကလေး တွေယဉ်'' ဆိုသော အုံ့ပုန်းတို့သဘာဝ ဖော်ညွှန်းသီဆိုသံကို အငြိမ့်ပွဲ များမှာ ကြားခဲ့ရဖူးသည်။ ယနေ့ကာလ ဒစ်ဂျစ်တယ်ခေတ်တွင် လွန်ခဲ့သော အတွေးအမြင်တို့ ခေတ်နောက်ကျန် လေပြီ။

ယနေ့ခေတ်လူငယ်တို့ အိပ်ခန်းမီးပိတ် အိပ်ရာထဲ ဝင်ချိန်တွင် စမတ်ဖုန်း၊ တက်ဘလက် နှင့် လက်ပ်တော့ပ် ဖန်သားပြင်ပေါ် ပြေးလွှားနေသော အလင်းရောင် ကလေးများ တလက်လက် မြင်နေရသည်။ ထိုအလင်းရောင် ကလေးများကြောင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါနှင့် သတိမေ့လျော့ တတ်သော ရောဂါတို့ စွဲကပ်နိုင်သည်ကို မသိသူများ အတွက် စိုးရိမ်မိကြောင်း ကျွမ်းကျင်သူများက ပြောကြားကြပြီး အင်္ဂလန်ရှိ အသက် ၁၄ နှစ်အောက် ကလေးငယ်များသည် အိပ်ချိန်မမှန် ခြင်းကြောင့် ဆိုခဲ့သော ရောဂါခံစား ရသူများ ဆေးရုံတက်ရောက် ကုသသူ အရေအတွက် သုံးဆ တိုးလာကြောင်း ကိန်းဂဏန်း များဖြင့် ဖော်ပြထားသည်။ ကျွမ်းကျင်သူများ၏ လေ့လာမှု စစ်တမ်းများအရ အင်္ဂလန်ရှိ ကလေးငယ် ၁ဝ ဦးလျှင် ကိုးဦး၌ စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ပ် တစ်ခုခု ရှိကြသည့်အနက် ခုနစ်ဦးက အိပ်ရာထဲတွင် ၄င်းကိရိယာကို အသုံးပြု နေကြကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်က ထုတ်ဝေသော မျက်မှောက် ဇီဝဗေဒဂျာနယ် တွင် ဖော်ပြထားသော လေ့လာမှုအရ ကလေးငယ်များ အသုံးပြုသော ကိရိယာဖန်သားပြင်မှ ထုတ်လွှတ်သည့် အပြာရောင် အလင်းတန်းသည် လူ့ဦးနှောက် အတွင်းရှိ အိပ်ပျော်အောင် ညှိပေးသော ဓာတ်များ လည်ပတ်မှုကို ရပ်တန့်သွား စေသော အာနိသင် ရှိသည်ဟု ဆိုသည်။

စမတ်ဖုန်းနှင့် တက်ဘလက် တို့ကို ခလုတ်ပိတ်ထား သည့်တိုင်အောင် အိပ်ရာထဲတွင် ထားသော် ကလေးများ အတွက် အိပ်ရေးဝဝ အိပ်နိုင်မည့် အခြေအနေကို အဟန့်အတား ဖြစ်စေကြောင်း ကလေးငယ် ၁၂၅ဝဝဝ ဦးကို လေ့လာဆန်းစစ် တွေ့ရသည်ဟု ၂ဝ၁၆ ခုနှစ် နိုဝင်ဘာတွင် လန်ဒန်ဘုရင့် ကောလိပ်ကျောင်းက ပုံနှိပ်ထုတ်ဝေသော ဆေးပညာဂျာနယ်၌ ဖော်ပြထားသည်။ ကောင်းစွာ အိပ်မပျော်သော ဘဝဖြင့် ကြီးပြင်းလာရသော ကလေးများ သည် ခန္ဓာကိုယ် အလေးချိန်နှင့် ဆက်စပ်ဖြစ်ပွား တတ်သည့် ဆီးချို၊ သွေးချို ကဲ့သို့သော ရောဂါဖြစ်နိုင်ခြေ များကြောင်းလည်း သိရသည်။

ကနေဒါနိုင်ငံက ၂ဝ၁၄ ခုနှစ်တွင် ထုတ်ဝေသော ပြည်သူ့ကျန်းမာရေး ဂျာနယ်၌ အသက်ကိုးနှစ်မှ ၁၁ နှစ်အရွယ်ရှိ ကလေးများသည် အိပ်ရာထဲသို့ စမတ်ဖုန်း၊ တက်ဘလက် နှင့် လက်ပ်တော့ပ် တစ်ခုခုကို ယူသွားလေ့ ရှိကြခြင်းကြောင့် ၄ င်းတို့အတွက် အအိပ်ပျက်ခြင်းနှင့် ခန္ဓာကိုယ် အလေးချိန် ကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ အိပ်ရေးပျက်ခြင်းသည် ဆာလောင် မွတ်သိပ်မှုကိုပါ အဟန့်အတား ဖြစ်စေနိုင်သည့် အပြင် ဆယ်ကျော်သက် များနှင့် လူလတ်ပိုင်း အရွယ်များအတွက် အသက်အရွယ် ကြီးပြင်းလာသောအခါ ဦးနှောက်ပိုင်းဆိုင်ရာ အားနည်းချက်များ ခံစားရသည့် အန္တရာယ်ရှိကြောင်း ပညာရှင်တို့က သတိပေးထား ကြသည်။ လူတစ်ယောက်အဖို့ အသက် ၂၁ နှစ်အရွယ် အထိ ဦးနှောက်ဖွံ့ဖြိုးရေး အကောင်းဆုံး အချိန်ဖြစ်ပြီး အိပ်စက် အနားယူချိန်က ဦးနှောက်ဖွံ့ဖြိုးရေး အတွက် အများဆုံး အထောက်အကူ ပြုသဖြင့် ကလေးများ မှတ်ဉာဏ် ကောင်းစေရန် အိပ်ရေးဝအောင် အိပ်စေရမည် ဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ် အတွင်း အင်္ဂလန် ကျန်းမာရေးဂျာနယ် ၌ ဆယ်ကျော်သက်များ အနေဖြင့် အိပ်ရာမဝင်မီ မိုဘိုင်းလ်ဖုန်း ပိတ်ပြီးမှ အိပ်ရာဝင်ခြင်းသည် အန္တရာယ် ကင်းကြောင်းကို ကျောင်းသင်ခန်းစာ တွင် ထည့်သွင်းရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ဖော်ပြထားသည်။ ကျောင်းသင်ခန်းစာ တွင် ထည့်သွင်းရန် အစီအစဉ်ရှိ သကဲ့သို့ မိဘများကလည်း စံနမူနာကောင်း ပြရမည်ဖြစ်သည်။ မိဘများက ဖန်သားပြင်ကို ကြည့်ရှု နေချိန်တွင် အိပ်ခန်းအတွင်းမှ သားသမီးများ ကလည်း ဖန်သားပြင် ကြည့်ရှုနေကြမည် ဖြစ်သည်။ ကလေးများ အိပ်ခန်းအတွင်းသို့ မိုဘိုင်းလ်ဖုန်း၊ တက်ဘလက် နှင့် လက်ပ်တော့ပ် မယူရန် တားမြစ်ခြင်းသည် ပျော်ရွှင်မှုကို ပိတ်ပင်ခြင်း ဖြစ်သည်ဟူသော အယူအဆကို မိဘများကလွဲမှား နားလည်နေကြသည်။ ကလေးများ အသုံးပြု နေကြသော နည်းပညာပစ္စည်း ကိရိယာတို့ကို အလွန်အမင်း အသုံးပြုလျှင် ကျန်းမာရေး ထိခိုက်နိုင်သည်ကို ပြောဆိုသူ မိဘ အနည်းငယ်သာ ရှိခြင်းသည် ကလေးများ အနာဂတ်အတွက် စိုးရိမ်ဖွယ် ဖြစ်ကြောင်း ဒေါက်တာ နဲလ်စတန်လေ က ပြောကြား ထားသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်မှစ၍ တန်ဖိုးသင့်တယ်လီဖုန်းများရောင်းချပေးပြီး ၂ဝ၁၄ ခုနှစ်မှစ၍ ငွေကျပ် ၁၅ဝဝ တန်ဆင်းကတ်များ ရောင်းချပေးခဲ့သဖြင့် စမတ်ဖုန်း အသုံးပြုသူ အရေအတွက် များပြားလျက်ရှိရာ လူငယ်နှင့် လူလတ်ပိုင်းအရွယ်များ စမတ်ဖုန်းကို မပြတ်သုံးကြမည် ဆိုသော် ကျန်းမာရေး အတွက် ထိခိုက်နိုင်ကြောင်း ပညာရှင်တို့ လေ့လာတွေ့ရှိချက် ကို စေတနာကောင်းဖြင့် တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

အစာကို အချိန်မှန်စားခြင်းဖြင့် အစာအိမ်ရောဂါမှ ကာကွယ်နိုင်


အစာကို အချိန်မှန်စားခြင်းဖြင့် အစာအိမ်ရောဂါမှ ကာကွယ်နိုင်

ကြည်လွင်မြင့် (မုဒြာ)

''အစာကို အချိန်မှန်စားသူ အတွက် အစာကြေဆေးမလိုပါ'' ဟူသော စကားရှိသည်။ လူတစ်ဦးသည် ပုံမှန်အားဖြင့် တစ်နေ့သုံးကြိမ် အစာစားရန် လိုအပ်သည်။ အချိန်အားဖြင့် နံနက် ၆ နာရီမှ ၈ နာရီအတွင်း နံနက်စာ၊ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း နေ့လယ်စာ၊ ညနေ ၆ နာရီမှ ည ၈ နာရီအတွင်း ညနေစာစားနိုင်လျှင် အသင့်လျော်ဆုံး ဖြစ်သည်။ ထိုအချိန်ထက် နောက်ကျသော ညဥ့်စာသည် အပုပ်စာဟု ခေါ်သဖြင့် ရောဂါဖြစ်စေနိုင်သည်။

အစာအိမ်ရောဂါ မှန်သမျှသည် အစာမကြေခြင်းမှ စသည်။ အစာမကြေခြင်း သည်လည်း အစာစားချိန် မမှန်ခြင်းမှ စသည်။ အစာခြေရည် ထွက်သောအချိန်၊ တစ်နည်းအားဖြင့် ဝမ်းမီးတောက်သော အချိန်တွင် အစာမစားရဘဲ နောက်ကျမှ စားသောအခါ ဝမ်းမီးအားနည်း သွားသဖြင့် အစာမကြေ ဖြစ်ရသည်။ ရောဂါမှန်သမျှသည် အစာမကြေခြင်း မှစသည်ဟု ဆိုသဖြင့် နောက်ဆက်တွဲ ရောဂါ အမျိုးမျိုး ဝင်လာနိုင်သည်။

အစာမကြေခြင်းကြောင့် ဖြစ်လေ့ရှိသော နောက်ဆက်တွဲရောဂါ များမှာ အစာအိမ် ရောင်ခြင်း၊ အစာအိမ်အနာ ဖြစ်ခြင်း၊ အစာအိမ်မှ အထွက် အူသိမ်ဦးပိုင်းတွင် အနာဖြစ်ခြင်း၊ ထို့ထက်ဆိုးလျှင် အစာအိမ်နှင့် အူများတွင် သွေးယိုခြင်း၊ သွေးကြော စိမ့်ပေါက်ခြင်း တို့ဖြစ်နိုင်သည်။

ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများသည် အချိန်မှန် ထမင်းစားချိန် ပေးထားသဖြင့် အစာအိမ်ရောဂါ အဖြစ်နည်းသည်။ အရောင်းအဝယ် အသွားအလာများ သူများမှာ အရောင်းအဝယ် ပါးချိန်၊ အလုပ်အားလျှင် အားသလို ထမင်းစားကြ ရသဖြင့် အချိန်မှန်မစားနိုင် ကြပေ။ အချို့ဈေးရောင်းသူ များမှာ နေ့လယ်စာကို မွန်းလွဲ ၂ နာရီ၊ ညနေ ၃ နာရီခန့်မှ စားကြရသူများ ရှိကြသည်။ ထိုအခါ စားချိန်လွန် နေသဖြင့် အစာအိမ်မှ အစာချက် အားနည်းပြီး အစာအိမ်ရောဂါ ရလာနိုင်သည်။ ဆာချိန်က မစားရဘဲ မဆာသောအချိန်မှ စားရခြင်း ကြောင့်လည်း အစာအိမ်ရောဂါ ရနိုင်သည်။

'မဆာက မစားရ' ဟူသော ရှေးမြန်မာ လူကြီးများ ဆိုစကားရှိသည်။ လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်သော အလုပ်ကို ထိုင်လုပ်နေပြီး မဆာဘဲ ပါးစပ်မှတရစပ် စားနေလျှင်လည်း အစာအိမ်ရောင် ရောဂါ ဖြစ်နိုင်သည်။

ယခုခေတ်တွင် ဂိမ်းဆိုင်ထိုင်ပြီး တစ်နေကုန် ကစားနေသူ လူငယ်များ၊ အင်တာနက်နှင့် အချိန်ကုန်နေသူ များတွင် အစာအိမ်ရောဂါ အမျိုးမျိုးနှင့် ဆီးချုပ်၊ ဝမ်းချုပ်ရောဂါတို့ ဖြစ်ပွားနေသည် ကိုတွေ့ရှိရသည်။ အချို့ လူငယ်များသည် အင်တာနက်ဆိုင် တွင်ထိုင်ရင်း အစားအသောက် မှာစားကာ ထိုင်ရာမထ စားသောက်တတ် ကြသည်။ တက်ကြွ လှုပ်ရှားရမည့် အရွယ်တွင် အထိုင်များခြင်း သည် မကောင်းပေ။

အချိန်ကို မျှတအောင် အသုံးချတတ်မှသာ လူတော်လူကောင်း ဖြစ်နိုင်ပေသည်။ အစာစားချိန် မမှန်သူများ၊ အစာမကြေ သူများ၏ နောက်ဆက်တွဲ ဒုက္ခမှာ ဝမ်းချုပ်ခြင်းပင် ဖြစ်သည်။ ဝမ်းချုပ်သူ များ၏ နောက်ဆက်တွဲ ရောဂါမှာ ဝမ်းညှစ်ရဖန်များ သဖြင့် စအိုဝသွေးကြောများ ရောင်လာပြီး လိပ်ခေါင်းရောဂါ ဖြစ်ရခြင်းဖြစ်သည်။ လိပ်ခေါင်းရောဂါ မှာ စောစောသိလျှင် ဝမ်းမှန်အောင် ပြင်ရုံနှင့် ပျောက်ကင်းနိုင် သော်လည်း နောက်ကျသွားလျှင်၊ မကုဘဲနေလျှင် ခွဲစိတ်ကုသ ရသော အဆင့်သို့ ရောက်သွား နိုင်သည်။

အစာကို အချိန်မှန် မစားနိုင်သူများ အတွက် အချိန်လွန်သွားမှ စားရလျှင် များစွာမစားဘဲ လျှော့စားခြင်းဖြင့် အစာအိမ်ရောင် ခြင်းကို ကာကွယ်နိုင်သည်။ အချိန်လွန်မှ စားရလျှင် ထမင်းမစားဘဲ အရည်သောက် ပါသော ခေါက်ဆွဲပြုတ်၊ ဆန်ပြုတ်၊ အသီးဖျော်ရည်၊ အသားကိုနူးအောင် ပြုတ်ထားသော စွပ်ပြုတ်၊ ဖက်ထုပ်ပြုတ်၊ ကြက်ပေါင်းရည်၊ ငါးပေါင်း စသော နူးညံ့သော အစာကြေလွယ်သော အစာမျိုးကိုသာ စားသောက်သင့် ပေသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Monday, March 13, 2017

အစေ့စားသီး နှင့် အခွံမာသီးများကို လုံလောက်စွာ မစားသောကြောင့် နှလုံးရောဂါဖြစ်ပွားမှုမြင့်မားနေ



နယူးယောက် ၊ ၁၃-၃-၂၀၁၇

ကမ္ဘာတစ်ဝန်းတွင် လူသေဆုံးမှု အများဆုံး ဖြစ်စေသော ရောဂါတစ်မျိုး ဖြစ်သည့် နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မား နေရခြင်းသည် အစေ့စားသီး နှင့် အခွံမာသီး များကို လုံလောက်စွာ စားသုံးခြင်း မရှိသည့် အတွက်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ထုတ်ပြန် ကြေညာသည်။

နှလုံးရောဂါ အမျိုးအစား အမျိုးမျိုးဖြစ်သည့် နှလုံးခုန် ရုတ်တရက် ရပ်တန့်ခြင်း၊ နှလုံးသွေးညှစ်အား နည်းခြင်း၊ လေဖြတ်ြခင်း အစရှိသည် တို့ကြောင့် လူသေဆုံးမှု နှုန်းသည် နှစ်စဉ်သန်းနှင့်ချီ ရှိနေပြီး ၂ဝ၁၂ ခုနှစ် တစ်နှစ်တည်း တွင်ပင် နှလုံးရောဂါ ဖြစ်ပွားသေဆုံးသူ ဦးရေသည် ကမ္ဘာတစ်ဝန်းတွင် ၁၇ ဒသမ ၅ သန်းထက် မနည်း ရှိခဲ့ရာ တစ်ကမ္ဘာလုံး အကြောင်း အမျိုးမျိုးကြောင့် လူသေဆုံးမှု၏ ၃၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

''အစားအစာကို ကျန်းမာရေး နဲ့ ညီညွတ် မျှတအောင် မစားကြတဲ့ အတွက် နှလုံးရောဂါ အပါအဝင် ရောဂါမျိုးစုံ ဖြစ်ပွားရတာပါ'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။ အစေ့စားသီးများ၊ အခွံမာသီး များနှင့် ဟင်းသီးဟင်းရွက် များကို လုံလောက်အောင် မစားပေးခြင်း၊ ဆားကဲ့သို့ အငန်ဓာတ်ကို လွန်ကဲစွာ စားသုံးခြင်း၊ အဆီအအိမ့် များကို မရှောင်နိုင်ခြင်း၊ နေထိုင်မှုပုံစံ မှားယွင်းခြင်းနှင့် ကိုယ်လက်လှုပ်ရှား မှုနည်းပါးခြင်း တို့ကြောင့် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားရခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Friday, March 10, 2017

အထိုင်များခြင်းနှင့် ကျန်းမာရေး


အထိုင်များခြင်းနှင့် ကျန်းမာရေး

( ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ )

အကြာကြီး ထိုင်နေလျှင် ကျွန်ုပ်တို့၏ ဇီဝဓာတ် ဖြစ်ပျက်မှုကို ဆိုးရွားစေရုံ မကဘဲ ကျွန်ုပ်တို့ကို ရုပ်အိုစေသည်။ လတ်တလော အသစ်လေ့လာ တွေ့ရှိမှုအရ တစ်နေ့လျှင် ၁ဝ နာရီထက် ပိုမိုထိုင်နေပါက ကျွန်ုပ်တို့၏ရုပ်ရည်ကို အိုမင်းရင့်ရော် စေနိုင်သည်။ ဤအချက်ကို အောက်ဖော်ပြပါ သုတေသနမှ တွေ့ရှိခဲ့သည်။

ကယ်လီဖိုးနီးယား တက္ကသိုလ်တွင် အသက် ၆၄ နှစ် မှ ၉၅ နှစ်ရှိ အမျိုးသမီးပေါင်း ၁၅ဝဝ ကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ၄င်းတို့၏ တွေ့ရှိချက်မှာ တစ်နေ့လျှင် ၁ဝ နာရီထက်ပို၍ အထိုင်များပြီး လေ့ကျင့်ခန်း အနည်းငယ်သာ လုပ်သော အမျိုးသမီးထုသည် ၄င်းတို့နှင့် သက်တူရွယ်တူ အထိုင်နည်းသော အမျိုးသမီးများနှင့် ယှဉ်လျှင် ရှစ်နှစ်ခန့်ပိုမို အိုမင်းသွားကြောင်း တွေ့ရှိရသည်။ အထိုင်များသည့် အမျိုးသမီးများ၏ ဆဲလ်ထဲတွင် ရှိသော တီလိုမီယား များ တိုသွားစေသည်။ တီလိုမီယား များသည် ကျွန်ုပ်တို့၏ ဆဲလ်များ ယိုယွင်းပျက်စီး မှုကို ကာကွယ်ပေးသည့် အစိတ်အပိုင်း တစ်မျိုးဖြစ်သည်။ တီလိုမီယား များသည် သဘာဝအတိုင်း ဆိုလျှင် အသက်အရွယ် တဖြည်းဖြည်းကြီး လာသည်နှင့်အမျှ တဖြည်းဖြည်း တိုလာမည် ဖြစ်သည်။

တီလိုမီယားများ တိုသွားခြင်းသည် နှလုံးသွေးကြော ကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ ကြီးများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။ ထို့ပြင် ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း များသည်လည်း တီလိုမီယား များကို တိုစေသည်။

အထိုင်များလျှင် ခန္ဓာကိုယ်ရှိ ဆဲလ်များ အသက်ကြီး လွယ်သည်။ အိုမင်းလွယ်သည်။ အသက်မှန်နှင့် ခန့်မှန်းသက် မတူပါ။ ၄င်းတို့၏ တွေ့ရှိချက် နောက်တစ်ခုမှာ အထိုင်ကြာ သော်လည်း တစ်နေ့လျှင် ကိုယ်လက်လှုပ်ရှား မှု နာရီဝက်ခန့် ပြုလုပ်ပါက တီလိုမီယား တိုခြင်းကို မဖြစ်စေပါ။ ထို့ကြောင့် မိမိတို့၏ လုပ်ငန်းသဘော သဘာဝအရ အထိုင်ကြာသည့် အလုပ်ကို လုပ်ရလျှင် ကိုယ်လက် လှုပ်ရှားမှုကို ပြုသင့်သည်။

ကြာကြာထိုင်ခြင်းသည် ဝခြင်း၊ အဝလွန်ခြင်း၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် အရွယ်မတိုင်မီ သေဆုံးခြင်း တို့နှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။ သုတေသီ တို့တွေ့ရှိသည်မှာ အချိန်ကာလ ကြာမြင့်စွာ ထိုင်ခြင်းသည် ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်မှု နှုန်းကို လျော့ကျစေသည်။ ဤဇီဝဖြစ်ပျက်မှုနှုန်း နှင့် ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်၊ သွေးပေါင်ချိန်နှင့် အဆီဓာတ်များ ဆက်နွှယ်နေသည်။ အဆီဓာတ်များ ချေဖျက်မှုနည်း သွားလျှင် အဝလွန်မှု ဖြစ်လာသည်။ ကာလကြာရှည်စွာ ငုတ်တုတ်ထိုင်ခြင်း ဟု ဆိုရာဝယ် ကွန်ပျူတာဖြင့် ထိုင်ပြီး အလုပ်လုပ်ခြင်း၊ တီဗွီထိုင်ကြည့်ခြင်း၊ ကားထဲတွင် ထိုင်နေခြင်း၊ အိမ်အလုပ် ထိုင်လုပ်ခြင်း အစရှိသော ထိုင်ခြင်းအားလုံး ကိုဆိုလိုသည်။ ဤဆောင်းပါးမှ အကြံပြု ထားသည်မှာ ကျွန်ုပ်တို့အားလုံး တစ်ပတ်လျှင် အနည်းဆုံး ၁၅ဝ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုပြီး ငုတ်တုတ်ထိုင်သည့် အချိန်များကို လျှော့ချသင့်ကြောင်း အကြံပြု ထားသည်။

Ref; The Times of India (January 21)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)
Related Posts Plugin for WordPress, Blogger...