Social Icons

Pages

Thursday, December 6, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အီတလီ ဂန္တဝင် တေးဂီတ ဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှု အားပေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အီတလီ ဂန္တဝင် တေးဂီတ ဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှု အားပေး
-
နေပြည်တော် ဒီဇင်ဘာ ၅ 
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည့် အီတလီနိုင်ငံမှ စန္ဒရားပညာရှင် Ms.Raffaella နှင့် တယောပညာရှင် Ms. Natascia Gazzana တို့၏ အီတလီဂန္ထဝင် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။
-
ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဦးခင်မောင်ချို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးဟန်ဇော်နှင့်ဇနီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Alessandra Schiavoက အီတလီဂန္ထဝင် တေးဂီတဖျော်ဖြေပွဲနှင့် စပ်လျဉ်း၍ မိတ်ဆက်စကား ပြောကြားသည်။
-
ထို့နောက် စန္ဒရားပညာရှင် Ms. Raffaella နှင့် တယောပညာရှင် Ms. Natascia Gazzanaတို့က အီတလီဂန္ထဝင် တေးသီချင်းများ ဖြစ်ကြသည့် အာဗီဗာလ်ဒီ၏ ဆိုနာတာအမှတ်၂ တီးကွက် ၃၁၊ အန်ပါဂါနီနီ၏ ဆိုနာတာ၊ ဂျီရော့စီနီ၏ တယောနှင့် စန္ဒရားတီးကွက် အမြူးနှင့် ဘီဘာတော့ခ်၏ ရိုမေးနီးယား အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အီတလီဂန္ထဝင် တေးသီချင်းများကို တီးခတ်ဖျော်ဖြေကြသည့် စန္ဒရားပညာရှင်  Ms. Raffaella နှင့် တယောပညာရှင် Ms.Natascia Gazzana တို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
-
ထို့နောက် ဖျော်ဖြေပွဲအစီအစဉ် ဒုတိယပိုင်းတွင် စန္ဒရားပညာရှင် Ms. Raffaellaနှင့် တယောပညာရှင် Ms. Natascia Gazzana တို့က အီတလီဂနဝ္ထင် တေးသီချင်းများ ဖြစ်ကြသည့် အာကော်ရယ်လီ၏ ဆိုနာတာအမှတ် ၅ တီးကွက် ၁၂ (စိတ်ရိုင်း)၊ အေဘလော့ခ်ျ၏ လက်စွမ်းပြ နီဂွန်းအမှတ် ၂ (ဘားလ်ရှမ်)နှင့် အန်ရိုတ၏ လက်စွမ်းပြတယောနှင့် စန္ဒရားတီးကွက်(ဒေါသအိုးကွဲ) တို့ဖြင့် ဆက်လက် တီးခတ်ဖျော်ဖြေကြကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...