Social Icons

Pages

Thursday, November 1, 2018

မီဒီယာရဲ့ ဖုံးကွယ်မှုနောက်မှာ ပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲမှ ဆွေးနွေးမှုများ

မီဒီယာရဲ့ ဖုံးကွယ်မှုနောက်မှာ ပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲမှ ဆွေးနွေးမှုများ
ယမန်နေ့မှအဆက်

မစ္စတာရစ်ဟိုက်ဇမန်း - ဘင်္ဂါလီတွေရဲ့ယဉ်ကျေးမှုက ပင်ကိုအားဖြင့် ဒီမှာရှိတဲ့ယဉ်ကျေး မှုထက် အများကြီးပိုပြီး ရုန့်ရင်းကြမ်းတမ်းပါတယ်။ တကယ်လို့ ကျွန်တော်ပြောတာမယုံ ဘူးဆိုရင် ဘင်္ဂါလီဗီဒီယိုတွေကို ကြည့်ကြည့်လိုက်ပါ။ သူတို့မှာ ဝါဒဖြန့်ထားတဲ့ ဗီဒီယိုတွေ အများကြီးရှိပါတယ်။ သူတို့ကိုယ်သူတို့ အားပေးအားမြှောက်လုပ်ထားတဲ့ အဲဒီဗီဒီယိုတွေက အခုဆိုရင်ခေတ်စားနေပါပြီ။ လက်နက်ကိုင်ထားတဲ့ အမျိုးသားတွေ၊ မျက်နှာဖုံးအနက် တပ်ထားတဲ့ အမျိုးသားတွေ အစရှိသည်ဖြင့် လူအမျိုးမျိုးက ပြေးလွှားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ပြောတဲ့ အကြောင်းအရာတွေကို ဘာသာပြန်ကြည့်တဲ့အခါ ''ငါတို့ ဗုဒ္ဓ ဘာသာဝင်တွေကို သတ်မယ်၊ ရခိုင်ပြည်နယ်ကို ငါတို့ရအောင်ယူမယ်၊ ရခိုင်ပြည်နယ်က အစ္စလာမ်တွေ အတွက်သာဖြစ်တယ်'' လို့ ပြောဆိုနေကြတာကို ကြားရမှာဖြစ်ပါတယ်။
သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ယူကျုပေါ်မှာ  ဝါဒဖြန့်ဗီဒီယိုတွေ အများကြီးရှိပါတယ်။ အဲဒီဗီဒီယိုတွေထဲမှာလည်း အလားတူပဲ ပြောထားတာဖြစ်ပါတယ်။ အဲဒီဗီဒီယိုတွေထဲမှာ အကျဉ်းသားတွေနဲ့ စစ်ကြောရေး လုပ်တဲ့ဟာတွေလည်း ရှိပါတယ်။ အကျဉ်းသား အများအပြားရဲ့စစ်ကြောမှုကိုကြည့်မယ်ဆိုရင် သူတို့ဟာ မာလာဝီဘာသာရေးဆရာတွေ ရဲ့အမိန့်နဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ရတာဖြစ်တယ်။ အဲဒီလိုမှမလုပ်ရင် ခေါင်းဖြတ်အသတ် ခံရမယ်ဆိုပြီး အကျဉ်းသားတွေက ပြောထားကြပါတယ်။ မာလာဝီဆရာတွေက နောက် ထပ်ပြောတာက အကယ်၍ အဖမ်းခံရပြီးတဲ့နောက် ARSA  အဖွဲ့နဲ့ ပတ်သက်တဲ့အကြောင်း အရာတွေကိုလည်း ထုတ်ဖော်ပြောမယ်ဆိုပါက အဲလိုထုတ်ပြောသူရဲ့မိသားစုဝင်အားလုံး အသတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။ သူတို့ကလူတိုင်းကို ဒီနည်းလမ်း အတိုင်းပဲ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။
အကျဉ်းသားတွေထဲက တစ်ယောက်က ပြန်ပြောတဲ့အထဲမှာ သူနဲ့တခြားသူတွေက တောင်ပေါ်မှာရှိတဲ့ လေ့ကျင့်ရေးစခန်း နေရာကို ဘယ်လိုသွားခဲ့ရတယ်ဆိုတာ ပါဝင် ပါတယ်။ ခက်ခက်ခဲခဲ သွားရတဲ့အတွက် ပင်ပန်းမှုနဲ့ပတ်သက်ပြီး သူတို့ထဲက တစ်ယောက်က ရေရွတ်ညည်းတွားလိုက်တဲ့အခါမှာ မာလာဝီ တစ်ယောက်က ''မင်းအနားယူချင်လား'' ဆိုပြီးမေးပါတယ်။ ပြီးတဲ့အခါကျတော့ အဲဒီ မာလာဝီက သူ့ခေါင်းကိုသူကိုယ်တိုင် ဖြတ်ပြ လိုက်ပါတယ်။ ဒါဟာ သူတို့ကိုရုန့်ရင်းကြမ်းတမ်း လာအောင်လုပ်တဲ့ သူတို့ရဲ့ဘာသာရေး ပဲဖြစ်ပါတယ်။
သူတို့ဟာအလွန်ကို အစ္စလာမ်ရဲ့ ဝါဟာဘီ အယူအဆပြင်းထန်ပါတယ်။ ဆော်ဒီအာ ရေဗျနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ဝါဟာဘီအယူအဆကို  လက်ကိုင်ထားတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာဆိုရင် တချို့ကဘာသာရေး မှိုင်းမိနေကြသူတွေဖြစ်ပါတယ်။ တချို့လူတွေဆိုရင် လုံလောက်တဲ့ ဘာသာရေးယုံကြည်မှု မရှိတဲ့သူတွေကို အချင်းချင်း ရောင်းစားမှုနဲ့ သတ်ဖြတ်မှုတွေလုပ်ပါတယ်။ အဲဒီမှာ အချင်းချင်းသတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ခုတ်ထစ်သတ်ဖြတ်ခြင်းနဲ့ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ အသတ်ခံရမှုတွေ ရှိပါတယ်။
အခုလက်ရှိ ဒုက္ခသည်စခန်းတွေကို ကြည့်မယ်ဆိုရင် အဲဒီမှာ လူသတ်တရားခံတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ဒုနဲ့ဒေးဖြစ်နေတဲ့ သတင်းတွေကိုကြားရမှာဖြစ်ပါတယ်။ဒီလို လူပြည့်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာဆိုရင် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အဓမ္မပြုကျင့်ခံရမှုတွေ ရှိနေပြီး ဖြစ်ပွားမှုနှုန်းကလည်း အလွန်မြင့်တက် လာနေတယ်လို့ ထုတ်ဖော်ပြောလာပါတယ်။
ဒါပေမဲ့  အဲဒီလိုပြဿနာတွေဖြစ်နေတဲ့ နေရာတွေမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်မှ မပါဝင်ပါဘူး။ အဲဒီနေရာတွေမှာ သူတို့က ဘယ်ဗုဒ္ဓဘာသာဝင်ကိုမှ အပြစ်တင်စွပ်စွဲ လို့မရပါဘူး။ ရခိုင်ပြည်နယ် အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် တခြားဝင်ရောက်နေထိုင် သူတွေကြောင့် မီးတင်ရှို့ခံရတဲ့ ကျေးရွာမရှိပါဘူး။ အသတ်ခံရတဲ့သူ မရှိပါဘူး။ ဒါ့ပြင် ဘင်္ဂါလီတွေ မရှိတဲ့နေရာမှာ ဗုဒ္ဓဘာသာဝင် တွေဟာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပါ တယ်။ ဘင်္ဂါလီတွေဟာ တခြားသူတွေထက် ရုန့်ရင်းကြမ်းတမ်းတဲ့ သူတွေကြားထဲမှာပဲ နေ ထိုင်ကြတာဖြစ်ပါတယ်။ ဒီလိုပြောလို့မယုံကြည်ဘူးဆိုရင်   ကိုယ်တိုင်မျက်စိဖွင့်ပြီး ကြည့်နိုင်ပါတယ်။
ဦးမောင်မောင်ငြိမ်း - ကျွန်တော့်ရဲ့နောက်ဆုံးမေးခွန်းကတော့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ပတ်သက်ပါတယ်။ မောင်တောခရိုင်ကနေ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ မောင်တောဒေသမှာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားလူဦးရေက ၂၅ဝဝ ဝန်းကျင်သာ ရှိပြီး ဘင်္ဂါလီလူဦးရေကတော့ ၄ဝဝဝ၄ဝ ရှိပါတယ်။ အချိုးချကြည့်မယ်ဆိုရင် ၁ အချိုး ၁၇ ဖြစ်ပါတယ်။ တောင်ပြိုလက်ဝဲမှာဆိုရင်လည်း ကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေ က ၁၉ဝဝ သာရှိပြီး ဘင်္ဂါလီတွေကတော့ ၄၅ဝဝဝဝ ရှိပါတယ်။ ဒီမှာလည်းအချိုးက ၁ အချိုး ၂၁ ဖြစ်ပါတယ်။ ဒီတော့ကျွန်တော် မေးချင်တာက မစ္စတာဟိုက်ဇမန်းအနေနဲ့ မြို၊ ဒိုင်းနက်နဲ့သက်လိုမျိုး လူနည်းစုတိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အခုထက်ပိုပြောပြ နိုင်မလား။ သူတို့အနေနဲ့ အဲဒီဒေသမှာဘယ် လိုနေထိုင်ရပါသလဲ။
မစ္စတာရစ်ဟိုက်ဇမန်း - ကျွန်တော့်အနေနဲ့ လူနည်းစုတွေနဲ့ ပတ်သက်ပြီး ခုနကပြောခဲ့ပါ တယ်။ ဒါပေမဲ့အခုဟာက နောက်ထပ်တင်ပြချက်တစ်ခုဖြစ်ပါတယ်။ ဘင်္ဂါလီတွေက လူနည်းစု တိုင်းရင်းသားတွေအနက် တချို့ကိုခေါ်ထုတ်ပြီး သတ်ဖြတ်တာကြောင့် ကျေးရွာတွေမှာရှိတဲ့ တိုင်းရင်းသားတွေအနေနဲ့ အဲဒီမှာနေဖို့ အလွန်အမင်း စိုးရိမ်ကြောက်လန့်လာပါတယ်။ ရွာထဲမှာရှိတဲ့သူတွေ အကုန်လုံး စိုးရိမ်ကြောင့်ကြမှုတွေဖြစ်၊ မလုံခြုံမှုတွေခံစားရပြီး နောက်ဆုံးရွာလုံးကျွတ် ပြောင်းပြေးကြရပါတယ်။ ဒါဟာ ဘင်္ဂါလီတွေ နယ်မြေလုတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူတို့က အဲဒီနယ်မြေမှာရှိတဲ့သူတွေကို သတ်မယ်။ ထွက် ပြေးသွားအောင် လုပ်မယ်။ ရွာခံတွေထွက်ပြေးသွားပြီဆိုတော့မှ ဘင်္ဂါလီတွေက အဲဒီ နေရာကို ဝင်ယူတာဖြစ်ပါတယ်။
အဲဒီလိုနယ်မြေလုမှုတွေက အခုအချိန် အထိဆက်ဖြစ်နေဆဲဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ လူဦးရေအနက် မူဆလင်က ၉ဝ ရာခိုင်နှုန်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ တခြားကိုးကွယ်သူတွေက ၁ဝ ရာ ခိုင်နှုန်းသာ ရှိပါတယ်။ သူတို့ကဘာကြောင့် အဲဒီလောက်ထိ ကြောက်လန့်နေရတာလဲ။ မောင်တောဒေသက ဗုဒ္ဓဘာသာဝင်တွေရဲ့ မြို့အဖြစ် နှစ်ပေါင်းများစွာကြာ တည်ရှိလာတာဖြစ်တဲ့အတွက် ဘင်္ဂါလီတွေက သိသာထင် ရှားတဲ့ အကြမ်းဖက်မှုနဲ့ နယ်မြေလုခြင်းကို လုပ်ဆောင်လာတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ ရာစုခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကလည်း နှစ်ပေါင်း ၂ဝဝဝ ကျော်ကြာတဲ့ ဟိန္ဒူဗုဒ္ဓဘာသာ ယဉ်ကျေးမှုထွန်း ကားခဲ့တာဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်မှာတော့ မောင်တောဒေသ တစ်ခုတည်းက ဗုဒ္ဓဘာသာ ဝင် ၃ဝဝဝဝ ခန့် အသတ်ခံလိုက်ရပြီး မူဆလင်တွေရဲ့ ကြီးစိုးမှုမြင့်မားလာတာ ဖြစ်ပါတယ်။
ဘင်္ဂါလီတွေက ဗုဒ္ဓဘာသာဝင်တွေကို  ရက်ရက်စက်စက်သတ်ဖြတ်ပြီး  ဒီလိုနည်းနဲ့ပဲ တချို့မြို့တွေမှာ မူဆလင်ဦးရေတွေ များပြားလာတာဖြစ်ပါတယ်။ ဒီမှာကျတော့ လူနည်း စုတိုင်းရင်းသားတွေက လူအင်အားလည်း နည်းတဲ့အပြင် တိုက်ခိုက်မှုလည်း မလုပ်ကြပါဘူး။ သူတို့မှာလက်နက်လည်း မရှိပါဘူး။ မူဆလင်တွေက ဓားတွေကိုင်ပြီး ကျေးရွာတစ် ရွာကို ဝင်လာတဲ့အခါ စိတ်သဘောထားပျော့ပြောင်းတဲ့ သူတို့တွေက ဘယ်လိုပြန်တိုက်ခိုက် ရမလဲ ဆိုတာကိုမသိတဲ့အပြင် တိုက်ခိုက်လိုစိတ်လည်း မရှိကြပါဘူး။
ဦးသန်းအေး - ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးမှုရဲ့ ခေါင်းစဉ်က မြန်မာနိုင်ငံအပေါ် မကောင်းတဲ့ စိတ်ထားရှိတဲ့ တချို့အစိုးရအဖွဲ့များ၊ တာဝန်မဲ့တဲ့ INGO များနဲ့ မီဒီယာတို့ ပူးပေါင်းပြီး ဖုံးကွယ်ထားမှုရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်နဲ့ အမှန်တရား ရှိနေတယ်ဆိုတာကို အဓိကထား ပြောသွားတာဖြစ်ပါတယ်။
စကားပုံတစ်ခုရှိပါတယ်။ ''အမှန်တရား ကခါးတယ်'' ဆိုတဲ့ စကားပုံပဲဖြစ်ပါတယ်။ အခုဆွေးနွေးမှုတွေက ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန်တွေကို အခု အချိန်အထိ ဖုံးကွယ်ထားသူတွေအတွက် ခါးသက်နေမှာဖြစ်ပါတယ်။ ဒါနဲ့အလားသဏ္ဌာန် တူတဲ့ မြန်မာစကားပုံ တစ်ခုရှိပါတယ်။ ဒါကတော့ ''ဟုတ်တာဆို နာလိုခံခက် အမျက် ထွက်၏'' ပဲဖြစ်ပါတယ်။ စကားပုံရဲ့ဆိုလိုရင်း အဓိပ္ပာယ်က တစ်စုံတစ်ယောက်က အမှန် တရားကိုပြောဆိုလိုက်တဲ့အခါ အပြစ်လုပ်ထားသူတွေက လက်မခံနိုင်ဘဲ သဝန်တိုကာ ဒေါသတကြီးတုံ့ပြန်တာဖြစ်ပါတယ်။
အခုဖြစ်တဲ့ပဋိပက္ခမှာလည်း ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံသား၊ ကျွန်တော်တို့ ရဲ့ကိုးကွယ်မှု ဘာသာတရားကို လူကြမ်းတွေ အဖြစ်ပုံဖော်မှုအတွက် နိုင်ငံတကာမီဒီယာ တွေမှာတာဝန်ရှိပါမယ်။  ကျွန်တော်တို့က မတရားဖိနှိပ်ခံရတဲ့ သူတွေဖြစ်ပါတယ်။ မီဒီ ယာတွေရဲ့ဖော်ပြမှုကြောင့် ကျွန်တော်တို့က အပြစ်သားတွေဖြစ်သွားပြီး  တကယ့်တရား ခံတွေက သူရဲကောင်းတွေနဲ့ နစ်နာသူတွေ ဖြစ်သွားပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာ လဲဆိုတာနဲ့ပတ်သက်ပြီး ပြောစရာ အများကြီး ရှိပေမယ့်လည်း ဒီမှာပဲရပ်လိုက်ပါမယ်။
မီဒီယာရဲ့အပြုသဘောမဆောင်ဘဲ ဘက်လိုက်တဲ့ ဖော်ပြမှုတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကျွန်တော်တို့ကိုလျင်မြန်စွာပဲ အပြစ်တင်ဝေဖန်လာတာဖြစ်ပါတယ်။ ဘာကြောင့်ဘက်လိုက်တဲ့ ဖော်ပြချက်လို့ ပြောရတာလဲ ဆိုရင် မီဒီယာသမားတွေဟာ နစ်နာ သူ တိုင်းရင်းသားတွေနဲ့ တွေ့ခွင့်ရဖို့အတွက် ရခိုင်ပြည်နယ်ကို သွားခွင့်ရခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံက Zee TV သတင်းဌာနကတော့ ဟိန္ဒူဘာသာဝင်တွေဆီကို ဦးတည်သွားခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင်တွေ ဆိုတာကလည်း တခြား တိုင်းရင်းသားတွေလိုပဲ နေအိမ်တွေကို စွန့်ခွာ ပြီး တောထဲကို ထွက်ပြေးရတဲ့သူတွေဖြစ်ပါတယ်။ နောက်ပိုင်းမှသာ မြန်မာ့တပ်မတော်က သူတို့ကို ကယ်တင်ခဲ့ရပါတယ်။ ဒီလိုခံစားရတဲ့သူတွေကိုတော့ ဘယ်မီဒီယာကမှတွေ့ ဆုံမေးမြန်းမှုတွေလုပ်ဖို့ မကြိုးပမ်းပါဘူး။
တိုင်းရင်းသားတွေရဲ့ ဒုက္ခသည်စခန်းတွေကို တာဝန်ရှိသူတွေ သွားရောက်တဲ့အခါမှာလည်း သူတို့တောင်းဆိုတဲ့ တစ်ခုတည်းသော အရာက တပ်မတော်သားတွေကို ပိုမိုစေလွှတ် ပေးဖို့ဖြစ်ပါတယ်။ အစားအစာ၊ အိုးအိမ်၊ အဝတ်အစားတွေ တောင်းဆိုတာမဟုတ်ပါဘူး။ တပ်မတော်သားတွေကိုသာ တောင်းဆိုတာဖြစ်ပါတယ်။ ဘာကြောင့်ဒီလို တောင်းဆို ရလဲဆိုရင် တပ်မတော်သားတွေကသာ သူတို့ရဲ့အသက်ရှင်သန်မှုနဲ့ အကြမ်းဖက်သမား တွေရဲ့ ခြိမ်းခြောက်မှုတွေကနေ လွတ်ကင်းအောင် လုပ်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်း သော မျှော်လင့်ချက်ဖြစ်တယ်ဆိုတာ သူတို့နားလည်လို့ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တိကျပြတ်သားစွာ ပြောရမယ်ဆိုရင် ဒီလိုမျိုး အခြေအနေတွေကို နိုင်ငံတကာက သာမက ပြည်တွင်းမှာရှိတဲ့ ဘယ်မီဒီယာကမှ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ မီဒီယာတွေက ဖုံးကွယ်ထားတဲ့ အချက်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဘင်္ဂါလီတွေက ကျွန်တော်တို့ရဲ့ တိုင်းရင်းသား လူနည်းစုတွေဆီကနေ အသံတိတ်နည်းနဲ့ နယ်မြေလုယူနေမှုလိုမျိုး  အကြောင်းအရာ တွေကို ကမ္ဘာ့နိုင်ငံတွေ သိခွင့်မရကြပါဘူး။
ဒါကြောင့် ပြည်တွင်း ပြည်ပသတင်းမီဒီ ယာတွေကို ကျွန်တော်ပြောလိုတာက လူထုဟာ ဖြစ်စဉ်ဖြစ်ရပ်ကို သိရှိဖို့ အခွင့်အရေးရှိ ရုံသာမက အဲဒီဖြစ်စဉ်ဖြစ်ရပ်ရဲ့အမှန်တရားကိုလည်း သိရှိဖို့ အခွင့်အရေး ရှိတယ်ဆိုတာပါပဲ။
အခုနစ်နာသူဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အရေး ကိစ္စဟာဆိုရင်လည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့လိုလာတဲ့ အခြေအနေ ဖြစ်လာပါတယ်။
ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ယနေ့ကုလသမဂ္ဂဟာ လွန်ခဲ့တဲ့နှစ် ၅ဝ က ကုလ သမဂ္ဂမဟုတ်တော့ပါဘူး။ အရင်ကကုလသ မဂ္ဂဆိုတာ ဂုဏ်သိက္ခာ၊ မျှတမှု၊ စာနာနား လည်မှုနဲ့ ကမ္ဘာ့ရေးရာတွေမှာ ယုံကြည်မှုရှိပြီး လေးစားရတဲ့ ကြားဝင်စေ့စပ်ပေးသူ ဖြစ်ပါ တယ်။ ကုလသမဂ္ဂရဲ့ အခြေခံအကျဆုံး စည်းမျဉ်းဖြစ်တဲ့ တခြားနိုင်ငံရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှု မရှိခြင်းဆိုတဲ့အချက်ကို ကုလသမဂ္ဂကိုယ်တိုင်က ပုံမှန်ဆိုသလို ချိုးဖောက်နေတာဖြစ်ပါတယ်။
ဒါကြောင့်အခုအချိန်ဟာ ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ဂုဏ်သိက္ခာရှိ သော၊ အတွေ့အကြုံရှိသော၊ ရိုးဖြောင့်သော၊ စွမ်းဆောင်ရည်ရှိသော လူပုဂ္ဂိုလ်တွေကိုပြန် လည်ရွေးချယ်ရတော့မယ့် အချိန်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် အရင်ဆုံးအနေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအမြဲ တမ်းအဖွဲ့ဝင်နေရာတွေကို ပြန်လည်ရွေးချယ်သင့်ပါတယ်။ ဗြိတိန်နဲ့ပြင်သစ်နိုင်ငံ တို့လိုမျိုး အင်အားကျဆင်းလာတဲ့ နိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီကနေ  နုတ်ထွက်သင့်ပြီး အိန္ဒိယနဲ့ဂျပန်လိုမျိုး  အင်အားကြီးလာတဲ့ နိုင်ငံတွေနဲ့ အစားထိုးသင့်ပါတယ်။ ဒီနိုင်ငံ တွေဟာဆိုရင် စီးပွားရေး အင်အားကြီးလာတဲ့အပြင် လူတွေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေက ကမ္ဘာအနှံ့မှာ နေရာယူနိုင်လာပါတယ်။

ဆက်လက်ဖော်ပြပါမည်။

#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...