Social Icons

Pages

Thursday, November 1, 2018

လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ဈေးကွက် ရာသီဥတုနှင့် ကျွမ်းကျင်လုပ်သားများ လိုအပ်နေ

လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ဈေးကွက် ရာသီဥတုနှင့် ကျွမ်းကျင်လုပ်သားများ လိုအပ်နေ
ရန်ကုန် အောက်တိုဘာ ၃၁
-
မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ဈေးကွက်၊ ရာသီဥတုနှင့် ကျွမ်းကျင်လုပ်သားများ လိုအပ်နေကြောင်း ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ Global World Insurance Co.,Ltd.(GWI)၌ အောက်တိုဘာ  ၂၉ ရက်ကကျင်းပသော မြန်မာနိုင်ငံ ပထမဆုံး အကြိမ်  သီးနှံအာမခံဆိုင်ရာ   အလုပ်ရုံ ဆွေးနွေးပွဲတွင် Mercy Corps (Myanmar)အဖွဲ့မှ Program   Director   Mr.Drew Johnson ကပြောသည်။
-
Mercy Corps (Myanmar) အဖွဲ့နှင့် GWI  ကုမ္ပဏီတို့သည်  Livelihood  and  Food   Security   Trust   Fund  အဖွဲ့၏ ရန်ပုံငွေ ပံ့ပိုးကူညီမှုဖြင့်  လပွတ္တာမြို့နယ်၌  ဈေးကွက်ဖြင့်ချိတ်ဆက်ခြင်း စီမံကိန်းကို ဧရာဝတီတိုင်း ဒေသကြီးအတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးဆုံး ကဏ္ဍဖြစ်သည့် ဆန်စပါးသီးနှံ မြန်မာ့အာမခံ လုပ်ငန်းကို မြန်မာနိုင်ငံ၌ စတင်အကောင် အထည်ဖော် ဆောင်ရွက်ရာ မှ တွေ့ကြုံရ သောအခက် အခဲများ၊ လေ့လာတွေ့ရှိရသော သင်ခန်းစာများနှင့် အကြုံပြုချက်များကို ပိုမို  သိရှိနိုင်ရေး ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်သည်။
-
''လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှာ ဈေးကွက်၊ ရာသီဥတုနဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့လုပ်သားတွေလိုအပ်နေပါတယ်။ မြန်မာနိုင်ငံက လယ်သမားတွေ အနေနဲ့ ငွေကြေးနဲ့ နည်း ပညာအခက်အခဲတွေ  ရင်ဆိုင်နေရတယ်။ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှာ သီးနှံအာမခံ ကဏ္ဍ လိုအပ်နေပါတယ်'' ဟု Mr. Drew Johnson ကပြောသည်။
-
GWI ကုမ္ပဏီသည်  ဆန်စပါးသီးနှံ မြန်မာ့အာမခံ လုပ်ငန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခု၌ ယခုနှစ် ဇန်နဝါရီလ ကုန်တွင်  လုပ်ကိုင်ခွင့် ရရှိသော်လည်း  ဧရာဝတီတိုင်း ဒေသကြီး၌  ယခုနှစ်  မိုးစပါးရာသီမှ  ဏငူသအ  ဏမသနြခအ အနေဖြင့် စတင် ခဲ့ပြီးနောက် တွေ့ကြုံရသည့်  အခက်အခဲများ အတွက် မြေစာရင်းရုံး၊ စိုက်ပျိုးရေး ဦး စီး ဌာန တာဝန်ရှိသူများနှင့် တောင်သူ လယ်သမားများ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
-
ထို့ပြင် အာမခံ လက်ခံခြင်းနှင့်လျော်ကြေး စိစစ်ခြင်း လုပ်ငန်းရပ်များ အဆင်ပြေချော မွေ့စေရေးအတွက် သက် ဆိုင်ရာ သီးနှံ အာမခံ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းရန် လိုအပ်ကြောင်း သိရသည်။ 
-
နေနေ 
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...