Social Icons

Pages

Thursday, April 18, 2019

လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ်ကမ်း တစ်လျှောက်၌ အပန်းဖြေ ရေကစားသူများဖြင့် စည်ကားများပြား

လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ်ကမ်း တစ်လျှောက်၌ အပန်းဖြေ ရေကစားသူများဖြင့် စည်ကားများပြား
-
နေပြည်တော်၊ ရိုးရာပွဲတော် 
-
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပြီးဆုံးပြီဖြစ် ၍ ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာ သီရိမြို့နယ် လှေခွင်းတောင်ခြေ ပေါင်းလောင်း မြစ်ကမ်းတစ်လျှောက်၌ အနယ်နယ်အရပ်ရပ်မှလာရောက်အပန်းဖြေကြသည့်  ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။ 
-
အဆိုပါ လှေခွင်းတောင်ခြေ ပေါင်းလောင်း မြစ်ဆိပ်အပန်းဖြေနေရာသို့ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်အပါအဝင် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှအများပြည်သူများသည် မော်တော်ယာဉ် များ၊ မော်တော်ဆိုင်ကယ်များဖြင့်လာရောက် အပန်းဖြေအနားယူလျက်ရှိသည်။ 
-
ဓနှစ်စဉ် နှစ်ဆန်း တစ်ရက်နေ့ရောက်တိုင်း မြစ်ကမ်းတစ်လျှောက် အပန်းဖြေ လာရောက်ရင်း ရေကစားတဲ့သူတွေ အရမ်းများတယ်။ နေပြည်တော်တင်မကပဲအနယ်နယ် အရပ်ရပ်မှ ဘုရားဖူးရင်းလာရောက်အပန်းဖြေသူများလဲ ရှိ တယ်။ ဒီနှစ်ကပိုပြီး စည်ကားများပြားပါတယ်။ မြစ်ကမ်းခြေမှာ ရေကူးကစားရန်တင်မကပဲ မြစ်အတွင်း အပျော်စီး စပိဘုတ် များလဲ ငှားရမ်းစီးနင်း နိုင်အောင်စီစဉ်ထားပါတယ်။ ဒါ့အပြင် ရေကစားကြသူများ အန္တရာယ် ကင်းရှင်းစေရန် အတွက် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရန် အတွက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပါတယ်။ 
-
ထိုအပြင် ကျေးရွာအုပ်စုမှ ဝါသနာရှင် ယိမ်းအဖွဲ့များက လည်း မြန်မာရိုး ရာ အတာသင်္ကြန် ယိမ်းအက အလှများ၊ ခေတ်ပေါ် တေးဂီတများဖြင့် ကပြဖျော်ဖြေ ကြပါတယ် ဟု ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းက ပြောသည်။ 
-
ပေါင်းလောင်း မြစ်ဆိပ် အပန်းဖြေနေရာတွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ မြစ်ကမ်းတစ်လျှောက် လာရောက် အပန်းဖြေ ရေကစားသူများ မြစ်အတွင်း အန္တရာယ် မရှိစေရန်အတွက်ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခွန်မြတ်လင်းလင်းဦးစီး ရဲတပ်ဖွဲ့ဝင် ၆ဝ ဦး၊ ဇေယျာသီရိမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့ဝင် ၇ ဦး၊ ဇေယျာသီရိမြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတိယတိုင်းမှူးဦးစီး ၁၇ ဦး၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ ကျန်းမာရေးမှူး ဦးစောမင်းဇော်ဦးစီး ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင် ၆၃ဦး ပူးပေါင်းကာ သူနာပြုယာဉ်များ၊ စပိဘုတ်များဖြင့် လှည့်လည်စောင့်ရှောက် ကြီးကြပ်ခြင်းများ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။ 
-
အောင်လှိုင်ဝင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...