Social Icons

Pages

Tuesday, July 17, 2018

Mini Budget ကာလတွင် ကုန်သွယ်မှုပမာဏ လျာထားချက်ထက် ကျော်လွန်



နေပြည်တော် ၁၇-၇-၂ဝ၁၈

ယခုနှစ် Mini Budget ကာလ၏ ပထမသုံးလ တာကာလအတွင်း ကုန်သွယ်မှု ပမာဏလျာထားချက် ထက်ပြည့်မီကျော် လွန်အောင်ဆောင်ရွက် နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် စီးပွားရေးမူဝါဒ ၁၂ ရပ်ကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံ စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍတို့ကိုချိန်ခွင် လျှာညီမျှသည့် စီးပွားရေးပုံစံများဖြင့် ဖော်ထုတ်ဆောင်ရွက် လျက်ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လည်းအဆိုပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ခံစားရရှိနိုင်မည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေး အတွက် ကဏ္ဍအလိုက်ထိရောက် ကောင်းမွန်သည့် စီမံကိန်းများရေး ဆွဲအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုများအရ မြန်မာ့ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂ဘီလီယံကျော်ဆောင် ရွက်နိုင်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၃၂ ဘီလီယံကျော်ထိ စံချိန်တင် တိုးတက်ဆောင်ရွက် နိုင်ခဲ့သည်။ ယခုနှစ် Mini Budget ကာလ၏ဧပြီ၊ မေနှင့် ဇွန်လ၊ ပထမသုံးလတာကာလအတွင်း ကုန်သွယ်မှု ပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံထိ ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏလျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် Mini Budget ကာလအတွင်း ကုန်သွယ်မှု ပမာဏတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံသတ်မှတ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့ သတ်မှတ်ဆောင်ရွက်ရာတွင် ပထမသုံးလတာ ကာလဖြစ်သော ဧပြီ၊ မေ၊ ဇွန်လတို့တွင် ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရရှိရန် လျာထားဆောင်ရွက်ခဲ့ရာ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...