Social Icons

Pages

Thursday, August 10, 2017

တောင်ပေါ်ရှိ ဘက်ဟိုးမြေကုပ်ယာဉ်ပေါ်မှ ကျလာသည့် ကျောက်တုံးကြီးနှင့် မောင်းနှင်လာသည့် ခွေးဘီလူးယာဉ်တို့ တိုက်မိရာ ယာဉ်ခေါင်းတခုလုံးပျက်စီး ငါးဦးဒဏ်ရာရ



မန္တလေး ၁၀-၈-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး မန္တလေး-ပြင်ဦးလွင် အတက်လမ်း ပြင်စာ၏ တောင်ဘက် ခြောက်မိုင်ခန့်အကွာ မိုင်တိုင်အမှတ် ၁၇/၁ နှင့် ၂ ကြားတွင် သြဂုတ် ၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က တောင်ပေါ်ရှိ ဘက်ဟိုး မြေကုပ် ယာဉ်ကြောင့် ကျောက်တုံးကြီး တစ်တုံးလမ်းပေါ်သို့ ကျလာစဉ်မန္တလေးမှ ပြင်ဦးလွင်သို့ မောင်းနှင်လာသည့် HIJET ခွေးဘီလူးယာဉ်ခေါင်းနှင့် တိုက်မိရာ ခွေးဘီလူးယာဉ်၏ ခေါင်းတစ်ခုလုံး ကြေမွပျက်စီးသွားပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် ငါးဦးလုံး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်စာရဲကင်းစခန်းမှ သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာ၏ တောင်ကုန်းပေါ်တွင် OHC ကုမ္ပဏီမှ လမ်းပြုပြင် အသုံးပြုနေသော ယာဉ်မောင်း စိုးမင်းအောင် မောင်းနှင်သည့် ဘက်ဟိုးမြေကုပ် ယာဉ်သည် မြေကုပ်ယူနေစဉ် ခွေးဘီလူးကား ခေါင်းခန့်ရှိ ကျောက်တုံးတစ်တုံး ပြုတ်ကျရာ မန္တလေးမှ ပြင်ဦးလွင်သို့ မောင်းနှင်လာသော ခွေးဘီလူးအဖြူရောင် HIJET ယာဉ်၏ ခေါင်းတည့်တည့်သို့ တိုက်ခိုက်မိသွားရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ယာဉ်မောင်း ကိုကျော်မင်း (ဘ) ဦးချစ်တီး အပါအဝင် ငါးဦးလုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ငါးဦးကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင် ခဲ့ကြောင်း၊ ယာဉ်တိုက်ခိုက်မှုကြောင့် HIJET ယာဉ်တွင် ရှေ့လေကာမှန် အက်ကွဲ၊ ရှေ့ဦးခေါင်းပိန်ချိုင့် ပျက်စီး၊ ယာတံခါး ရွက်မှန်ကွဲ၊ ယာရှေ့မီးခွက် ကွဲကာကာလ တန်ဖိုး ငွေကျပ် ခုနစ်သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ လုပ်ငန်းခွင်တွင် ပေါဆစွာ ပြုလုပ်မှုကြောင့် ကျောက်တုံး ပြုတ်ကျကာ ယာဉ်ကိုထိခိုက်မိပြီး ယာဉ်ပေါ်ပါသူများ ဒဏ်ရာရစေခဲ့သူ ယာဉ်မောင်း စိုးမင်းအောင်ကို ပြင်စာရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဇော်မင်းလေးက တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ရဲကင်းစခန်း (ပြင်စာ) က ယာဉ် (ပ) ၄၈/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ၃၃၇/၃၃၈ဖြင့် အမှုဖွင့်ထားရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...