Social Icons

Pages

Thursday, August 10, 2017

ငွေကျပ်သန်းပေါင်း ၆၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူများ၊ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်များကို တွေ့ရစဉ်။

နေပြည်တော် ၁၀-၈-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ကျဆီးကျေးရွာရှိ ကျခီး (ဘ) ဦးကျထီး၊ ကျဟယ် (ဘ) ဦးကျဖ၊ ကျဟဲ (ဘ) ဦးကျကွီးနှင့် နာအူ (ဘ) ဦးကျမူးရှီးတို့၏ နေအိမ်များအား သြဂုတ် ၈ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရသွားရောက် ရှာဖွေစစ်ဆေးရာ ၎င်းတို့၏ နေအိမ်များမှ ဘိန်းဖြူဘလောက်တုံး ၂၆ တုံး (၉ ဒသမ ၁ ကီလိုခန့်)၊ ဘိန်းစိမ်း ၁ ဒသမ ၅ ကီလိုခန့်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၉ သန်းကျော်၊ ကတ်တမင်း ၁ ကီလိုခန့်၊ အိုက်စ် ၂၀၂ ဒသမ ၅ ကီလိုခန့်၊ အက်တက်စီဆေးပြား ခြောက်သိန်းကျော်၊ ကဖင်း ၂၃၀ ကီလိုခန့်(စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၆၄၀၀၀ ကျော်)၊ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် မိုလ် ၇၀ ချောင်းနှင့် ၉၉၉ တံဆိပ်ပါ မိုလ် နှစ်ချောင်း၊ ပွိုင့် ၂၂ သေနတ် နှစ်လက်၊တစ်လုံးထိုး သေနတ် တစ်လက်နှင့် ၎င်းကျည် ၆၀ တောင့်၊ ထိုင်းဘတ်ငွေ ၁၈ သိန်း၊ တရုတ်ယွမ်ငွေ ၁၀၀၀၀၊ ရွှေထည်ပစ္စည်းမျိုးစုံ ၈၂ ဒသမ ၈၃ ကျပ်သားခန့်၊ Revo၊ Fortuner ၊ Hilux Vigo နှင့် Nissan အမျိုးအစား မော်တော်ယာဉ်ငါးစီး တို့ကို ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသူ လေးဦးအား တာချီလိတ်မြို့မ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...