Social Icons

Pages

Wednesday, August 20, 2014

မြန်မာ - ဂျပန် နှစ်နိုင်ငံ သံတမန် တည်ထောင်မှု နှစ် (၆၀) ပြည့် အထိမ်းအမှတ် ဘုန်းတော်ကြီး သင်ပညာရေး မူလတန်းလွန် ကျောင်းဆောင်သစ် ဖွင့်လှစ်


ပခုက္ကူ ၊ ၂၀-၈-၂၀၁၄

မကွေးတိုင်း ဒေသကြီး ၊ ပခုက္ကူ မြို့နယ် ၊ မြို့ခင်းသာ ကျေးရွာ ၊ ရတနာသိင်္ခ ကျောင်းတိုက် အတွင်းရှိ ဂျပန်နိုင်ငံ အစိုးရ နှင့် ပြည်သူတို့၏ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၉၆၀၇၆ ဖြင့် အသစ် ဆောက်လုပ် ထားသော အမှတ်(၁၄) ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန် ကျောင်းဆောင်သစ် ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါ ကျောင်း အတွင်း၌ ကျင်းပရာ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင် က ဂျပန် အစိုးရ နှင့် ပြည်သူများအား ကျေးဇူးတင် စကား ပြောကြား ခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး ၏ ဒုတိယ အတွင်းဝန် Mr. MIDEKI WADA က ဂျပန်သုံရုံး ကိုယ်စား နှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် ရတနာသိင်္ခ ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန် ကျောင်း၏ ကျောင်း ဆောင်သစ် ကို ဂျပန်နိုင်ငံ အသေးစား စီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်ဖြင့် တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ တွင် ကျောင်းဆောင်များ ဆောက်လုပ်ခြင်း ၊ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ စသည်တို့နှင့် သက်ဆိုင်သည့် ပညာရေး ထောက်ပံ့မှုပေါင်း ၃၁၂ ခုကျော် ထောက်ပံ့ ကူညီ ပေးခဲ့ပြီး ဖြစ်ကြောင်း နှင့် ယခုနှစ်သည် မြန်မာ - ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး သံတမန် တည်ဆောက်မှု နှစ် (၆၀) ပြည့် အထိမ်းအမှတ် နှစ်ဖြစ်သည့် အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး ကို ဆထက်ထမ်းပိုး တိုးတက် ပါစေကြောင်း ဆုတောင်း စကား ပြောကြား ခဲ့သည်။

အခမ်းအနား တွင် အမှတ်(၁၄) ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန် ကျောင်း ကျောင်းဆောင်သစ် ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး ၏ ဒုတိယ အတွင်းဝန် Mr. HIDEKI WADA နှင့် မြို့ခင်းသာ ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် ဘဒ္ဒန္တ ၀ိစာရ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါ အခမ်းအနား သို့ ပခုက္ကူမြို့ အတွင်း ရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းအုပ် ဆရာတော်များ ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကို ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးသိန်း ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ နှင့် ကျောင်းဆောင်သစ် ဖြစ်မြောက်ရေး ကော်မတီ ၀င်များ ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

အောင် (မန်းတက္ကသိုလ်)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...