Social Icons

Pages

Sunday, July 13, 2014

Miss Universe 2014 ပြိုင်ပွဲ ၀တ်စုံပြည့် အစမ်းလေ့ကျင့်မည့်နေ့ လက်မှတ်ရောင်းရငွေ များကို လူမှုရေးအဖွဲ့များသို့ လှူဒါန်းမည်


ရန်ကုန် ၊ ၁၃-၇-၂၀၁၄

အမေရိကန် နိုင်ငံ၌ ကျင်းပမည့် Miss Universe 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ မှ ကိုယ်စားပြု စေလွှတ် ယှဉ်ပြိုင်ရန် အတွက် ရွေးချယ်သော အခမ်းနား ဆုံးသော အလှမယ် ပြိုင်ပွဲကြီး၏ ၀တ်စုံပြည့် အစမ်း လေ့ကျင့်မည့်နေ့ လက်မှတ် ရောင်းရငွေ များကို လူမှုရေး အသင်းအဖွဲ့ များသို့ ပေးအပ် လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။

ဝတ်စုံပြည့် အစမ်း လေ့ကျင့်မည့် နေ့ကို ဇူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ သွားမည် ဖြစ်ပြီး ယင်းပြိုင်ပွဲ အတွက် ကြိုတင် လက်မှတ်များကို ဇူလိုင်လ ၁၈ ရက်မှ စတင်၍ Hello Madam Media Group ရုံးခန်း ၊ တိုက် ( A-3-1 ) ၊ အခန်း (၇၀၃) မြန်မာ့ ဂုဏ်ရည်အိမ်ရာ ၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ၊ ဖုန်း ၀၁- ၃၉၃၁၀၂ နှင့် ၀၁- ၃၉၂ ၀၉၉ တို့သို့ ဦးရာလူ စနစ်ဖြင့် ၀ယ်ယူ ရရှိနိုင်ကြောင်း နှင့် ၀တ်စုံပြည့် အစမ်း လေ့ကျင့်မည့် နေ့အတွက် ကြိုတင် လက်မှတ်များကို ငွေကျပ် ၇၀၀၀ ၊ ၅၀၀၀ ၊ ၃၀၀၀ နှင့် ၂၀၀၀ အသီးသီး သတ်မှတ် ထားကြောင်း သိရသည်။

ထို့အပြင် Final Show အတွက် လက်မှတ်များ ကိုလည်း ယင်းနေရာ များ၌ပင် ၀ယ်ယူရရှိ နိုင်ပြီး ငွေကျပ် ၃၀၀၀၀ ၊ ၂၀၀၀၀ ၊ ၁၅၀၀၀ နှင့် ၁၀၀၀၀ အသီးသီး သတ်မှတ် ထားကြောင်း သိရသည်။

Final Show ကို ဇူလိုင်လ ၂၆ ရက်တွင် ညနေ ၅ နာရီခွဲမှ ည ၈ နာရီအထိ ကျင်း သွာမည် ဖြစ်သည်။

ယခု ပြိုင်ပွဲတွင် ရွေးချယ်ခံ ရသူသည် အမေရိကန် နိုင်ငံ၌ ကျင်းပမည့် Miss Universe 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု စေလွှတ်ခြင်း ခံရမည် ဖြစ်ကြောင်း သိရှိရသည်။

အိအိမြတ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...