Social Icons

Pages

Sunday, July 13, 2014

အာမခံဝန်ထမ်းများ အမျိုးသားအာမခံ ကောလိပ်တွင် ဦးစားပေး တက်ရောက်နိုင်ရန် စီစဉ်


ရန်ကုန် ၊ ၁၃-၇-၂၀၁၄

အမျိုးသား အာမခံကောလိပ် တွင် အာမခံအလုပ်၌ တာဝန် ထမ်းဆောင်နေသည့် ၀န်ထမ်းများအား ဦးစားပေး တက်ရောက် နိုင်ရန် စီစဉ်ထားပြီး စိတ်ပါဝင် စားသူ ၊ တက္ကသိုလ် တစ်ခုခု မှ ဘွဲ့ရရှိပြီး သူများလည်း တက်ရောက် ခွင့်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း အာမခံကောလိပ် ကို ဖွင့်လှစ်ခြင်း သည် အာမခံ ပညာ ပြန့်ပွားရေး အတွက် အဓိက ရည်ရွယ်ပြီး နိုင်ငံတကာရှိ အာမခံ ကောလိပ်များ နှင့် ဆက်သွယ်၍ ပြည်တွင်း အာမခံ လုပ်ငန်းများ သာမက နိုင်ငံတကာ ရှိ အာမခံ လုပ်ငန်းများ ၌ပါ အသုံးပြု နိုင်သည့်ဘွဲ့များ ၊ Certificate များကိုပါ ပေးအပ် နိုင်သည့် အဆင့်ထိ သင်ကြား ပေးသွားမည် ဖြစ်သည်။ ထို့အပြင် ကောလိပ် စတင် ဖွင့်လှစ်သည့် အချိန်၌ Certificate  ပေးသော အဆင့်ဖြင့် စတင်မည် ဖြစ်ပြီး အမျိုးသား အာမခံကောလိပ် ဖွင့်လှစ် ဆောင်ရွက်ရာတွင် နိုင်ငံတော် ဘတ်ဂျက်ဖြင့် အသုံးမပြုဘဲ ပုဂ္ဂလိက အာမခံကုမ္ပဏီ များ ၊ လုပ်ငန်းရှင် ကြီးများထံမှ အလှူခံ ရရှိငွေဖြင့် မတည်နိုင်ရန် ရည်ရွယ် ထားကြောင်း သိရသည်။

အမျိုးသား အာမခံကောလိပ် ကို လာမည့် ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် စတင် အကောင် အထည်ဖော် ဆောင်ရွက် နေကြောင်း သိရှိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...