Social Icons

Pages

Wednesday, July 16, 2014

မြန်မာ - တရုတ်နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်အဝေး ကျင်းပ


နေပြည်တော် ၊ ၁၆-၇-၂၀၁၄

မြန်မာ - တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ အရ မြန်မာ - တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစည်းအဝေး ကို ဇူလိုင်လ ၁၆ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ အန်ဝှေးပြည်နယ် ၊ Huang Shan မြို့၌ ကျင်းပလျက် ရှိကြောင်း သိရသည်။

အဆိုပါ နှစ်ပတ်လည် အစည်းအဝေး သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်း ဦးဆောင်၍ နယ်စပ်ဒေသ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စုများ အပါအ၀င် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ၅ ဦး ၊ လူမှုဝန်ထမ်း ဦးစီးဌာန ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး နှင့် နိုင်ငံ ဖြတ်ကျော် မှုခင်းဌာန တို့မှ ကိုယ်စားလှယ် တစ်ဦးတို့ တက်ရောက် ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး သည် ၇ ကြိမ်မြောက် အစည်းအဝေး ဖြစ်ပြီး ၆ ကြိမ်မြောက် အစည်းအဝေး မှ ဆုံးဖြတ် ထားသည့် ကြိုတင် ကာကွယ်ရေး ၊ တားဆီး နှိမ်နင်းရေး နှင့် တရား စီရင်ရေး ၊ လူကုန်ကူး ခံရသူများကို ကာကွယ် စောင့်ရှောက်ရေး တို့ ဆွေးနွေး ကြမည် ဖြစ်သည်။ 

မြန်မာ အမျိုးသမီးများ လူကုန်ကူး ခံရပြီး အများဆုံး ရောက်ရှိခဲ့သည့် ပြည်နယ်မှာ ဟဲနန်တွင် ၄၃ ဦး ၊ ကျန်ဒေသ များမှာ ကျန်းစုတွင် ၁၇ ဦး ၊ စီချွမ်တွင် ၁၂ ဦး ၊ အန်ဝှေးတွင် ၉ ဦး ၊ ရှန်းတုန်း တွင် ၉ ဦး ၊ ဟူဘဲ တွင် ၈ ဦး ၊ ဟီဘဲ တွင် ၈ ဦး ၊ ဟူနန် တွင် ၅ ဦး ၊ ယူနန် တွင် ၄ ဦး ၊ ရှန်းဇီး တွင် ၃ ဦး နှင့် ဖူးကျန်း တွင် ၂ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ (၁၃၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...