Social Icons

Pages

Wednesday, July 16, 2014

မြန်မာ့လေကြောင်း မှ မုတ်သုံကာလ အထူးအစီအစဉ်အဖြစ် ပြည်တွင်းခရီးစဉ်များ အထူးနှုန်းဖြင့် ပြေးဆွဲ


မန္တလေး ၊ ၁၆-၇-၂၀၁၄

ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ မြန်မာ့ လေကြောင်းက ပြည်ပမှ E- Embraer အမျိုးအစား လေယာဉ်သစ်များ ၀ယ်ယူ ဖြည့်တင်းပြီး အများပြည်သူ ဈေးနှုန်း သက်သာစွာ သွားလာ နိုင်ရေးအတွက် မုတ်သုံကာလ ပြည်တွင်း ခရီးစဉ်များ အား အထူးနှုန်းဖြင့် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ပြေးဆွဲရာတွင် လေယာဉ် လက်မှတ်များကို မန္တလေး မှ ရန်ကုန်သို့ ငွေကျပ် ၃၅၀၀၀ ၊ မန္တလေး မှ မြစ်ကြီးနား သို့ ငွေကျပ် ၅၅၀၀၀ ၊ မန္တလေး မှ ကလေး သို့ ငွေကျပ် ၄၇၅၀၀ ၊ မန္တလေး မှ ဗန်းမော် သို့ ငွေကျပ် ၄၆၀၀၀ ၊ မန္တလေး မှ ခန္တီး သို့ ငွေကျပ် ၆၁၀၀၀ ၊ မန္တလေး မှ ကျိုင်းတုံ သို့ ငွေကျပ် ၇၄၅၀၀ ၊ မန္တလေး မှ ဟုမ္မလင်း သို့ ငွေကျပ် ၅၉၀၀၀ ဖြင့် ရောင်းချ ပေးလျက် ရှိသည်။

ထို့ပြင် မြန်မာ့ လေကြောင်းမှ မန္တလေး - ရန်ကုန် ခရီးစဉ်ကို နေ့စဉ် ပြေးဆွဲ ပေးလျက် ရှိပြီး မြစ်ကြီးနား သို့ တစ်ပတ်လျှင် ၅ ရက် ၊ ကလေးသို့ တစ်ပတ်လျှင် ၄ ရက် ၊ ဗန်းမော် ၊ ပူတာအို ၊ ခန္တီး ၊ ဟုမ္မလင်း နှင့် ကျိုင်းတုံ မြို့များသို့ တစ်ပတ်လျှင် ၃ ရက် ပြေးဆွဲပေးလျက် ရှိရာ လေယာဉ် လက်မှတ် များကို မြန်မာ့ လေကြောင်း မန္တလေး ဌာနခွဲ ၊ ၈၁ လမ်း ၊ ၂၅ x ၂၆ လမ်းကြား ၊ အောင်မြေသာစံ မြို့နယ် ၊ ဖုန်း ၀၂- ၃၆၂၂၁ ၊ ၀၂- ၃၆၂၂၂ တို့သို့ ဆက်သွယ် ၀ယ်ယူ နိုင်ကြောင်း သိရှိရသည်။

သီဟကိုကို (မန္တလေး)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...