Social Icons

Pages

Tuesday, July 15, 2014

အမျိုးသမီးသုံးဦးအား ထိုင်းနိုင်ငံရှိ ပွဲစားများဖြင့် ချိတ်ဆက်ပေးသူကို အချိန်မီ ဖမ်းဆီးနိုင်ခဲ့


တာချီလိတ် ၊ ၁၅-၇-၂၀၁၄

ရှမ်းပြည်နယ် ( အရှေ့ပိုင်း) တာချီလိတ်မြို့ ၌ ဇူလိုင်လ ၁၂ ရက် ညနေ ၄ နာရီက တာချီလိတ် လေဆိပ် တာဝန်ကျ တပ်ကြပ် ကျော်သိန်း မှ အမျိုးသမီးငယ် သုံးဦးအား မသင်္ကာဖွယ် တွေ့ရှိရ သဖြင့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံး သို့ ခေါ်ယူ ခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ၄င်းတို့ သုံးဦး တာချီလိတ်သို့ ရောက်ရှိပါက ထိုင်းနိုင်ငံသို့ ဆက်လက် သွားရောက်ရန် ဂိုးလ်ပါး (လူမမြင်ဖူး) ဖုန်း ၀၉- ၄၉၀ ၃၉၄၂၃ ဖြင့် ချိတ်ဆက်ပါက လာရောက် ကြိုမည် ဖြစ်ကြောင်း ပြောပြသဖြင့် တပ်ကြပ်ကြီး ချစ်ရန်း က တက္ကစီသမား အယောင်ဆောင်ကာ ဆက်သွယ်ခဲ့ပြီး ရဲအုပ် လှဘုန်း ၊ ရဲအုပ် မင်းဇော် ၊ ဒုတိယ တပ်ကြပ် အေးထွန်းဦး တို့က နောက်ယောင်ခံ လိုက်ပါခဲ့ရာ တာလော့ဈေး အနီး လာရောက် ကြိုဆိုသူ ဂိုးလ်းပါး နှင့် တွေ့ရှိသဖြင့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ် (၁) ရုံးသို့ ခေါ်ဆောင်၍ ဂိုးလ်ပါး အား စစ်ဆေးခဲ့ရာာ လွန်ခဲ့သော နှစ်နှစ်ခန့် မှစ၍ မိုးကုတ်မြို့ မှ လာရောက် သူတို့အား တည်းခို နေထိုင်စေပြီး ထိုင်းနိုင်ငံရှိ ပွဲစားများ နှင့် အကြိမ်ကြိမ် ချိတ်ဆက် ပို့ဆောင် ပေးခဲ့ဖူးကြောင်း ၊ ယခင်ကလည်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ် (၁) ရုံးတွင် လက်မှတ် ရေးထိုး ခဲ့ဖူးကြောင်း ၊ ယခု လာရောက်သူ မမာယာ ၁၃ နှစ် ၊ မရာသား ၁၃ နှစ် ၊ မမြင့်မြင့်သန်း ၁၅ နှစ် ( လူးထ ၊ မိုးကုတ်မြို့ နေသူ ) ကျောင်းသူ များအား ထိုင်းနိုင်ငံရှိ ပွဲစားများထံ ချိတ်ဆက် ပို့ဆောင်ရန် လာရောက် ကြိုဆိုခြင်း ဖြစ်ကြောင်း ၊ လူကြို လုပ်ငန်း နှင့် ငွေလွှဲ လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သည်။

အဆိုပါ အမျိုးသမီးငယ် သုံးဦးအားလည်း အိမ်ဖော်အဖြစ် စေခိုင်းရန် ထိုင်းနိုင်ငံရှိ ပွဲစားများနှင့် ချိတ်ဆက် လွှဲပြောင်း ပို့ဆောင်ပေးရန် ဆောင်ရွက် ခဲ့သူ ဂိုးလ်ပါးချက်သရီး ၂၅ နှစ် (ဘ) ဦးတိတ် ဗဟာဒူး ၊ အိမ်အမှတ် (၁/၆၂) ဆန်ဆိုင်း (ခ)ရပ်ကွက် ၊ တာချီလိတ်မြို့ နေသူကို တာချီလိတ် မြို့မ ရဲစခန်း က (ပ) ၁၄၈/ ၂၀၁၄ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၁ ဖြင့် အမှုဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။ (၄၁၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...