Social Icons

Pages

Tuesday, July 15, 2014

မန္တလေးမြို့တွင် ဧရာဝတီမြစ်အလှကို ခံစားကြည့်ရှုနိုင်မည့် ကရ၀ိတ်ရေပေါ်ဟိုတယ် တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီး


တည်ဆောက်လျက်ရှိသည့် ကရဝိက် ရေပေါ်ဟိုတယ် 

မန္တလေး ၊ ၁၅-၇-၂၀၁၄

မန္တလေးမြို့ ဂေါဝိန် ဆိပ်ကမ်း၊ မရမ်းခြံ ဆိပ်ကမ်း နှင့် မင်းကွန်း၊ ရွှေကြက်ယက် သို့ ခုတ်မောင်းမည့် ကရဝိက် ရေပေါ်ဟိုတယ် တည်ဆောက်ခြင်း လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး နေကြောင်း ကရဝိက်ဟိုတယ် ကို တာဝန်ယူ တည်ဆောက် နေသော CG- Myanmar Floating Mobile Hotel မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ကရဝိက် ရေပေါ်ဟိုတယ် ပြီးစီးပါက မင်းကွန်း၊ ရွှေကြက်ယက် သို့ ကူးခတ်ခြင်း၊ ဧရာဝတီ လင်းပိုင် များကို ကြည့်ရှုခြင်း၊ စစ်ကိုင်းတောင်ရိုး နှင့် မင်းဝံတောင်တန်း ၏ အလှအပ များကို ကြည့်ရှု ခံစားခြင်း၊ ဧရာဝတီ၏ နေဝင် ဆည်းဆာချိန် အလှများကို ဧရာဝတီ မြစ်ရေပြင် ပေါ်မှနေ၍ ကြည့်ရှုခံစား နိုင်မည် ဖြစ်ကြောင်း သိရသည်။

ကရဝိက် ရေပေါ်ဟိုတယ် ကို တည်ဆောက် ရာတွင် ကရဝိက် နှစ်ကောင်၏ အကွာအဝေး ၂၂ ပေ ရှိပြီး ကရဝိက် သင်္ဘောကြီး၏ အရှည်ပေ ၂၅ဝ၊ အကျယ်ပေ ၇ဝ၊ အမြင့်ရှစ်ပေ ရှိသည်။ ကရဝိက် ကြီးများ ထမ်းပိုး ထားသော ရေပေါ်ဟိုတယ် အဆောက်အအုံ ကို လှပသော မြန်မာမှုပန်းပု လက်ရာများဖြင့် တည်ဆောက် ထားပြီး အဆောက်အအုံ အမြင့် ၄၁ ပေ၊ အခန်းပေါင်း ၄၄ ခန်း ပါဝင် ဖွဲ့စည်း၍ တည်ဆောက် ထားသည်။ ကရဝိက် ရေပေါ်ဟိုတယ် တွင် လှပသော အခန်း ဖွဲ့စည်းမှုများ နှင့်အတူ နှစ်ယောက် အိပ်ခန်း၊ မိသားစု အိပ်ခန်းများ ပါဝင်ပြီး စားသောက်ဆိုင်၊ ဧည့်ကြိုခန်း၊ ဖျော်ဖြေရေး ခန်းများ ပါဝင်မည် ဖြစ်ကာ မြင်းကောင်ရေ ၃၆ဝ ရှိသော အင်ဂျင်စက် နှစ်လုံးဖြင့် ခုတ်မောင်း ပြေးဆွဲပေး သွားမည်ဟု သိရသည်။

ကရဝိက် ရေပေါ်ဟိုတယ် ကဲ့သို့ ပြေးဆွဲနေသော ပုဂံမင်းသမီး ကျွန်းသင်္ဘောကြီး သည် ယခု လက်ရှိတွင် မန္တလေး - ပုဂံ အစုန်အဆန် ပြေးဆွဲနေပြီး ကရဝိက် ရေပေါ်ဟိုတယ် ပြီးစီးခဲ့ပါက လှပသော ဧရာဝတီမြစ်၏ ဘေးပတ်လည်မှ တောတောင် သဘာဝ အလှအပ များကို ကြည့်ရှုခံစား နိုင်မည့် ဒုတိယမြောက် ဧရာဝတီမြစ် အတွင်းမှ ရွေ့လျား ဟိုတယ် ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...