Social Icons

Pages

Showing posts with label ရာသီဥတုဆိုင်ရာ. Show all posts
Showing posts with label ရာသီဥတုဆိုင်ရာ. Show all posts

Tuesday, November 20, 2018

အယ်နီညိုဖြစ်စဉ် အခြေအနေ

အယ်နီညိုဖြစ်စဉ် အခြေအနေ
-
နေပြည်တော် နိုဝင်ဘာ ၁၉
-
၂ဝ၁၈ ခုနှစ် နိုဝင်ဘာလလယ်အတွင်း အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက်မြင့် တက်လျက်ရှိသည်။ ခန့်မှန်းချက်များ အရ အဆိုပါပစိဖိတ် သမုဒ္ဒရာတွင် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်(နိုဝင်ဘာ-ဒီဇင်ဘာ-ဇန်နဝါရီ)လ သုံးလ ပျမ်းမျှပင်လယ် ရေမျက်နှာပြင်အပူချိန်သည် အားအနည်းငယ်မှ အသင့်အတင့် အယ်နီညိုအဆင့် သို့ ရောက်ရှိအောင် ပူနွေး နိုင်ပြီး အယ်နီညိုဖြစ်စဉ်သည် ၂ဝ၁၉ ခုနှစ် မေလအထိ ဆက်လက် ဖြစ်ပေါ်နိုင်ကာ တဖြည်း ဖြည်း အားလျော့ သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနှင့် ရာသီဥတု ခန့်မှန်းရေး ဗဟိုဌာနများမှ ထုတ်ပြန် ထားသည်။
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်(နိုဝင်ဘာ- ဒီဇင်ဘာ -ဇန်နဝါရီ) လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ ၈၄ ရာခိုင်နှုန်းအထိ ရှိ လာနိုင်ပြီး ၂ဝ၁၉ ခုနှစ်(ဇန်နဝါရီ-ဖေဖော်ဝါရီ-မတ်)လတွင် ၇၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၉ ခုနှစ်(မတ်-ဧပြီ-မေ)လတို့တွင် ၅၇ ရာခိုင်နှုန်းသို့ ပြန်လည် လျော့ကျလာနိုင်ကြောင်းကို လက်ရှိအယ်နီညိုဖြစ်စဉ်အား နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ် ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားသည်။
-
သို့ဖြစ်ရာ အယ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင် နိုင်ကြရန် အသိပေး အပ်သည်။ အယ်နီညိုဖြစ်စဉ်အား ပြောင်းလဲမှုရှိပါက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ပေးသွား မည်ဖြစ် ကြောင်း သိရသည်။
-
(မိုး/ဇလ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, August 4, 2017

စိုက်ပျိုးရာသီအတွင်း ရာသီဥတု မမှန်သော်လည်း မကွေးမြို့အနီးရှိ ကျေးရွာများ နှမ်းအထွက်နှုန်း လျော့ကျခြင်းမရှိ



မကွေး ၄-၈-၂၀၁၇

မိုးဦးကျ နှမ်းစိုက်ပျိုးမှုများ ဆောင်ရွက်ပြီး နောက်ပိုင်း ၄၅ရက် ခန့်မိုးနှင့် ဝေးကွာခဲ့သည့်အပြင် မိုးများပြန်လည် ရွာသွန်းသည့် အခါတွင်လည်း အဆက်မပြတ် ရွာသွန်းမှုများ ကြုံတွေ့ခဲ့ရခြင်းကြောင့် မကွေးမြို့အနီးရှိ ကျေးရွာများမှ တောင်သူများသည် သီးနှံပျက်စီးမှုနှင့် အထွက်နှုန်း ကျဆင်းမည်ကို စိုးရိမ်မှုများ ရှိခဲ့သော်လည်း သီးနှံပေါ်ချိန်၌ နှမ်းအထွက်နှုန်း လျော့နည်းခဲ့ခြင်း မရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

စိုက်ပျိုးပြီး နောက်တစ်လခွဲခန့် မိုးပြတ်သွားခြင်းဖြစ်၍ မြေသြဇာ ကျွေးရမည့် အချိန်နှင့် ထွန်မောင်းရမည့် အချိန်များ လွဲချော်မှုများရှိခဲ့ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် ပုံမှန်မဟုတ်သည့် မုန်တိုင်းမိုးရွာ ခြင်းများ ကြုံတွေ့ခဲ့ရ သော်လည်း မကွေးမြို့အနီး ဆားတိုင်ကန်၊မကြီးကန်၊ စမ်းကန်ကျေးရွာတို့တွင် နှမ်းတစ်ဧကလျှင် ၁ဝ တင်းမှ ၁၅ တင်း ခန့်ထိရရှိသဖြင့် မိုးလေဝသ အခြေအနေမကောင်း ခဲ့သော်လည်းယခင် နှစ်ကစံချိန်မီသည်ဟု ဆိုနိုင်ကြောင်းဒေသခံဦးမျိုးညွန့်က ပြောပြသည်။

မကွေးတိုင်း ဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ စိုက်ပျိုးရာသီချိန်တွင် မိုးနှမ်းစိုက်ဧက ၁၁၉၅၄၅၇ ဧက စိုက်ပျိုးခဲ့ပြီး မိုးဦးကျစိုက်ပျိုး ထားသည့် နှမ်းခင်းများ သိမ်းယူချိန်တွင် တစ်မြို့နယ်နှင့် တစ်မြို့နယ် ထွက်နှုန်းများ မတူနိုင် သော်လည်း ယခုနှစ်မိုးနှမ်း ထွက်နှုန်း လျော့ကျခြင်း မရှိကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။

#Yadanarpondaily

Friday, May 5, 2017

ပူပြင်းသောရာသီဥတု ဒဏ်ကြောင့် ပုစွန်များသေဆုံးမှု များပြားလာ




ရန်ကုန် ၅-၅-၂၀၁၇

ပြည်တွင်း၌ ယခုနှစ်နွေရာသီတွင် ပူပြင်းသော ရာသီဥတုဒဏ်ကြောင့် ပုစွန်များ သေဆုံးမှု များပြားလာ သည့်အပြင် ရောဂါပိုး တချို့လည်း ကျရောက်နေသဖြင့် ပုစွန်မွေးမြူရေး လုပ်ငန်းများနှင့် ပုစွန်သားဖောက်
လုပ်ငန်းများမှာ ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်ရန် အခက်အခဲများ ရှိလာကြောင်း မြန်မာနိုင်ငံပုစွန် မွေးမြူရေးလုပ်ငန်းရှင် များအသင်းမှ သိရသည်။

ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်စေရန် ထိုင်းနိုင်ငံမှ အေးခဲပုစွန်များကို တင်သွင်းနေရသည်။ ထို့ပြင် ပြည်တွင်း၌ ပုစွန်မွေးမြူရေးနှင့် သားဖောက်လုပ်ငန်းများ အတွက် ခေတ်မီနည်း ပညာများ လိုအပ်လျက်ရှိနေသည်။

မြန်မာနိုင်ငံ၌ ရေချိုပုစွန်မွေးမြူရေးနှင့် ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသော်လည်း ရေငန်ပုစွန် မွေးမြူရေးအတွက် သားဖောက်စခန်းများ မရှိသောကြောင့် ပြည်ပမှပုစွန် သားပေါက်များတင်သွင်းနေရသည်။ ရေချိုပုစွန်မွေးမြူရေးနှင့် သားဖောက်လုပ်ငန်းများ တွင်လည်းသားပေါက်များ သေဆုံးမှုနည်းပါးစေရန်နှင့် သားဖောက်နှုန်း မြင့်တက်လာစေရန် ပြည်ပနိုင်ငံများမှ နည်းပညာ အကူအညီများ လိုအပ် နေကြောင်း သိရသည်။

ပြည်တွင်း၌ ရာသီဥတုပြင်းထန်ခြင်း၊ ရောဂါပိုးများ ကျရောက်ခြင်းနှင့် သားပေါက်များ မျိုးမသန့်ခြင်းတို့သည် ပုစွန်များသေဆုံးမှု များပြားခြင်း၊ ကြီးထွားမှုနှုန်း မတူညီခြင်းတို့ ဖြစ်ပေါ်စေနိုင်သည့် အတွက် မျိုးကောင်း
မျိုးသန့် သားပေါက်များ ဝယ်ယူတင်သွင်း ရန်နှင့် ပုစွန်မွေးမြူရေး ကန်များထဲသို့ ပုစွန်သားပေါက်များ မထည့်သွင်းမီ ယင်းကန်များကို ဆေးရည်စိမ်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အကြံပြုထားကြောင်း သိရသည်။

#Themyawadydaily

Monday, March 6, 2017

ခရမ်းလွန်ရောင်ခြည် အန္တရာယ် သတိပြုပါ


ခရမ်းလွန်ရောင်ခြည် အန္တရာယ် သတိပြုပါ

နွေရာသီ ရောက်ပြီဆိုလျှင် သတိပြုရမည့် သဘာဝ ဘေးအန္တရာယ်မှာ ခရမ်းလွန် ရောင်ခြည် အန္တရာယ်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များအတွင်း ကမ္ဘာမြေပြင် အထက်ရှိ အိုဇုန်းလွှာမှာ လူတို့၏ ပယောဂဖြင့် ကာဗွန်ဒိုင် အောက်ဆိုက် ကဲ့သို့ ဓာတ်ငွေ့များ လေထုအတွင်း အလွန်အကျွံ ထုတ်လွှတ်လာ၍ တဖြည်းဖြည်း ပါးလွှာလာပြီး ကမ္ဘာမြေသို့ နေ၏အပူရှိန်နှင့် အတူပါလာသော ခရမ်းလွန် ရောင်ခြည် ကျရောက်မှု သည်လည်း တိုးလာလျက် ရှိသည်။

မြန်မာနိုင်ငံတွင် နွေကာလ၏ အပူဆုံးအချိန် ဖြစ်သည့်လများသည် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အညွှန်းကိန်း အမြင့်ဆုံးသို့ ရောက်ရှိတတ်သည်။ မတ်လမှ ဧပြီ ၊ မေလတိုင်အောင် ပူပြင်းသော နွေကာလနှင့်အတူ ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ရင်ဆိုင်ရလေ့ ရှိသည်။ ခရမ်းလွန်ရောင်ခြည် ကျရောက်ခြင်းကြောင့် နေလောင်ခြင်း၊ အသားညိုမည်းခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနှင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြင်း စသော ရောဂါများ ဖြစ်ပွားနိုင်သည်။

ယခု နွေကာလသည် အပူရှိန် ပြင်းနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ ပူပြင်းသော နေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁ဝနာရီမှ ညနေ ၄နာရီထိ ခရမ်းလွန်ရောင်ခြည် အန္တရာယ် ကို သတိပြု သွားလာရန် လိုအပ်သည်။ နေရောင်ခြည် အောက်တွင် သွားလာလှုပ်ရှား နေသူများ၊ အလုပ်လုပ်ကိုင် သူများနှင့် ကလေးသူငယ်များ အထူးသတိပြုရန် လိုအပ်သည်။ နေရောင်ခြည် အောက်တွင် မဖြစ်မနေ သွားလာနေကြ သူများ အနေဖြင့် မျက်နှာ၊ လည်ပင်း၊ ပခုံးတို့ကို လုံခြုံအောင် ဦးထုပ်၊ ထီး၊ အင်္ကျီလက်ရှည်များ ဝတ်ဆင် သွားလာသင့်သည်။

ခရမ်းလွန် ရောင်ခြည်သည် လူကြီးများထက် အသားအရေ နုနယ်သေးသော ကလေးများကို ပိုမို ထိခိုက်စေနိုင်သည်။ ကလေးမိခင်များ နေပူကျဲကျဲတွင် အကာအကွယ် မပါဘဲ သွားလာခြင်း မပြုသင့်ပေ။ ယခုနှစ် နွေကာလသည် ယခင်နှစ် နွေကာလထက် ပိုမိုပူနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားရာ ပူပြင်းသော ရာသီဥတုကြောင့် ကျန်းမာရေး ပြဿနာများ ပိုမိုဖြစ်ပွားနိုင်၍ ဂရုပြုနေထိုင်ရန် လိုအပ်သည်။ အပူလျှပ်ခြင်း၊ ဖျားနာခြင်း၊ ဦးနှောက် သွေးကြော ပြတ်ခြင်း စသော ကျန်းမာရေး ပြဿနာများ ကြုံတွေ့ရ နိုင်သည်။

သို့ဖြစ်ရာ ပူပြင်းသော နွေကာလအတွင်း လူတိုင်းလူတိုင်း နေပူထဲတွင် သတိပြု သွားလာရန် အရေးကြီးသည်။ အထူးသဖြင့် သက်ကြီးရွယ်အို များနှင့် ကလေးငယ်များ သတိပြုသင့်သည်။ ခရမ်းလွန် ရောင်ခြည် ကျရောက်မှုကြောင့် ကျန်းမာရေး ပြဿနာများ မဖြစ်ပွားစေရန် နေပူထဲတွင် သတိပြုသွားလာ ကြရမည် ဖြစ်ပါကြောင်း သတိပေး ရေးသားတင်ပြ လိုက်ရပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

Friday, January 20, 2017

၂၀၁၆ ခုနှစ်သည် ကမ္ဘာ့စံချိန်တင် အပူဆုံးနှစ် ဖြစ်ခဲ့



( ရှိန်းထက် )

၂ဝ၁၄ ခုနှစ် ကုန်ဆုံးပြီးချိန်တွင် ကမ္ဘာကြီး၏ ပူနွေးမှုဖြစ်စဉ် သမိုင်းမှာ စံချိန်တင် အပူဆုံးနှစ် တစ်နှစ်ဟု ကြေညာချက် ထွက်လာခဲ့သည်။ ထို့နောက် ၂ဝ၁၅ ခုနှစ်သို့ ရောက်သည့်အခါ ၂ဝ၁၄ ခုနှစ်ကထက် ပိုပူပြင်းသည့် သမိုင်းတွင် စံချိန်တစ်ခုကို ထပ်မံရရှိခဲ့ပြီး ကမ္ဘာ့အပူဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပြန်သည်။

ထို့နောက် ၂ဝ၁၆ ခုနှစ်သို့ ထပ်ကူးပြောင်း လာရာ ၂ဝ၁၅ ခုနှစ် ကထက်ပင် ပိုမိုဆိုးရွားစွာ ပူပြင်းလာခဲ့ပြီး ကမ္ဘာ ပေါ်တွင် တတိယမြောက် အပူဆုံးနှစ်အဖြစ် သမိုင်းတင်ခဲ့ရ ပြန်သည်။ ထိုသို့ အပူချိန် မြင့်မားမှုကြောင့် နှစ်စဉ်နှစ်တိုင်း မိုးခေါင်ရေရှားပြီး သေဆုံးရသည့် လူအရေအတွက် ပိုများလာ ရသည်။ လူပေါင်း သန်းရာနှင့်ချီ၍ အစာရေစာ ပြတ်လပ် နေရသည်။ ၂ဝ၁၅ ခုနှစ်ကဆိုလျှင် အိန္ဒိယ၌ အပူလှိုင်း ဝင်ရောက်မှုကြောင့် လူပေါင်း ၂ဝဝဝ ကျော် သေဆုံးပြီး သန်း  ၃၃ဝ သော အိန္ဒိယပြည်သူ တို့မှာ အပူလှိုင်း ဒဏ်ကို ခံခဲ့ကြရသည်။

အာဖရိကရှိ ဆိုမာလီယာ နိုင်ငံ၌ ပြီးခဲ့သည့် ခြောက်နှစ်က လူပေါင်း နှစ်သိန်းကျော် မိုးခေါင်ရေရှားပြီး အစာရေစာ ရှားပါးမှုကြောင့် ငတ်မွတ်၍ သေဆုံးခဲ့ရသည်။ ယခု ပစ္စက္ခ အခြေအနေ ၌လည်း ဆိုမာလီယာ ပြည်သူပေါင်း လေးသန်းခန့် အသက်အန္တရာယ် ဆုံးရှုံးရ လောက်သည် အထိ မိုးခေါင်ရေရှားမှု ဒဏ်ကို ခံစားနေရပြီး ကုလသမဂ္ဂက လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးနိုင်ရန် အသည်းအသန် ကြိုးပမ်း နေရသည်။ သို့သော် အစာရေစာ ပြတ်လပ် နေရသည့်ကြားထဲ စစ်ပွဲများက ဖြစ်နေသောကြောင့် အကူအညီ ပေးရေး လုပ်ငန်းစဉ်များမှာ နှောင့်နှေးနေရပြီး စစ်ပွဲကြောင့် သေရဖို့ဘက် ကိုပင် ရာခိုင်နှုန်းပိုများ နေရသလို ဖြစ်နေသည်။

၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့က အပြည်ပြည်ဆိုင်ရာ မိုးလေဝသ အဖွဲ့အစည်း၊ အမေရိကန် အာကာသအေဂျင်စီ နာဆာနှင့် သမုဒ္ဒရာနှင့် လေထု လေ့လာရေး အဖွဲ့တို့က ကြေညာချက် တစ်ခုကို ပူးတွဲထုတ်ပြန် ခဲ့သည်။ ကြေညာချက်တွင် ၂ဝ၁၆ ခုနှစ် သည် ကမ္ဘာ့သမိုင်း၌ သုံးကြိမ်မြောက် အပူဆုံး နှစ်ဖြစ်ခဲ့သည်ဟု ပါရှိပြီး အဓိက တရားခံမှာ အယ်လ်နီညို ရာသီဥတုပင် ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် စတင်ဝင်ရောက် ခဲ့သော အယ်လ်နီညို ရာသီဥတု သည် ကမ္ဘာတစ်ဝန်း လုံးကို ဒုက္ခပေးခဲ့ပြီး ၂ဝ၁၆ ခုနှစ်ကိုပါ လူပေါင်းများစွာ သေဆုံးစေသည့် နှစ်တစ်နှစ် ဖြစ်စေခဲ့သည်။ အယ်လ်နီညို ရာသီဥတု ဝင်ရောက်လာမှုကြောင့် ပင်လယ်ရေ မျက်နှာပြင်များ ပိုမိုပူနွေးလာပြီး ကမ္ဘာ့လေထု အလွှာများထဲသို့ ပူနွေးသည့် ရေငွေ့များကို ထုတ်လွှတ်ခဲ့သဖြင့် ဝင်ရိုးစွန်းရှိ ရေခဲပြင်များ အရည်ပျော် လာသည်။ ရေခဲပြင်များ အရည်ပျော် လာသည်နှင့် တစ်ပြိုင်နက် ရေခဲလွှာများ အောက်တွင် အောင်းနေသည့် မီသိန်းဓာတ်ငွေ့ များမှာ အလုံးအရင်းနှင့် ထွက်လာသည်။ ထို ဓာတ်ငွေ့များက ကမ္ဘာ့လေထု ထဲတွင် တဝဲလည်လည် ဖြစ်နေပြီး ကမ္ဘာ့  ရာသီဥတုပုံမှန် ဖြစ်စဉ်များကို အနှောင့်အယှက် ပေးတော့သည်။ ထိုကြားထဲတွင် ကမ္ဘာ မြေမှ စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာ မီးရှို့မှုများနှင့် တောမီးရှို့မှုများက ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ အများဆုံးထုတ်ပေး နေပြန်သည်။ ထိုဓာတ်ငွေ့များ လေထုထဲတွင် သွားပေါင်းမိသော အခါ ကမ္ဘာ့ ရာသီဥတု သည် ဆိုးရွားလာသည် ထက်ပိုမိုဆိုးရွား လာကာ စံချိန်တင် အပူဆုံးနှစ်များကို တစ်နှစ်ပြီးတစ်နှစ် ပိုမိုဖန်တီး တော့သည်။

ကမ္ဘာကြီးပူနွေး လာမှုကြောင့် ရာသီဥတု ဖောက်ပြန်လာမည်။ မိုးခေါင်ရေရှား မှုကြောင့် လူသားတို့ အစာရေစာ ပြတ်လပ်ပြီး သေဆုံးမှု ပိုများလာမည်။ ဝင်ရိုးစွန်းရေခဲတောင် များနှင့် ရေခဲပြင်များ အရည်ပျော်လာ မှုကြောင့် ပင်လယ် ရေမျက်နှာပြင်များ မြင့်တက်လာကာ အမေရိကန်ရှိ မိုင်ယာမီနှင့် ဖလော်ရီဒါကဲ့သို့ ပင်လယ် ရေမျက်နှာပြင် အောက်တွင် ရှိနေသည့်ဒေသ များမှာ ပင်လယ်အောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ယခု ကမ္ဘာ့အပူချိန်သည် ၁ ဒသမ ၂ ဒီဂရီဆဲလ်စီးရပ်စ် တွင်ရှိနေပြီး ကမ္ဘာ့ အပူဆုံးနှစ် များကို ပိုင်ဆိုင်ထား ကြသည်။ ၂ ဒီဂရီ ဆဲလ်စီးရပ်စ်နှင့် အထက် ရောက်သွားလျှင် တော့ ထိုမှတ်တမ်းများထက် ပိုမိုဆိုးရွားသည့်
မှတ်တမ်းများ ထပ်ထွက် လာမည်မှာ ကျိန်းသေနေသည်။ ထို့ကြောင့် ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီဆဲလ်စီးရပ်စ် တွင် ထိန်းသိမ်းထားရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ သိပ္ပံပညာရှင် များက တိုက်တွန်းနေခြင်း ဖြစ်သည်။

၂ဝ၁၅ ခုနှစ် ကုလသမဂ္ဂ၏ ပဲရစ်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP 21 တွင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှ ခေါင်းဆောင် များသည် ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီးရပ်စ် မကျော်လွန်အောင် ထိန်းသိမ်းထားရေး အတွက် သဘောတူခဲ့ ကြသည်။ ၂ဝ၁၆ ခုနှစ်တွင် ထိုသဘောတူညီချက် အတိုင်း မော်ရိုကို၌ COP 22 အဖြစ် ထပ်ဆွေးနွေးကြသည်။ သို့သော် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုများက သိသိသာသာ လျော့ကျသွားခြင်း မရှိပေ။ ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီဆဲလ်စီးရပ်စ် မှာပင် ရပ်ထားဖို့ ဖြစ်ရော ဖြစ်နိုင်ရဲ့လား ဟူသည့် သံသယများပင် ဖြစ်ပေါ်လာသည်။ တရုတ်တို့ကလည်း ကျောက်မီးသွေး စက်ရုံများကို ယခုအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှီခိုနေရဆဲ ဖြစ်သည်။ လိုအပ်သည့် စွမ်းအင်ကဏ္ဍ အတွက် နောက်ထပ် ကျောက်မီးသွေး စက်ရုံများကိုပင် ထပ်ဆောက် နေရသေးသည်။ ထိုကြားထဲ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ပ်က သူ့နိုင်ငံရှိ အလုပ်လက်မဲ့ ပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ကျောက်မီးသွေး စက်ရုံများကို ထပ်ဆောက်ဖို့ ဆိုသည့် စကားလမ်းကြောင်း စလာသည်ကို တွေ့လာရသည်။ ထို့ပြင် အာရှဒေသ ကလည်း ယခင်ကထက် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များကို ပိုမိုထုတ်လုပ် လာနေသည်။

ကုလသမဂ္ဂ၏ ၂ ဒီဂရီ ဆဲလ်စီးရပ်စ် ရည်မှန်းချက် အတွက် ရင်လေးစရာ လုပ်ရပ်များဖြစ်သည်။ နောက်ပိုင်း အဆိုးဆုံးလုပ်ရပ် ကတော့ သစ်တောများ ပြုန်းတီးမှုဖြစ်သည်။ နောက်ဆုံးတွင် တောင်ကတုံးများမှာ တစ်ကမ္ဘာလုံး အနှံ့ လျင်မြန်စွာ ဖြစ်လာသည်။ ထို့နောက် သစ်တောများကို စိုက်ပျိုးမြေများ အတွက် ထပ်ပြီးမီးရှို့ ပြန်သည်။ သစ်ပင်များမှာ ကာဗွန်ဒိုင် အောက်ဆိုက် အဆိပ်ဓာတ်ငွေ့ များကိုစုပ်ယူပြီး အောက်ဆီဂျင် ကို ထုတ်မပေးနိုင် တော့သည့်အပြင် ထိုသစ်တောများကို မီးရှို့မှုကြောင့် ကာဗွန်ထုတ်လုပ်မှု ပိုမိုတိုးလာပြီး ဖန်လုံအိမ် ဓာတ်ငွေ့ပမာဏ လေထုထဲတွင် ပိုမို တိုးလာသည်။

လူသားတို့က သူတို့ကြောင့် မြေပြင်နှင့် ရေပြင်မှ ထွက်လာသည့် အဆိပ်ဓာတ်ငွေ့ များအားလုံးသည် ကမ္ဘာ့ အပြင်ဘက်သို့ ထွက်သွားသည်ဟု ထင်ကြသည်။ တကယ်တမ်းမှာ ထိုဓာတ်ငွေ့များက ထွက်မသွားနိုင်ဘဲ ကမ္ဘာ့ လေထုထဲ တွင်သာ ပတ်ချာလည် နေသည်ကို သတိမပြုမိကြပေ။ ထို့ကြောင့် သူတို့လုပ်ရပ်က သူတို့ကို ပြန်သတ် နေသည်ကို မသိကြပေ။ ထိုဓာတ်ငွေ့များက အပြင်ကို မထွက်နိုင်ဘဲ ကမ္ဘာ့ လေထု အဝန်းအဝိုင်း ထဲတွင် ပိတ်မိကာ အုပ်စုဖွဲ့ လည်ပတ် နေသောကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ဟူသည့် နာမည်ကို ရရှိ လာခြင်းဖြစ်သည်။ ယခုအချိန်သည် ၂ဝ၁၇ ခုနှစ်၏ နှစ်စဖြစ်သည်။ လူတိုင်းက သိချင်ကြသည့် မေးခွန်းမှာ၂ဝ၁၇ ခုနှစ်ကရော ၂ဝ၁၆ ခုနှစ်ကလို ဖြစ်လာမှာလား ဟူသည့် မေးခွန်းပင် ဖြစ်သည်။

မိုးလေဝသ သိပ္ပံပညာရှင် များ၏ အဖြေကတော့ ၂ဝ၁၆ ခုနှစ်၏ အပူစံချိန်ကို ချိုးပြီး လေးခုမြောက် ကမ္ဘာ့ အပူဆုံးနှစ် တစ်နှစ် ဖြစ်လာနိုင်သည် ဟု ဆိုထားပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Friday, September 16, 2016

ကုလသမဂ္ဂ၏ COP21 Paris ကို လက်တွေ့အကောင်အထည်ဖော်ရန် ထပ်လောင်း သဘောတူညီခဲ့ကြသည့် အမေရိကန် နှင့် တရုတ်


ကုလသမဂ္ဂ၏ COP21 Paris ကို လက်တွေ့အကောင်အထည်ဖော်ရန် ထပ်လောင်း 
သဘောတူညီခဲ့ကြသည့် အမေရိကန် နှင့် တရုတ်

( ရှိန်းထက် )

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို ဂရုမစိုက်ခဲ့ ကြသော ကမ္ဘာ့နိုင်ငံကြီး များသည် ၂၀၀၀ ပြည့်နှစ် တစ်ဝိုက်တွင် ကမ္ဘာ့အပူချိန် သိသိသာသာ လွန်ကဲလာမှု နှင့် ဝင်ရိုးစွန်း ရေခဲပြင်များ အရည်ပျော်ကျ လာမှုတို့ကြောင့်သိသိသာသာ ဂရုစိုက် လာခဲ့ကြသည်။

ထို့နောက် ကမ္ဘာ့ အပူချိန်ကို လျှော့ချရန် အသည်းအသန် ကြိုးစား လာကြတော့သည်။ ကုလသမဂ္ဂက ဦးဆောင်၍ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံများကို နှစ်စဉ် ကျင်းပပြီး ကမ္ဘာ့အပူချိန်အား ထိန်းသိမ်းကာဖန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လေ့လာစောင့်ကြည့် ဆောင်ရွက် လာသည်။ သို့သော်လည်း နှစ်စဉ် ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဥတု ညီလာခံများသည် သဘော တူညီမှု မရရှိဘဲ ပျက်သွားခဲ့ သည်သာ များသည်။

၂ဝ၁၅ ခုနှစ် ပဲရစ် ညီလာခံက သမိုင်းကို ပြောင်းလဲမည့် အဓိက ညီလာခံတစ်ခု ဖြစ်လာခဲ့သည်။ နိုဝင်ဘာလတွင် ပဲရစ်၌ ကျင်းပခဲ့သော ကုလသမဂ္ဂ၏ သဘာဝ ပြောင်းလဲမှု ဆိုင်ရာညီလာခံ COP21 သည် အမေရိကန် နှင့် တရုတ် ဦးဆောင်သော ကာဗွန်ထုတ်လွှတ်မှု အများဆုံး နိုင်ငံကြီးများ၏ သဘောတူညီ မှုနှင့်အတူ သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ယခု ထို သဘော တူညီမှုကို ထပ်ဆင့် အရှိန်မြှင့်ကာ လက်တွေ့ အကောင်အထည် ဖော်ရန် တရုတ်နှင့် အမေရိကန် တို့က ကြေညာချက် ပူးတွဲ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတိုင်မီ ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီးရပ်စ် မကျော်ရန် ရည်မှန်းချက် များလည်း ပိုမိုခိုင်မာ လာခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ ပေါ်၌ ကာဗွန် ထုတ်လွှတ်မှု အများဆုံး နံပါတ်(၁) နိုင်ငံသည် တရုတ်ဖြစ်ပြီး အမေရိကန် သည် ဒုတိယဖြစ်သည်။

တရုတ်၏ နှစ်စဉ်ပျမ်းမျှ ကာဗွန် ထုတ်လွှတ်မှုသည် ဥရောပသမဂ္ဂ နိုင်ငံများက ထုတ်သည့် ပမာဏထက် နှစ်ဆနီးပါး ပိုများသည်။ အမေရိကန် ထက်ပင် ၇ ရာခိုင်နှုန်းကျော် ထုတ်လွှတ်မှု ပိုများပြီး ကမ္ဘာ့ ကာဗွန် ထုတ်လွှတ်မှု နံပါတ်(၁) နေရာကို မူပိုင်ရယူကာ အပိုင် သိမ်းထားသည်။ တရုတ်၏ ကာဗွန် ထုတ်လွှတ်မှုသည် ကမ္ဘာ လုံးဆိုင်ရာ ထုတ်လွှတ်မှု၏ ၂၂ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပြီး အမေရိကန် ၏ ထုတ်လွှတ်မှု သည် ၁၅ ဒသမ ၆ သာ ရှိသည်။ 

ထိုနှစ်နိုင်ငံပေါင်း ထုတ်လွှတ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန် ထုတ်လွှတ်မှု၏ ၃၈ ရာခိုင်နှုန်းကျော် ရှိသောကြောင့် ကမ္ဘာ ကြီး ပူနွေးလာမှု၏ တရားခံနိုင်ငံ များဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ တရုတ်သည် ယခင်က ကတိပေးခဲ့သော ကာဗွန် ထုတ်လွှတ်မှု များကို စံချိန်မီအောင် မလျှော့ချ နိုင်ခဲ့ဘဲ အမေရိကန်က အစိမ်းရောင် စွမ်းအင်ဘက်သို့ ခြေဦးလှည့်ကာ သူလျှော့ချရမည့် ပမာဏကို လျှော့ချ နိုင်ခဲ့သည်။

ယခုတော့ တရုတ်တို့ ကမ္ဘာ ကြီးပူနွေးလာမှုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကောင်းကောင်း နားလည်လာပြီ ဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီသ မိုင်းတွင် နာမည်ကြီး သမ္မတတစ်ဦး ဖြစ်သော ရှီကျင့်ဖျင် သည် သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်မှု များနှင့် ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ချရန် အမေရိကန်နှင့် တန်းတူလုပ်ဆောင် လာသည်။ အစိမ်းရောင် စွမ်းအင်နှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဘက် သို့ တတ်နိုင် သလောက် ခြေဦးလှည့် လာသည်။ ကျောက်မီးသွေး စက်ရုံများကို နောက်ထပ် မတည်ဆောက် တော့ဘဲ နျူကလီးယား စွမ်းအင်ကဏ္ဍ ဘက်သို့ ကူးပြောင်းနိုင်ရန် ပြင်ဆင်နေသည်။ တည်ဆောက် ပြီးသား အရည်အသွေး မမီတော့သည့် စက်ရုံများ ကို ရာနှင့်ချီ၍ ပိတ်ပစ်နေသည်။ ကျောက်မီးသွေးထက် ကာဗွန် ထုတ်လွှတ်မှုကို ဆယ်နှင့်ချီ၍ လျှော့ချနိုင်မည့် အမေရိကန် ၏ အသွင်ပြောင်း ပေါင်းခံ ဓာတ်ငွေ့များ (LNG) ကိုဝယ်ယူပြီး ကာဗွန် ထုတ်လွှတ်မှု လျှော့ချရန် ကြိုးစားနေသည်။

သဘာဝပြန်လည် ပြည့်ဖြိုးမြဲ အစိမ်းရောင် စွမ်းအင်ကဏ္ဍ အသုံးပြုမှုကို ၁ ရာခိုင်နှုန်းသာ အသုံးပြု နိုင်သေးသည် ဆိုသော်လည်း တရုတ်သည် ယခုနောက်ပိုင်း အရှိန်မြှင့်တင် လာသည်။ အမေရိကန် ကဲ့သို့ အစိမ်းရောင် စွမ်းအင်ကဏ္ဍကို ရာခိုင်နှုန်း ဆယ်နှင့်ချီ အသုံးချနိုင်ရန် ကြိုးစားလာသည်။ နိုင်ငံရေးနှင့် စစ်ရေးအရ တင်းမာမှု အထွတ်အထိပ် ၌ ရောက်ရှိ နေသော်လည်း တရုတ်နှင့် အမေရိကန် တို့သည် သဘာဝ ပတ်ဝန်းကျင် အရေးတွင် စိတ်တူကိုယ်တူ လုပ်ဆောင်လျက် ရှိသည်။

အမေရိကန်၌ သမ္မတ အိုဘားမား ကိုယ်တိုင် ဦးဆောင်ကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု လှုပ်ရှားမှုများ လုပ်ဆောင်နေ သကဲ့သို့ တရုတ်၌လည်း သမ္မတ ရှီကျင့်ဖျင် က ယခင်သမ္မတ များနှင့်မတူဘဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုများ လုပ်ဆောင် နေသည်။ ယခင် သဘာဝရာသီဥတု ဖြစ်စဉ်များ ပြောင်းလဲမှုကို ဂရုမစိုက် သလောက် ယခု ဂရုစိုက် နေသည်။ ဂရုမစိုက်၍ မဖြစ်သည့် အခြေအနေကလည်း တရုတ်၌ ရောက်ရှိနေသည်။ 

လေထုညစ်ညမ်းမှု များနှင့် ရေထုညစ်ညမ်းမှု များစာရင်းတွင် တရုတ်သည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ကမ္ဘာပေါ်၌ လူသားတို့ သတိမမူမိဘဲ တိတ်တဆိတ် သတ်နေသော လူသတ်သမား စာရင်းတွင် လေထု ညစ်ညမ်းမှုက ပါဝင်လာသည်။ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် ကမ္ဘာပေါ်၌ လူပေါင်း ၅ ဒသမ ၅ သန်း သေဆုံး နေရသည်ဟု ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ စစ်တမ်းသစ် တစ်ရပ်က အတိအကျ ဖော်ပြထားသည်။

ထိုသေဆုံးမှု ၅ ဒသမ ၅ သန်းထဲမှ အများဆုံးသည် တရုတ်၌ ဖြစ်သည်။ တရုတ်၌ နှစ်စဉ် လေထုညစ်ညမ်း မှုကြောင့် သေဆုံးမှု သန်းနှင့်ချီ၍ ရှိသည်။ ထို့ကြောင့် တရုတ်တို့ သဘာဝ ပတ်ဝန်းကျင်ကို မဖြစ်မနေ ဂရုစိုက် လာရခြင်း ဖြစ်သည်။ ကျောက်မီးသွေး စက်ရုံများက တရုတ်၏ စွမ်းအင်ကဏ္ဍ ၇၅ ရာခိုင်နှုန်းကို အဓိက ထောက်ပံ့ပေး ထားသောကြောင့် တရုတ်သည် ကမ္ဘာပေါ်၌ ကာဗွန် ထုတ်လွှတ်မှု အများဆုံး နှင့် နှစ်စဉ် စံချိန်တင် မြူဆိုင်းပြီး လေထု အညစ်ညမ်းဆုံး မြို့တော်များကို ပိုင်ဆိုင် နေရခြင်းဖြစ်သည်။

ထို့ပြင် သဘာဝ ပတ်ဝန်းကျင်ကို အလေးမထားေ သာကြောင့် သမိုင်းဝင် အကြီးမားဆုံးဆည် များကို စွမ်းအင်ကဏ္ဍ အတွက် အလွန်အမင်း ထုတ်ယူခဲ့မှုများ ကြောင့်လည်း တရုတ်သည် ရေကြီး ရေလျှံမှု၊ ရေရှားပါးမှုနှင့် ဇီဝမျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှု များကို ခံခဲ့ရသည်။ ထို့အတူ သဘာဝ ဂေဟစနစ် လည်ပတ်မှု များလည်း ပြောင်းလဲခဲ့ သကဲ့သို့ တရုတ်တို့သည် သဘာဝ ပတ်ဝန်းကျင် ၏ အကြီးမားဆုံး ရိုက်ခတ်မှုများကို ခံခဲ့ရသည်။

ထို့ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ကမ္ဘာကို စစ်ရေးနှင့် စီးပွားရေး လွှမ်းမိုးနိုင်မှု ဘက်သို့ပင် မျက်နှာမလှည့် နိုင်တော့ဘဲ သဘာဝ ပတ်ဝန်းကျင် ဘက်သို့သာ အာရုံစိုက် လာရခြင်း ဖြစ်သည်။ စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ပေကျင်း၌ ကျင်းပခဲ့သော စက်မှုထိပ်သီး နိုင်ငံများ G20 အစည်းအဝေး တွင်လည်း ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် များသည် ကမ္ဘာ့  အပူချိန်ကို ဆက်လက် ထိန်းသိမ်းရေးနှင့် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု များကို အဓိက အခန်းကဏ္ဍတွင် ထားပြီး ဆွေးနွေးနေသည်။

သတ်မှတ်ထားသည့် စံချိန်မီ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေးကို တရုတ်တို့ မည်မျှအထိ စွမ်းဆောင် နိုင်မည်ကို ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပထမဆုံး သိရှိရမည် ဖြစ်ပြီး COP21 အတိုင်း ပြည့်မီရန် တရုတ် အစိုးရအတွက် စိန်ခေါ်မှုပေါင်း များစွာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အထူးသဖြင့် ကျောက်မီးသွေး စွမ်းအင်ကဏ္ဍ အပေါ် အဓိကထား မှီခိုနေရမှု လျော့ကျခြင်းသည် ကာဗွန် ထုတ်လွှတ်မှု လျှော့ချမှု ရည်မှန်းချက်နှင့် တိုက်ရိုက် သက်ဆိုင်နေ သည်။ မည်သို့ပင်ဖြစ်စေ တရုတ်၏ ယခုကဲ့သို့ သဘာဝ ပတ်ဝန်းကျင်ကို အလေးထားပြီး ထပ်ခါထပ်ခါ ကတိပေးမှု များသည် သမိုင်းတွင် မရှိခဲ့ဖူး သောကြောင့် ယခုတစ်ကြိမ် တရုတ်တို့၏ ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီဆဲလ်စီးရပ်စ် မကျော်စေရေး ထပ်လောင်း ကတိပြုချက် များသည် ကမ္ဘာကြီး နှင့် လူသားတို့အတွက် သတင်းကောင်း တစ်ခု ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Thursday, August 4, 2016

မြန်မာနိုင်ငံတွင် လေဘေးဒဏ်ကာကွယ်ရေး အတွက် ၀ါးစိုက်ပါက အနောက်အရပ် နှင့် တောင်အရပ် တို့၌ ဦးစားပေးစိုက်သင့်



နေပြည်တော် ၊ ၄-၈-၂၀၁၆

မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုများကြောင့် သဘာဝဘေး တစ်ခုဖြစ်သော လေဘေးဒဏ် ကာကွယ်ရေး အတွက် ဝါးစိုက်ပျိုးမည် ဆိုပါက အနောက်အရပ် နှင့်တောင်အရပ် ဒေသတို့၌ ဦးစားပေး စိုက်ပျိုးသင့်ကြောင်း မြန်မာနိုင်ငံ သစ်တော တက္ကသိုလ် မှ ဝါးသုတေသန ပညာရှင် ဒေါက်တာ ဆန်းဝင်း ကပြောပြ၍ သိရသည်။

''လူနေအိမ်တွေ၊ အဆောက်အအုံ တွေအတွက် လေဘေးဒဏ် ခံနိုင်ဖို့ ဝါးကိုစိုက်ပျိုးမယ် ဆိုရင်တော့ အနောက်ဘက်နဲ့ တောင်ဘက်ဒေသ တွေမှာ ဦးစားပေး စိုက်ပျိုးဖို့ အကြံပြုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ရာသီဥတု အနေအထား အရ လေက အနောက်တောင် မုတ်သုံလေ တိုက်ခတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်'' ဟု ၄င်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် ဝါးမှာ သဘာဝ အလျောက် တော၊ တောင်များတွင် ပေါက်ရောက်မှု ရှိသည့်အပြင် ယခုနောက်ပိုင်း စိုက်ပျိုး ထုတ်လုပ်မှု များလည်း ရှိလာကြောင်း အချို့ဒေသ များတွင် ဝါးကို စီးပွားဖြစ် ထုတ်ကုန်တစ်မျိုး အဖြစ် စိုက်ပျိုးကြ ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ စိုက်ပျိုးမှုများ အနက် ဝါးကို သဘာဝဘေးဒဏ် ကာကွယ်ရေး အတွက် နေအိမ်၊ အဆောက် အအုံ၊ ခြံစည်းရိုးများတွင် လေကာပင်အဖြစ် အတန်းလိုက် စိုက်ပျိုး ထားခြင်းဖြင့် လုံခြုံမှု အတားအဆီးနှင့် လေဒဏ်ကို ကာကွယ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် မေလလယ်ခန့် အချိန်မှစ၍ စက်တင်ဘာ လလယ်ခန့်ထိ မိုးရွာသွန်းပြီး မေလလယ်ခန့် တွင် အနောက်တောင် မုတ်သုံလေ စတင် ဝင်ရောက်လေ့ ရှိသည်။ ထိုသို့သော အချိန်ကာလ သည် လေပြင်းများ တိုက်ခတ်တတ်၍ လေပြင်း တိုက်ခတ်မှုကြောင့် လေဘေး အန္တရာယ် ဖြစ်ပေါ်ပြီး လူနေ အဆောက်အအုံများ၊ သစ်ပင်ကြီး များနှင့် ကြီးမားသော အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ် ခဲ့သည်။

ဝါးပင်သည် လေကာပင် အမျိုးအစား အနက် စိုက်ပျိုးသင့်သော အပင်မျိုးစိတ် တစ်မျိုးဖြစ်ပြီး လေဒဏ်ကို ကောင်းစွာ ကာကွယ်နိုင် သဖြင့် စိုက်ပျိုးသင့်ကြောင်း သိရသည်။ (၁၈၀)

မြ၀တီနေ့စဉ် ၊ စာ(၂၁)

Monday, July 11, 2016

ရာသီဥတု ဖောက်ပြန်မှုများကြောင့် ၂၀၃၀ ပြည့်နှစ်မှ စတင်၍ တစ်နှစ်လူဦးရေ အနည်းဆုံး ၂၅၀၀၀၀ ခန့်အထိ နှစ်စဉ်သေဆုံးဖွယ် ရှိကြောင်း WHO ထုတ်ပြန်ကြေငြာ



ဂျီနီဗာ ၊ ၁၁-၇-၂၀၁၆

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ၏ ထုတ်ပြန်ချက် များအရ ၂၀၃၀ ခုနှစ်မှ စတင်၍ ရာသီဥတု ဖောက်ပြန်မှု များကြောင့် တစ်နှစ်လျှင် လူဦးရေ အနည်းဆုံး ၂၅၀၀၀၀ ခန့်အထိ နှစ်စဉ် သေဆုံးဖွယ် ရှိနေကြောင်း ဇူလိုင် ၁၁ ရက်က ထုတ်ပြန်ကြေငြာ သွားခဲ့သည်။ 

ရာသီဥတု ဖောက်ပြန်မှု များကြောင့် ရာသီဥတု အပြောင်းအလဲများ မကြာခဏ ဖြစ်ပေါ်မည် ဖြစ်ပြီး၊ ရာသီဥတု အပြောင်းအလဲ များခြင်း၏ အကျိုးဆက်မှာ လူသားတို့အား ၀မ်းပျက် ၀မ်းလျှော ရောဂါ၊ အဟာရ ချို့တဲ့မှု ပြဿနာ၊  ငှက်ဖျားရောဂါ နှင့် စိတ်ဓာတ် ကျဆင်းမှု ရောဂါတို့ဖြင့် ရင်ဆိုင်သွား ရဖွယ် ရှိနေကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ သည် ရာသီဥတု ဖောက်ပြန်မှု၏ အကျိုးဆက် ကြောင့် ဖော်ပြပါ ရောဂါများဖြင့် ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့တစ်ဝန်း လုံးတွင် ရာသီဥတု ဖောက်ပြန်မှု များကြောင့် လူသေဆုံးမှု အများဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ 

အထူးသဖြင့် ရာသီဥတု ဖောက်ပြန်မှု ကြောင့် ရင်ဆိုင်ရမည့် ရောဂါများသည် ကလေးငယ် များနှင့် အမျိုးသမီး တို့တွင် အဖြစ်များကြောင်း သိရသည်။ ဆင်းရဲ နွမ်းပါးသော မိသားစု များတွင်လည်း အဖြစ် များကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က ထုတ်ပြန်သွားခဲ့သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က “ရာသီဥတု ဖောက်ပြန်မှုတွေ ဒီအတိုင်းပဲ ဆက်သွားနေမယ် ဆိုရင်တော့ အကျိုးဆက်က ကပ်ဆိုးသဖွယ် ဖြစ်လာတော့မယ်၊ ၂၀၃၀ ပြည့်နှစ် လောက်ကျရင် ရာသီဥတု ဖောက်ပြန်မှု ကြောင့် ဆက်စပ် ရောဂါတွေ တောက်လျှောက် ၀င်လာတော့မယ်၊ တစ်နှစ်ကို အနည်းဆုံး လူ ၂၅၀၀၀၀ လောက် သေဆုံး နေတော့မှာ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဒီအတိုင်းပဲ မနေကြပါနဲ့၊ ရာသီဥတု ဖောက်ပြန်မှု တွေကို အမြန်ဆုံး ထိန်းချုပ်ပေးဖို့ အလေးအနက် ထား တောင်းဆိုပါတယ်၊ အနာဂတ် လူသားတွေ အတွက် ရာသီဥတု ဖောက်ပြန်မှု လျော့ချရေး စီမံချက်တွေကို ကျေးဇူးပြုပြီး အမြန်ဆုံး အကောင် အထည်ဖော် ပေးကြပါလို့ တိုက်တွန်း ပါရစေ” ဟု ထုတ်ပြန်သွား ခဲ့သည်။

မြ၀တီနေ့စဉ်

Monday, June 6, 2016

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဒုက္ခရောက်နိုင်ခြေ အမြင့်မားဆုံး ၁၀ နိုင်ငံ၌ ဒုတိယမြောက်နေရာတွင် ရှိနေ



မန္တလေး  ၆-၆-၂၀၁၆

မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု များကြောင့် ဒုက္ခရောက်နိုင်ခြေ အမြင့်မားဆုံး ၁၀ နိုင်ငံတွင် ပါဝင်ပြီး ဒုတိယမြောက် နေရာတွင် ရှိနေကြောင်း ဇွန်လ ၄ ရက် ညနေ ၆ နာရီက မန္တလေးမြို့ ၊ ကနောင်ခန်းမ ၌ ပြုလုပ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ သတင်းများအရ သိရသည်။

ကမ္ဘာပေါ်တွင် ရာသီဥတု ဖောက်ပြန်မှု များကြောင့် ဒုက္ခ ရောက်နိုင်ခြေ အမြင့်မားဆုံး ၁ဝ နိုင်ငံမှာ ဟွန်းဒူရပ်စ်၊ မြန်မာ၊ ဟေတီ၊ နိုင်ဂါရာဂါ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဒိုမီနီကန်၊ မွန်ဂိုးလီးယား ထိုင်း နှင့် ဂွါတီမာလာ နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

''ဒီနိုင်ငံတွေရဲ့အဆင့်ကိုကြည့်ရင် မြန်မာနိုင်ငံက ဒုတိယနေရာမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ပြည်သူတွေ သိစေလိုပါတယ်။ ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ဖို့ လိုအပ် နေပါတယ်'' ဟု သစ်တော ပညာရှင် ကိုရင်လှ က ပြောပြသည်။

ရာသီဥတု ဖောက်ပြန်မှု များကြောင့် အသိသာ အထင်ရှားဆုံး သဘာဝဘေး ဖြစ်ပေါ်မှု အနေဖြင့် ၂ဝဝ၈ ခုနှစ်က နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး လူပေါင်းများစွာ သေကျေ ပျက်စီး ဒုက္ခရောက်ခဲ့ ရကြောင်း၊ ၄င်းပြင် မကြာသေးမီ ၂ဝ၁၅ ခုနှစ် အတွင်းက ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှု များကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ဆုံးရှုံးမှု များနှင့် သေကျေ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခု လက်ရှိ အခြေအနေတွင် မြန်မာ နိုင်ငံတစ်ဝန်း၌ အယ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပူဒဏ်ပိ ရောဂါဖြင့် သေကျေပျက်စီး မှုများရှိပြီး သောက်သုံးရေ ရှားပါးမှု ပြဿနာကို နေရာဒေသ အနှံ့အပြား ကြုံတွေ့ရသဖြင့် ရေရရှိရေး နည်းမျိုးစုံဖြင့် ဆောင်ရွက် နေရကြောင်း သိရသည်။

အဆိုပါ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များသည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာ များကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ဦးစားပေး ဖြေရှင်းသင့်သည့် သဘာဝ ပတ်ဝန်းကျင် ပြဿနာများနှင့် ပတ်သက်၍ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ပြဿနာလေးရပ်ကို ဦးစားပေး ဖြေရှင်းရန် အကြံပြု ထားကြောင်း သိရသည်။

သစ်တော ပြုန်းတီးခြင်း၊ မြေဆီလွှာ အရည်အသွေး ကျဆင်းခြင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်း၊ အမှိုက်ကို စနစ်တကျ စီမံခန့်ခွဲ နိုင်ခြင်းဟူသော အဆိုပါ ပြဿနာ လေးရပ်ကို ဦးစားပေး ဖြေရှင်းရန် လိုအပ်ကြောင်း ADB အကြံပြု ထားသည်။

သစ်တော ပြုန်းတီးခြင်းကြောင့် အပူချိန် တိုးလာခြင်း၊ မြေအောက်ရေ ခန်းခြောက် လာခြင်း၊ မြစ်ချောင်းများ ရေခန်းခြင်းနှင့် မိုးရွာသွန်းမှု နည်းပါးခြင်းတို့ ဖြစ်ပေါ်လျက် ရှိသည်။ မြေဆီလွှာ အရည်အသွေး ကျဆင်းခြင်း ကြောင့် သီးနှံ ထွက်ကုန်များ အထွက်နှုန်း နည်းခြင်း၊ အရည်အသွေး မပြည့်မီခြင်း စသည်တို့ ဖြစ်ပေါ်ကြောင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု များကြောင့် ပြဿနာ များစွာ ကြုံတွေ့ရင်ဆိုင် ရခြင်း၊ အမှိုက်ကို စီမံခန့်ခွဲနိုင်ခြင်း မရှိခြင်း တို့ကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများ ပိုမိုဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။ (၁၈၀)

ရတနာပုံနေ့စဉ် ၊ စာ(၁၇)

Thursday, June 2, 2016

ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ ရှိသော မြန်မာ့ကြယ်လိပ်များ မျိုးရိုးဗီဇ ပြောင်းလဲမှုဖြစ်လာ



နွားထိုးကြီး ၊ ၂-၆-၂၀၁၆

ယခုနှစ်ပိုင်း အတွင်း ရာသီဥတု ဖောက်ပြန်မှု များကြောင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ ၌သာရှိ သော မြန်မာ့ကြယ်လိပ် များ မျိုးရိုးဗီဇ ပြောင်းလဲမှု ဖြစ်ပေါ်လာသည် ဟု သစ်တော ထိန်းသိမ်းမှု ဆိုင်ရာ လုပ်ငန်းများ အခြေခံ လူတန်းစား များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး စီမံကိန်း REED မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ကြယ်လိပ်များမှာ မြန်မာ့ဒေသ မျိုးရင်းမျိုးစိတ် များဖြစ်ပြီး ၄င်းတို့ကို နွားထိုးကြီး မြို့နယ် မင်းစုံတောင် တွင် ထိန်းသိမ်း ထားရှိကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

ကြယ်လိပ် များကို မြန်မာနိုင်ငံ ၌သာ တွေ့မြင်နိုင် သဖြင့် တန်ဖိုးရှိသော မျိုးစိတ်များ ဖြစ်ပြီး မင်းစုံတောင်တွင် ခြံဖြင့် မွေးမြူ၍ စနစ်တကျ ထားရှိကြောင်း သိရ သည်။

''မြန်မာနိုင်ငံမှာ ဒေသမျိုးရင်း အဖြစ် ကြယ်လိပ်နဲ့ ရခိုင်တောင်လိပ် ကိုတွေ့ရပြီး သူတို့က တခြား ရေမြေဒေသ တွေမှာ မျိုးပွားဖို့ အခက်အခဲ ရှိတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောပြသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် မျိုးရိုးဗီဇများ ပြောင်းလဲခြင်းကို ၂ဝဝ၅-၂ဝဝ၆ ခုနှစ်မှ စတင်၍ သိသာလာပြီး ရာသီဥတု ဖောက်ပြန်မှု ပိုမိုများပြား လာသော ယနေ့ ကာလတွင် ပိုမို၍ ဂရုစိုက် မွေးမြူနေ ရကြောင်း သိရသည်။

မျိုးရိုးဗီဇ ပြောင်းလဲမှုတွင် လိပ်ဥများ မပေါက်ဖွား နိုင်ခြင်း၊ ရံဖန်ရံခါ အထီးများချည်း ဖြစ်နေခြင်း၊ ရံဖန်ရံခါတွင် အမများချည်း ဖြစ်နေခြင်း၊ မျိုးပွားရန် အခက်အခဲ ဖြစ်နေခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။ ကြယ်လိပ်ဥ မျိုးပွားခြင်း နှင့် ပတ်သက်၍ စစ်ဆေးရာတွင် လည်း အမှတ်အသား များဖြင့် သတိထား ကိုင်တွယ်ရပြီး လိပ်ဥကို ဟိုဘက် သည်ဘက်သို့ ပြောင်းလဲ ရုံမျှနှင့်ပင် ဥပေါက်ဖွား မှုတွင် အခက်အခဲများ ကြုံတွေ့ နိုင်ကြောင်း သိရသည်။

ရာသီဥတု ဖောက်ပြန်မှုကြောင့် မျိုးရိုးဗီဇ ပြောင်းလဲဖြစ်ပွား ရခြင်းများတွင် ကြယ်လိပ်များ အပြင် အခြားသားကောင် များလည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ကြယ်လိပ် ကဲ့သို့ပင် ဒေသမျိုးရင်း ဖြစ်သော ရခိုင်တောင်လိပ် မှာ ခြံနှင့်မွေးမြူခြင်း ထက် သဘာဝအတိုင်း မွေးမြူခြင်းက ဥပေါက်ဖွား မှုနှင့် ရှင်သန်မှုကို ပိုမိုအားကောင်း စေပြီး ခြံနှင့် မွေးမြူခြင်း များတွင် ပြုစုမှုများကို ပိုမို ဆောင်ရွက် နိုင်သော်လည်း ဥမဥနိုင်ခြင်း၊ အကောင် မပေါက်နိုင်ခြင်း စသည့် အခြေအနေများ ကြုံတွေ့ ရကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၅)

Friday, May 27, 2016

ရာသီဥတုပြောင်းလဲမှုကြောင့် အပူပိုင်းဇုန်ဒေသတွင် Water Saving System များ ကျင့်သုံးရန်လိုအပ်



မန္တလေး ၊ ၂၇-၅-၂၀၁၆

ရာသီဥတု ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံ အပူပိုင်းဇုန် ဒေသတွင် စိန်ခေါ် ခြိမ်းခြောက်မှု များပြားလာပြီး Water Saving System များ ဆောင်ရွက် ကျင့်သုံးရန် အရေးတကြီး လိုအပ်လာကြောင်း မန္တလေးတိုင်း ဒေသကြီး မုတ်သုံ ဖိုရမ် ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး ပညာရှင်များ၏ ဆွေးနွေးချက်များ အရ သိရသည်။

အပူပိုင်းဇုန်ဒေသ အတွင်း မိုးခေါင်ရေရှား မှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ၌ များစွာ အခက်အခဲ ဖြစ်ပေါ်လာကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရေချိန်သည် ပုံမှန်ထက် လျော့နည်းလာပြီး မြေဆီ၊ မြေနှစ် ခန်းခြောက်မှုများ၊ မြေဆီလွှာ တိုက်စားမှုများ နှင့်လည်း ကြုံတွေ့လျက် ရှိကြောင်း စိုက်ပျိုးရေး သုတေသန ပညာရှင်များ၏ လေ့လာချက်များ အရ သိရသည်။

'' Dry Zone ဒေသမှာ Water Saving System ကို မဖြစ်မနေ ဆောင်ရွက်ရပါမယ်။ စိုက်ပျိုးရေး လုပ်ငန်းမှာ ရေမရှိလို့ မဖြစ်ပါဘူး။ ရေကိုမဖြစ် ဖြစ်တဲ့နည်းလမ်း တွေနဲ့ ရှာဖွေစုဆောင်းရေး လုပ်ရပါမယ်။ နောက်ပြီး သီးနှံမျိုးပြောင်း ရမယ်။ သက်တမ်းတိုတဲ့ သီးနှံတွေလဲ စိုက်ပျိုးရေး ကနေ ထုတ်လုပ်နေပါပြီ။ ရေချွေတာရေး စနစ်တွေ ဆောင်ရွက်ရပါမယ်။ ရာသီဥတု ဖောက်ပြန်မှုကို နည်းပညာနဲ့ ဖြေရှင်းတွန်းလှန် ရမှာ ဖြစ်ပါတယ်'' ဟု မန္တလေးမုတ်သုံ ဖိုရမ်တွင် စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ဆွေးနွေး ပြောကြားသည်။

မိုးရွာသည့်ရေကို ရေစုကန်များ တည်ဆောက်၍ စုဆောင်းခြင်း၊ သီးနှံသစ်ပင်များ အပင်ခြေတွင် အစိုဓာတ် ထိန်းသိမ်းစေရေး နည်းလမ်းများ ဆောင်ရွက်ခြင်း၊ သီးနှံပြောင်းလဲ စိုက်ပျိုးခြင်း၊ အပူဒဏ်ခံသည့် မျိုးစေ့များ အသုံးပြုခြင်း တို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ပြင် သီးနှံသစ်တော ရောနှောစိုက်ပျိုးသည့် စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လယ်ယာမြေ အတွက် သရက်၊ ပိန္နဲ၊ မာလကာ၊ သြဇာစသည့် နှစ်ရှည်ပင်များ စိုက်ပျိုးရန် လိုအပ်ပြီး ၄င်း နှစ်ရှည်ပင် စိုက်ပျိုးခြင်းကြောင့် သစ်တောများ စိုက်ပျိုးခြင်းမျိုး ဖြစ်ပြီး မိုးရွာသွန်းမှုကို များစွာ အထောက်အကူ ပြုကြောင်း သိရသည်။

စိုက်ပျိုးရေး အတွက် အပူပိုင်းဇုန် ဒေသများတွင် ရေထိန်းသိမ်း စုဆောင်းခြင်းများကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး ပညာရှင်များ၏ ဆွေးနွေးချက် များအရ သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂)

Monday, May 16, 2016

နာဆာအဖွဲ့၏ တိုင်းတာတွက်ချက်မှုများ အရ ဧပြီလကို ကမ္ဘာ့မြေကြီး စံချိန်တင်ပူနွေးခဲ့သော လတစ်လအဖြစ် ဖော်ပြ



ဝါရှင်တန် ၊ ၁၆-၅-၂၀၁၆

နာဆာအဖွဲ့၏ တိုင်းတာ တွက်ချက်မှုများ အရ ပြီးခဲ့သော ဧပြီလကို ကမ္ဘာ့မြေကြီး စံချိန်တင် ပူနွေးခဲ့သော လတစ်လ ဖြစ်ကြောင်း ဖော်ပြခဲ့သည် ဟု IBT သတင်းဌာနက ယမန်နေ့တွင် ရေးသားခဲ့သည်။

နာဆာ၏ တိုင်းတာချက် အရ ၁၂ လတိတိ အပူချိန် ဆက်တိုက် မြင့်တက်ခဲ့သော ကာလတစ်ခု အဖြစ် မှတ်တမ်းဝင် သွားကြောင်း သိရသည်။

ဧပြီလက ဖြစ်ပေါ်ခဲ့သော အပူချိန်သည် ယခင်ထက် ၁ ဒသမ ၁၁ ဆဲလ်စီယပ် ထိ မြင့်တက်လာ ခဲ့သည်။ ကမ္ဘာ့ အင်အားကြီး နိုင်ငံများက ဦးဆောင်၍ ကမ္ဘာ့မြေကြီး ပူနွေးမှုကို လျှော့ချရန် အတွက် ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ကာ စီမံချက်များလည်း စတင် အကောင် အထည်ဖော်လျက် ရှိသည်။ ပဲရစ် သဘောတူညီ ချက်များကို ဧပြီ ၂၂ ရက်က နိုင်ငံပေါင်း ၁၇ဝ ကျော်မှ ကိုယ်စားလှယ် များက လိုက်ပါ ဆောင်ရွက်ရန် သဘော တူညီမှု လက်မှတ်ရေးထိုး ပြီး ဖြစ်ကြောင်း သိရသည်။

သို့သော် အချို့နိုင်ငံ များတွင် လက်မှတ်ရေးထိုး မှုကို ပြုလုပ်ပြီး ဖြစ်သော်လည်း သဘော တူညီချက်ပါ အချက်အလက် များအတိုင်း လိုက်ပါ ဆောင်ရွက်မှု အားနည်းနေကြောင်း သိရသည်။

အချို့ တိုးတက်ဆဲ နိုင်ငံများ ဖြစ်ကြသော ဖီဂျီ၊ မာရှယ်လ်ကျွန်း နှင့် ဆိုမားလီးယား စသည့် နိုင်ငံများက ပဲရစ် သဘောတူညီ ချက်ကို သဘော တူညီကြောင်း ပထမဆုံးသော လက်မှတ် ရေးထိုးသည့် နိုင်ငံများ ဖြစ်ကြသည့် အပြင် သဘောတူ ညီချက်ပါ အချက်အလက်များ အတိုင်း လိုက်ပါ ဆောင်ရွက်မှု အားကောင်း သောနိုင်ငံများ ဖြစ်ကြကြောင်း မှတ်တမ်းများ အရ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

Monday, April 25, 2016

မြန်မာနိုင်ငံ၏ Central dry Zone ဖြစ်သော မန္တလေးဒေသသည် မြန်မာ့ရာသီဥတု အတွက် အရေးကြီးသော ဒေသကြီးဖြစ်



မန္တလေး ၊ ၂၅-၄-၂၀၁၆

မြန်မာနိုင်ငံ၏ ရာသီဥတု စက်ဝန်းအတွက် Central dry Zone ဖြစ်သော မန္တလေးဒေသ သည် မြန်မာ့ ရာသီဥတုဆိုင်ရာ ဂေဟစနစ်များ အတွက် အရေး ကြီးသော ဒေသတစ်ခုဖြစ် သည်ဟု ဟိမဝန္တာ ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် တစ်ဦးက ပြောပြသည်။

လက်ရှိတွင် ဖြစ်ပေါ်နေ သော ရာသီဥတု ဆိုင်ရာ ပြောင်းလဲမှု များတွင် အပူချိန်များ မြင့်တက် လာခြင်းကြောင့် ရေချို အရင်းအမြစ် ရှားပါးခြင်း ပြဿနာ တစ်ရပ် ဖြစ်လာပြီး စိုက်ပျိုး ထုတ်လုပ်မှု ပမာဏ ကျဆင်းလာခြင်း၊ တောပြုန်းလာခြင်း တို့သည် ရာသီ အပြောင်းအလဲ ကို ပို၍ဖြစ်ပေါ် လာရသည်ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

မန္တလေးဒေသ သည် အလယ်ဗဟို ဒေသတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားနှင့် စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ အချက်အချာ ကျပြီး ရာသီဥတု ပြောင်းလဲမှုနှင့်ပ တ်သက်၍ လည်း အထူး ဂရုစိုက်ရန် လိုအပ်သော နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။ မြန်မာ့ ရာသီဥတုကို အဓိက ထိန်းညှိပေးသော ပထမနေရာမှာ ဟိမဝန္တာ ဒေသနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ဖြစ်ပြီး ၄င်း မြောက်ဖျား ဒေသသည် မြန်မာ့ ရာသီဥတု အပြင် ကမ္ဘာ့ရာသီဥတု ကိုပါ ထိန်းညှိပေး နိုင်သော တန်ဖိုးကြီးမား သည့် သဘာဝ နယ်မြေ တစ်ခုဖြစ်သည်။ 

အလယ်ပိုင်း ဒေသ၏ ဂေဟစနစ် ပျက်စီးလျှင် ဆက်စပ်နေသော နယ်မြေများ အားလုံး ပြောင်းလဲမှုကို ပိုမိုခံစား ရနိုင်ပြီး ၄င်း အလယ်ပိုင်း ဒေသကို ကာကွယ်ပေး ထားသည့် သဘာဝ နယ်မြေများကို အထူး ထိန်းသိမ်း စောင့်ရှောက်ရန် လိုကြောင်း သိရသည်။ မန္တလေးမြို့ကို ကာကွယ် ပေးထားသည်မှာ မြောက်ဘက်တွင် မတ္တရာ ဒေသ၊ တောင်ဘက်တွင် ကျောက်ဆည် ဒေသ၊ အနောက်တောင် ဘက်တွင် အင်းဝဒေသ တို့ဖြစ်ကြောင်း သိရသည်။ 

၎င်း ဒေသကြီး သုံးခုသည် မန္တလေး မြို့ပတ်ဝန်းကျင် တွင် ရေဝေရေလဲနှင့် ရေအရင်းအမြစ် ကောင်းမွန်သော ဒေသများဖြစ်ပြီး ရေအရင်းအမြစ် ကို အခြေခံ၍ စိုက်ပျိုးရေးများ ပြုလုပ်နိုင်ခြင်း၊ သစ်ပင်ကြီးငယ်များ ကောင်းစွာ ပေါက်ရောက် နိုင်ခြင်း၊ ရေဓာတ်ကြောင့် ရာသီဥတုကို ထိန်းညှိပေး နိုင်ခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိစေ နိုင်ကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၁)

Friday, April 22, 2016

အပူချိန်မြင့်တက် လာခြင်းကြောင့် ပုစွန်သားဖောက်စခန်း များကို ဇွန်လဆန်းပိုင်းအထိ ခေတ္တပိတ်သိမ်းမည်



ရန်ကုန် ၊ ၂၂-၄-၂၀၁၆

ယခုနှစ် နွေရာသီတွင် အပူချိန် သိသိသာသာ မြင့်တက်လာခဲ့ရာ မြင့်တက်လာသည့် အပူရှိန်ကြောင့် ပုစွန်သားဖောက် စခန်းများ၌ ပုစွန် သားပေါက်များ အသေအပျောက် များပြားနေသဖြင့် ဇွန်လဆန်းပိုင်း အထိ ခေတ္တ ပိတ်သိမ်းပြီး လုပ်ငန်း ရပ်နားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

ဧပြီလဆန်းပိုင်းမှ စ၍ ပြည်တွင်းရှိ ပုစွန်သားဖောက် စခန်းများ၌ သားပေါက်များ၏ ၅ဝ ရာခိုင်နှုန်းအထိ အသေအပျောက် ရှိနေခြင်းကြောင့် ပုစွန်သားဖောက် စခန်းများကို ခေတ္တရပ်နား ထားရခြင်း ဖြစ်သည်။

''အရင်က ပုစွန်သားဖောက် စခန်းတွေမှာ အသေအပျောက် များတာက ရောဂါပိုး ကြောင့်ပါ။ ဒါ့အပြင် သားဖောက်တဲ့ နည်းစနစ် မမှန်တာတွေရယ်၊ ရေသန့်ရှင်းမှု မရှိတာတွေရယ် ကြောင့်ပါ။ အဲဒီတုန်း ကတော့ အကုန်လုံးနီးပါး သေတာပါ။ အခုက တစ်ဝက်လောက်ပဲ သေတာ။ အပူချိန် အရမ်းမြင့်နေတော့ သားပေါက်တွေ အပူဒဏ်မခံနိုင် တာကြောင့်ပါ'' ဟု ၄င်းကဆက်လက် ပြောသည်။

ထိုကဲ့သို့ အပူချိန် မြင့်မားမှုကြောင့် သားပေါက် အသေအပျောက်နှုန်း မြင့်မားနေခြင်းမှာ ခေတ်မီ နည်းပညာများကို အသုံးပြု နိုင်ခြင်းမရှိသည့် အပြင် စက်ပစ္စည်း လိုအပ်ချက် များကြောင့် ဖြစ်ကြောင်း၊ မွေးမြူသူများ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့မှ ပုစွန်သားပေါက် များကို ဝယ်ယူ မွေးမြူသွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်ကလည်း ပြည်တွင်းမှာ ပုစွန် သားပေါက်တွေ ရှားရင် ပြည်ပကနေ ဝယ်ပြီး မွေးရတာပဲ။ ဒါပေမဲ့ အခုဝယ်မယ် ဆိုရင်တော့ အရည်အသွေးပိုင်းနဲ့ ပတ်သက်တဲ့ စာချုပ်ချုပ်ပြီး ဝယ်ရမယ်။ သားပေါက်ကို ကြည့်ရုံနဲ့ ကြီးလာရင် ဘယ်လို အရည်အသွေး ရှိမယ်ဆိုတာ မသိနိုင်ဘူး'' ဟု ရေချိုပုစွန် မွေးမြူရေး လုပ်ငန်းရှင် ဦးမြင့်ကြည် က ပြောသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၅)

Friday, March 11, 2016

အပူလှိုင်းဖြတ်သန်းမှုအတွင်း လူသေဆုံးမှုနှုန်းကို လျှော့ချနိုင်မည့် အိန္ဒိယအစို့း၏ ကြိုတင် ကာကွယ်ရေး အစီအစဉ်များ



( နိုင်အောင် )

အိန္ဒိယ အစိုးရသည် နိုင်ငံအတွင်း အပူလှိုင်း ဖြတ်သန်းမှုကြောင့် လူအသေအပျောက် နှုန်းကို လျှော့ချနိုင်ရေး အတွက် ကြိုတင် ကာကွယ်ရေး အစီအစဉ် များအား အပူလှိုင်းဒဏ် အဆိုးရွားဆုံး ခံရဖွယ်ရှိသည့် ဒေသများတွင် အကောင် အထည်ဖော် လုပ်ဆောင်ရန် စီစဉ်လျက် ရှိသည်။

အိန္ဒိယနိုင်ငံ သည် အပူလှိုင်း ဖြတ်သန်းမှု အန္တရာယ်ကို နှစ်စဉ်နီးပါး ကြုံတွေ့ရလေ့ ရှိပြီး ပြောင်းလဲလာသည့် ရာသီဥတု ကြောင့် အပူချိန် မြင့်တက်မှုကို နိုင်ငံအတွင်းရှိ လူပေါင်း ၁ ဒသမ၂၅ ဘီလီယံတို့ ခံစားရလျက် ရှိသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ကြိုတင် ကာကွယ်ရေး အစီအစဉ်များကို ကောင်းစွာ ချမှတ်ပြင်ဆင် ထားခြင်း မရှိပါက ရာသီဥတု ပူပြင်းခြောက်သွေ့ မှုကြောင့် သစ်ပင်၊ သစ်တောများနှင့် ကောက်ပဲသီးနှံ များ ပျက်စီး ဆုံးရှုံးရမည့် အန္တရာယ် အပြင် ထောင်ပေါင်း များစွာသော လူနှင့်တိရစ္ဆာန်များ သေကျေ ပျက်စီးမှုဖြင့် ရင်ဆိုင်ကြုံတွေ့ ရဖွယ်ရှိသည်။

အိန္ဒိယအစိုးရ သည် ရာသီဥတု ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အစီအစဉ် များကို နိုင်ငံ အရှေ့ဘက် သြဒိဿပြည်နယ် ၊ ဘူဘာနက်ရှ်ဝါ နှင့် တခြားမြို့ကြီး သုံးမြို့ အပါအဝင် နိုင်ငံ အနောက်ဘက်ရှိ နက်ဂ်ပူရမြို့ နှင့်အနီးရှိ မြို့ကြီးလေးမြို့ ၌ လာမည့် ရက်သတ္တပတ် အတွင်း စတင်အကောင် အထည်ဖော်မည် ဖြစ်သည်။ ယင်းဒေသများ၌ လွန်ခဲ့သည့် နှစ်က အပူချိန် ၄၇ ဒီဂရီအထိ မြင့်တက်ခဲ့သည်။ အစိုးရ၏ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွင် ဒေသအတွင်းရှိ ကလေးငယ် များအား ရာသီဥတု ပူပြင်းမှုကြောင့် ဖြစ်ပေါ် တတ်သည့် အန္တရာယ်နှင့် စပ်လျဉ်း၍ ပညာပေးခြင်း၊ ဆေးရုံများ၌ အပူလျှပ် ဝေဒနာရှင်များကို ကုသပေး နိုင်ရန် ရေခဲထုပ်များ အသင့်ထားရှိခြင်း၊ အပူချိန် မြင့်တက်မှုကြောင့် ဝေဒနာခံစား ရသူများကို ထိရောက်စွာ ကုသပေး နိုင်ရေးအတွက် ဆေးဝန်ထမ်း များကို လေ့ကျင့် သင်ကြား ပေးခြင်းတို့ ပါဝင်မည် ဖြစ်သည်။ အစိုးရသည် ယခင်ကလည်း အပူချိန် မြင့်တက်မှုကြောင့် လူသေဆုံးခြင်းမှ ကာကွယ်နိုင်ရန် ကြိုတင် ကာကွယ်မှုများကို လုပ်ဆောင်ခဲ့ သည်။ နိုင်ငံ အနောက်ပိုင်းရှိ မြို့တစ်မြို့ ဖြစ်သည့် အမတ်တာဘတ်မြို့ ၌ အာဏာပိုင် များက အပူချိန်မြင့်တက် မှုကြောင့် ဖြစ်ပွားတတ်သော ကျန်းမာရေးဆိုင်ရာ အန္တရာယ် များနှင့် စပ်လျဉ်း၍ ၂ဝ၁၃ ခုနှစ်က ခုနစ် ရက်ကြာ သတိပေးချက် ထုတ်ပြန်ခြင်း နှင့် ရာသီဥတုဆိုင်ရာ သတင်း အချက်အလက် များကို ပြည်သူများ သိရှိစေရန် မှန်မှန် ထုတ်ပြန်ပေးခြင်း တို့ကြောင့် ယင်းဒေသ အတွင်း၌ လူအသေအပျောက် နှုန်းကို အများအပြား လျှော့ချ နိုင်ခဲ့သည်။ ယင်းမှာ ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်နှင့် စပ်လျဉ်း၍ ကြိုတင် ကာကွယ်မှု ပြုလုပ်ခြင်း၏ အကျိုးဟု ဆိုနိုင်ပေသည်။




အဆိုပါမြို့၌ ၂ဝ၁ဝ ပြည့်နှစ် အတွင်းက အပူချိန် မြင့်တက်မှုကြောင့် လူပေါင်း ၁၂ဝဝ သေဆုံးခဲ့သည်။ ယခုနှစ်တွင် ပြုလုပ်မည့် အစိုးရ၏ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွင် ကာယလုပ်သား များအတွက် အထောက်အကူ ပြုမည့် အစီအစဉ် များကိုပါ ထည့်သွင်းထား သည်ကို တွေ့ရသည်။ အစိုးရ၏ အစီအစဉ်အရ ရာသီဥတု ပူပြင်းလှ သော်လည်း ဆင်းရဲနွမ်းပါး မှုကြောင့် ပူပြင်းသည့် ရာသီဥတုကို အန်တုပြီး ကာယအား အသုံးပြု၍ အလုပ်လုပ်ကိုင် နေရသော လုပ်သားများ အတွက် သောက်ရေ အပိုများကို ပံ့ပိုးပေးအပ်ခြင်း နှင့် လုပ်သားများ နားနေနိုင်ရန် လေဝင်လေထွက် ကောင်းမွန်ပြီး အရိပ်အာဝါသ ကောင်းမွန်သည့် နားနေဆောင်များ တည်ဆောက် ပေးခြင်းတို့လည်း ပါဝင်သည်။ ထို့ပြင် အစိုးရ အနေဖြင့် ရာသီဥတု ပူပြင်းမှုနှင့် စပ်လျဉ်း၍ စီမံကိန်းများ ကောင်းစွာရေးဆွဲ ချမှတ်နိုင်ရေး အတွက် အထောက်အကူ ပြုစေရန် အိန္ဒိယ မိုးလေဝသဌာန က ရာသီဥတု ခန့်မှန်းချက် များကို အချိန်မီ သတင်းပေးပို့ သွားမည် ဖြစ်သည်။

ရေအရင်းအမြစ် ရှားပါးခြင်းသည် အိန္ဒိယနိုင်ငံ၏ ရာသီဥတု ပူပြင်း ခြောက်သွေ့မှုကို ပိုမိုဆိုးရွား စေပြီး အပြောင်းအလဲ မြန်လှသည့် မုတ်သုံမိုး များလည်း နိုင်ငံအတွက် လိုအပ်သည့် သောက်သုံးရေ ပမာဏကို ဖြည့်ဆည်းပေး နိုင်ခြင်းမရှိပေ။ အိန္ဒိယနိုင်ငံသည် ၂ဝ၃ဝ ပြည့်နှစ်တွင် သောက်သုံးရေ အလွန်ရှားပါး မှုဖြင့် ရင်ဆိုင်ရဖွယ် ရှိပြီး ယင်းအချိန်တွင် နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း နှင့် ပြည်သူများ သောက်သုံးရန် လိုအပ်သည့် ရေအရင်းအမြစ်မှာ လက်ရှိ ပမာဏ၏ ထက်ဝက်ခန့်သာ ကျန်ရှိတော့မည် ဖြစ်သည် ဟု ကျွမ်းကျင်သူများက သတိပေး ထားသည်။

အိန္ဒိယနိုင်ငံ၌ ၂ဝ၁၅ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သည့် အပူလှိုင်း ဖြတ်သန်းမှုကို နိုင်ငံ တောင်ပိုင်းရှိ ဒေသများက အဆိုးရွားဆုံး ကြုံတွေ့ခဲ့ ရသည်။ အပူလှိုင်း ဖြတ်သန်းမှုကြောင့် အန်ဒရာပရာဒက်ရှ် ပြည်နယ် တစ်ခုတည်း မှာပင် လူပေါင်း ၁ဝဝဝ ကျော် သေဆုံးခဲ့သည်။ ယင်း ပမာဏမှာ၂ဝ၁၄ ခုနှစ်အတွင်း က ဖြစ်ပွားခဲ့သည့် ရာသီဥတု ပူပြင်းမှုကြောင့် သေဆုံးခဲ့သူ ဦးရေထက် နှစ်ဆကျော် ရှိသည်။ အဆိုပါ ပြည်နယ် အတွင်းရှိ ဂန်တာ ခရိုင် သည် အပူချိန် မြင့်တက်မှုကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး ရာသီဥတု ပူပြင်းမှုကြောင့် အပူလျှပ် ဝေဒနာရှင် များကို ဆေးကုသ ပေးနိုင်ရေး အတွက် ယင်းဒေသရှိ ဆရာဝန်အားလုံးကို ခွင့်မယူရန် ပိတ်ပင်ခဲ့ရသည်။ အပူလျှပ် ၍ သေဆုံးသူများ အနက် အများစုမှာ အသက်အရွယ် ကြီးရင့်သူ များနှင့် ပျံကျ နေထိုင်ကြသည့် ဆင်းရဲနွမ်းပါး သူများဖြစ်သည်။ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အပူလှိုင်း ဖြတ်သန်းမှုကို ပိုမိုဆိုးရွား စေသည့် အချက်မှာ လျှပ်စစ်မီး ပြတ်တောက်ခြင်း ပင်ဖြစ်သည်။ လေအေးပေးစက် (အဲကွန်း) မတတ်နိုင်သူ ဆင်ခြေဖုံး ရပ်ကွက်များ၌ နေထိုင်သူများမှာ သစ်ရိပ်၊ ဝါးရိပ် များ၌ နားခိုနိုင် သော်လည်း မြို့လယ်ကောင်ရှိ တိုက်ခန်းများ၌ နေထိုင်ကြ ရသည့် 

ပြည်သူများ အနေဖြင့် အပူလှိုင်း ဖြတ်သန်းချိန်တွင် အခန်းကျဉ်း လေးများ အတွင်း၌ လေအေးပေးစက် ကိုသာ အားထား နေရသည်။ သို့သော် လျှပ်စစ်မီး ပြတ်တောက်မှု များကြောင့် မြို့ပြနေ ပြည်သူများမှာ အပူချိန် မြင့်တက်မှုကို ၄င်းတို့၏ အခန်းကျဉ်းလေး များအတွင်း မချိမဆံ့ ခံစားခဲ့ရသည်။ ဒေလီမြို့၌ လည်း အပူချိန် အဆမတန် မြင့်တက် ခဲ့ခြင်းကြောင့် လမ်းမကြီးများ ပေါ်၌ ခင်းထားသည့် ကတ္တရာ များပင် အရည်ပျော်ခဲ့ ရသည်။


အိန္ဒိယနိုင်ငံ၌ မေနှင့် ဇွန်လတို့သည် အပူပြင်းဆုံးသော လများဖြစ်ပြီး ယင်း ကာလအတွင်း အပူချိန်မှာ ခါတိုင်းထက် ပိုမိုမြင့်တက် လာနိုင် သောကြောင့် အစိုးရ အနေဖြင့် ရာသီဥတု ပူပြင်းမှုနှင့် စပ်လျဉ်း၍ ကြိုတင် ကာကွယ်မှု အစီအစဉ်များကို ချမှတ်ထားခြင်း မရှိပါက နိုင်ငံအတွင်း လူသေဆုံးမှု နှုန်းကို လျှော့ချနိုင်မည် မဟုတ်ကြောင်း နယူးယောက်မြို့ အခြေစိုက် သဘာဝ အရင်းအမြစ် ကာကွယ် စောင့်ရှောက်ရေး ကောင်စီမှ အိန္ဒိယနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး အန်ဂျာလီဂျာအီဆွဲ က သတိပေး ထားသည်။ ထို့ကြောင့် အိန္ဒိယအစိုးရက ယခု ချမှတ်ခဲ့သည့် ကြိုတင် ကာကွယ်ရေး အစီအစဉ် များသည် နိုင်ငံအတွင်း အပူလျှပ်မှု၊ အပူချိန် မြင့်တက်မှုတို့နှင့် စပ်လျဉ်းသည့် လူသေဆုံးမှုများကို အတော်အတန် လျှော့ချနိုင်မည်ဟု မျှော်လင့်ရ ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Thursday, March 10, 2016

အပူလှိုင်းအန္တရာယ် ကာကွယ်ရေး အစီအစဉ်များ မြို့ကြီး နှစ်မြို့၌ အိန္ဒိယစတင်မည်



နယူးဒေလီ ၊ ၁၀-၃-၂၀၁၆

လွန်ကဲသော အပူလှိုင်းများ ကျရောက်မည့် အလားအလာ ရှိသည့် မြို့ကြီးနှစ်မြို့ တွင် နေထိုင်သည့် မြို့သူမြို့သား များကို အပူလှိုင်း အန္တရာယ်မှ ကာကွယ်ရေး အတွက် အိန္ဒိယ အစိုးရက အစီအစဉ်များ စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း အေပီ သတင်းဌာန က ယမန်နေ့တွင် ရေးသား ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ်အတွင်း ပြင်းထန်သည့် အပူလှိုင်း များကြောင့် အနည်းဆုံး လူပေါင်း ၂၅ဝဝ သေဆုံးခဲ့ ရပြီ်း နောက် အိန္ဒိယနိုင်ငံ အစိုးရက အပူလှိုင်း အန္တရာယ် ကာကွယ်ရေး အစီအစဉ်များကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများ ၌ ဖော်ပြထားသည်။ လာမည့် သီတင်းပတ် အတွင်း စတင်မည့် အပူလှိုင်း အန္တရာယ် ကာကွယ်ရေး အစီအစဉ်များကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘူဘန်နက်ရှ်ဝါ မြို့တော်နှင့် အနောက်ပိုင်း ဒေသ နာဂပူရမြို့တော် တို့၌စတင် အကောင် အထည်ဖော် သွားမည် ဖြစ်သည်။ 

အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် အမျိုးသား အရင်းအမြစ် ကာကွယ်ရေး ကောင်စီ အဆိုအရ ယင်း အိန္ဒိယမြို့ကြီး နှစ်မြို့သည် ၂ဝ၁၅ ခုနှစ်အတွင်း အပူချိန် ၄၇ ဒီဂရီ ဆဲလ်စီးယပ်စ် ထိရှိသည့် အပူလှိုင်းဒ ဏ်ကို ခံစား ခဲ့ရကြောင်း သိရသည်။ 

နှစ်စဉ် အပူလှိုင်း ကျရောက်မှု ဒဏ်ကိုခံစား ရမြဲဖြစ်သည့် အိန္ဒိယနိုင်ငံသည် သီတင်း တစ်ပတ်စာ မိုးလေဝသ ခန့်မှန်းမှု အစီအစဉ်များ စတင်ခြင်း၊ သောက်သုံးရေ အပို သိုလှောင်ခြင်း၊ အအေးဓာတ် ပေးစွမ်း နိုင်မည့် အမိုးအကာ ထားရှိခြင်းနှင့် အလုပ်သမားများ အတွက် မွန်းလွဲပိုင်း အလုပ်နားချိန် သတ်မှတ်ပေးခြင်း တို့ဖြင့် အပူလှိုင်း ဒဏ်ကြောင့် လူသေဆုံးမှုများကို ကာကွယ်ရန် ရည်ရွယ်ထားသည်။

၂ဝ၁၅ ခုနှစ်အတွင်းက ကျရောက်ခဲ့သည့် အပူလှိုင်း ဒဏ်ကြောင့် အင်ဒရာပရာဒေ့ရှ် ပြည်နယ် တစ်ခုတည်း တွင်ပင် သေဆုံးခဲ့ရသည့် ပြည်သူဦးရေ ၁၇ဝဝ ကျော်ရှိပြီး အိန္ဒိယနိုင်ငံ တစ်ဝန်းလုံး၌ သေဆုံးခဲ့ရသူ အများစုမှာ အပူဒဏ်ကြောင့် အလုပ်နား၍ မရနိုင်သော လက်လုပ်လက်စား များဖြစ်ကြောင်း သတင်း များတွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်

Thursday, January 21, 2016

မူလခန့်မှန်းထားသည်ထက်၂ဝ၁၅-၂ဝ၁၆ အယ်လ်နီညို ပို၍ ဆိုးရွားလာဖွယ်ရှိ



ကမ္ဘာတစ်ဝန်းမှာ ရာသီဥတု ပြင်းထန်ဆိုးဝါး နေတာ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။ ၂၀၁၅ ကနေ စတင်ခဲ့ပြီး အခု ၂၀၁၆ အထိကို အဆုံးမသတ် နိုင်သေးတဲ့ ဒီအယ်လ်နီညို ဖြစ်စဉ်ဟာ တတိယ အကြိမ်မြောက် အဆိုးရွားဆုံး အယ်လ်နီညို ဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

၁၉၉၇ ကလည်း အယ်လ်နီညို ပြင်းထန်စွာ ဖြစ်ပွားခဲ့လို့ လူပေါင်း သန်းပေါင်းဆယ်နဲ့ချီ ရောဂါဘယတွေ ခံစားခဲ့ရသလို အစာငတ်မွတ် ခေါင်းပါးခြင်းနဲ့ လည်း ကြုံခဲ့ကြ ရပါတယ်။ ကမ္ဘာ့ အနောက်ခြမ်း ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ ရေကြီးရေလျံမှုတွေ ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ အရှေ့ ခြမ်း ဖြစ်တဲ့ အင်ဒိုနီးရှား မှာတော့ မိုးခေါင်ရေရှား ခဲ့ပါတယ်။ မိုးလေ၀ါသ ဖောက်ပြန်မှုရဲ့ အကျိုးဆက် အားဖြင့် အာဖရိကမှာ တစ်ခါမှ မကြုံဖူးတဲ့ ဗိုင်းရပ်စ် ကူးစက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့ သလို တစ်ကမ္ဘာလုံးမှာ ကော်ဖီဈေး တွေလည်း တက်သွားခဲ့ ပါတယ်။ အခုလည်း ကျွန်တော်တို့ ဟာ ၁၉၉၇ အယ်လ်နီညို ထက် မနိမ့်တဲ့ အခြေအနေကို ရင်ဆိုင်ဖြတ်သန်း နေရတာပါ။

ဒီအယ်လ်နီညိုဆိုတာ ဘာများပါလိမ့်။

ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်း၊ အီကွေတာ တစ်လျှောက်မှာ သမုဒ္ဒရာရေ ပူနွေးလာပါတယ်။ ဒီ ပူနွေးလာတဲ့ သမုဒ္ဒရာရေကို အရှေ့ ကနေ အနောက်ကို တိုက်ခတ်တဲ့ လေတွေက အင်ဒိုနီးရှားနဲ့ သြစတြေးလျ ဘက်ကို တွန်းထုတ်ပါတယ်။ ဒါပေမယ့် သမုဒ္ဒရာရေက သာမန်ထက် ၀ ဒသမ ၅ ဒီဂရီအထက် ပိုပြီးပူလာတဲ့အခါ အဲဒီ အနောက်လေက အားပျော့သွားပြီး သမုဒ္ဒရာရေနွေးပူ တွေကို အင်ဒိုနီးရှားနဲ့ သြစတြေးလျ ဘက်ကိုပဲ
သတ်သတ် မှတ်မှတ် မတွန်းထုတ်နိုင် တော့ဘဲ ကမ္ဘာ့အရှေ့ ဘက်တစ်ခြမ်းလုံး ကနေ တောင်အမေ ရိကကို ရောက်တဲ့ အထိ ပြန့် ပြီးစီးဆင်းသွားပါတယ်။ ဒါကို အယ်လ်နီညို ဖြစ်စဉ်လို့  ခေါ်ပါတယ်။ အယ်လ်နီညို ကတော့ စပိန်စကားလုံး ဖြစ်ပါတယ်။ ခရစ္စမတ်အပြီးမှာ ဖြစ်ပွားတတ်လို့  အဲဒီအချိန်မှာ ရက်သားလေး အရွယ်ပဲရှိဦးမယ့် ယေရူခရစ်တော်ကို အစွဲပြုပြီး ‘ကလေးငယ်လေး’ လို့ အဓိပ္ပာယ်ရတဲ့ အယ်လ်နီညို လို့ ခေါ်တာလို့  Merriam Webster အဘိဓာန်မှာ ဖော်ပြထားပါတယ်။

ဒီတော့ ပစိဖိတ်သမုဒ္ဒရာ ရေက အီကွေတာနားမှာ ပူလာပြီး ကမ္ဘာ့ အရှေ့ ဘက်ခြမ်းကို စီးဆင်းလာတော့ ဘာဖြစ်သလဲ။ လေထု ပတ်ဝန်းကျင်ကို ပူနွေးစေပြီး ကမ္ဘာတစ်ဝန်းက သမုဒ္ဒရာ ရေစီးကြောင်းကို  ကမောက်ကမ ဖြစ်စေတဲ့အတွက် ပစိဖိတ်သမုဒ္ဒရာ ထဲမှာ ပြင်းထန်တဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်က အယ်လ်နီညို မုန်တိုင်းဒဏ်ကို အခံရဆုံးဖြစ်ပြီး တောင်အမေရိက၊ အနောက်ဘက် ကမ်းရိုးတမ်းကတော့ အတောမသတ် နိုင်တဲ့ မိုးရွာသွန်းမှုကို ခံစားရတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ တောင်အာရှနဲ့ သြစတြေးလျ မှာတော့ ခါတိုင်းလို မိုးမရွာတော့ဘဲ မိုးခေါင်ရေရှားမှု ဖြစ်ပွား ပါတော့တယ်။ ၂၀၁၆ ဟာ တောင်အာရှ အတွက် မိုးခေါင်ရေရှားမယ့်နှစ် ဖြစ်ဖို့  ရာခိုင်နှုန်း များနေပါပြီ။

အယ်လ်နီညိုကြောင့် ဆိုင်ကလုန်းရာသီ တွေကိုလည်း ခန့် မှန်းရ ခက်သွားလေ့ ရှိပါတယ်။ ပစိဖိတ်အရှေ့ ပိုင်းရေထု ပူနွေးလာရင် ပစိဖိတ် သမုဒ္ဒရာထဲမှာ ဟာရီကိန်းမုန်တိုင်း ဖြစ်ပွားမှုပိုလာ ပေမယ့်  အတ္တလန္တိတ် သမုဒ္ဒရာထဲ မှာတော့ မုန်တိုင်းဖြစ်ပွားမှု နည်းသွားပြန် ပါတယ်။ ဒီတော့ ၂၀၁၆ မှာလည်း အတ္တလန္တိတ် သမုဒ္ဒရာဟာ အေးအေးလူလူ ရှိနေဦးမှာ ဖြစ်ပေမယ့် ပစိဖိတ်ထဲမှာတော့ မုန်တိုင်းထန် ပါလိမ့်မယ်။ အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ အရှေ့ ပိုင်းက ရေအေးငါးတွေ ဒေသရွှေ့ ပြောင်းလေ့ ရှိတဲ့အတွက် အဲဒီဒေသ လက်တင်အမေရိကား က တံငါရွာတွေရဲ့  ငါးဖမ်းလုပ်ငန်းကို အထူးထိခိုက် ပါတယ်။ ဒါဖြစ်ရင် ဒီ ၂၀၁၅-၂၀၁၆ အယ်လ်နီညိုဟာ ၁၉၉၇-၁၉၉၈ အယ်လ်နီညို ထက် ဆိုးရွားပြင်းထန် နိုင်မလားဆိုရင် ပစိဖိတ် သမုဒ္ဒရာ ရေမျက်နှာပြင် အပူချိန် သုညဟာ ပုံမှန်၊ ၀ ဒသမ ၅ ကျော်သွားရင် အယ်လ်နီညို၊ ၁ ဒသမ ၅ ထက် ကျော်သွားရင် အားပြင်းတဲ့ အယ်လ်နီညို ပါ။ ၁၉၉၇-၁၉၉၈ အယ်လ်နီညိုက ၂ ဒသမ ၃ ရှိခဲ့ပါတယ်။ အခုအယ်လ်နီညို က ၂ ဒသမ ၀ ရှိပြီး တက်ရိပ်ပြ နေတဲ့အတွက် ကျွန်တော်တို့  စိတ်ပူမယ်ဆိုရင် ပူလို့ ရနေပါပြီ။ အယ်လ်နီညို ၂ ဒသမ ၃ ရှိခဲ့တဲ့ ၁၉၉၇ မှာ လူပေါင်း ၂၃၀၀၀ သေဆုံးပြီး အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံကျော်ဖိုး ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါတယ်။ လက်တင် အမေရိကရဲ့  အချို့ သော နေရာတွေမှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အင်ဒိုနီးရှားမှာတော့ မိုးခေါင်ရေရှားမှု ဖြစ်ပွားခဲ့ပြီး တောမီး ဆိုးရွားပြင်းထန်စွာ လောင်ကျွမ်းခဲ့  ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ခရိုင်ပေါင်း ၃၅ ခုမှာ အခု မိုးခေါင်ရေရှား ဖြစ်နေပါတယ်။ ဒီခရိုင်တွေပဲ ၁၉၉၇ မှာကျတော့ ရေကြီးရေလျံမှုနဲ့  ကြုံတွေ့ ခဲ့ရပါတယ်။ အယ်လ်နီညိုကြောင့် ကမ္ဘာကြီးလည်း ပူနွေးလာအုံးမှာမို့  ၁၉၉၈ ဟာ အလွန်ပူပြင်း ခဲ့သလို ၂၀၁၅ ဟာလည်း ခြစ်ခြစ်တောက် နီးပါးပူခဲ့တာ အားလုံးသတိရ ကြမယ် ထင်ပါတယ်။

အယ်လ်နီညို ဖြစ်စဉ်ဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်လို့  ဖြစ်ပွားတာလား ဆိုရင် မဟုတ်ပါဘူး။ အယ်လ်နီညို ဖြစ်စဉ်ဟာ ၂ နှစ်ကနေ ၃ နှစ်ကို တစ်ကြိမ် မှန်မှန် ဖြစ်ပွားလေ့ ရှိပါတယ်။ အဲဒီအချိန်မှာ ရာသီဥတု ဖောက်ပြန် နေတာနဲ့ တိုက်ဆိုင် သွားရင်တော့ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပွားလာတဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းရော၊ မိုးခေါင်ရေရှား ခြင်းပါ ပိုပြီးဆိုးရွား ပြင်းထန်လာဖို့ပဲ ရှိပါတယ်။

အယ်လ်နီညို ၂၀၁၅ ဟာ ထင်မှတ်ထား တာထက် သက်တမ်းပိုကြာ နေပြီး ၂၀၁၆ မတ်လအထိကို လက်တံဆန့်လာမယ့် အခြေအနေမှာ ရှိနေတာမို့  ကမ္ဘာ့ တောင်ဘက်ခြမ်းမှာ အအေးပိုပြီး မြောက် ဘက်ခြမ်းမှာ အအေးလျော့ ပါမယ်။ တောင်ဘက်ခြမ်းမှာ မိုးလည်းများ ပါမယ်။ ကယ်လီဖိုးနီးယား ရဲ့ မိုးခေါင်ခြင်း ပြဿနာ အနည်းငယ်ပဲ လျော့ပါးသွား ပါလိမ့်မယ်။ အယ်လ်နီညို ဖြစ်စဉ်ဟာ ဒီထက်လည်း ဆိုးရွားလာနိုင် သေးတာမို့  မိုးလေ၀ါသ သတင်း အချက်အလက် များကို ပုံမှန်သိရှိနေဖို့  လိုအပ်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

Tuesday, January 12, 2016

ယခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ အယ်နီနို သက်ရောက်မှုရှိနိုင်



ရန်ကုန် ၊ ၁၂-၁-၂၀၁၆

၂ဝ၁၅ ခုနှစ်သည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးနှစ်ဖြစ်၍ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အယ်နီနို သက်ရောက်မှု ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ပြောသည်။

အဆိုပါ အင်အားပြင်း အယ်နီနို ဖြစ်စဉ်ကြောင့် မိုးဦးကာလအထိ သက်ရောက်မှု ရှိနိုင်ပြီး ရေရှားပါးမှု နှင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

ယင်းကာလတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်တို့၌ စိုက်ပျိုးရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်ရနိုင်သဖြင့် စပါးအပါအဝင် သီးနှံစိုက်ခင်းများ ရေမပြတ်လပ် စေရန်နှင့် ဆန်ပြတ်လပ်မှု မရှိစေရန် အရန်ဆန်များ စုဆောင်းထား သင့်ကြောင်း ပညာရှင်များက ပြောသည်။

အယ်နီနို ဖြစ်စဉ်သည် ပင်လယ် ရေမျက်နှာပြင် အပူချိန် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လေ့ရှိပြီး သုံးနှစ်၊ လေးနှစ် သို့မဟုတ် ခုနစ်နှစ် တစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်ပြီး အယ်နီနို ကာလသည် နှစ်လမှ ကိုးလအထိ ကြာမြင့် တတ်ကြောင်း သိရသည်။

''အယ်နီနိုကြောင့် မိုးနည်းရေရှားဖြစ်တဲ့ အလယ်ပိုင်း၊ မြေလတ်ပိုင်း ဒေသတွေမှာ သက်ရောက်မှု များနိုင်ပြီး ရေရှားပါးမှုနဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်တယ်။ အယ်နီနို သက်ရောက်မှုက မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး (အောက်ပိုင်း) ဒေသတွေမှာ အဓိက ခံစားရနိုင်တယ်။ တခြားဒေသ တွေမှာလည်း အယ်နီနို ကြောင့် သွယ်ဝိုက်တဲ့နည်းနဲ့ သက်ရောက်မှု ဖြစ်ပေါ် နိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ မေလဆိုရင် ပိုပြီး သတိပြုဖို့ လိုပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

ယခု ဖြစ်ပေါ်နေသည့် အယ်နီနို အင်အားသည် မှတ်တမ်းများအရ အင်အား အကောင်းဆုံး ဖြစ်ခဲ့သည့် ၁၉၉၇-၁၉၉၈ ခုနှစ် အယ်နီနိုဖြစ်စဉ် နှင့်တူညီနေပြီး အင်အား ၂ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်ရှိရာ ယခုနှစ် နွေရာသီတွင် ပုံမှန်ထက် အပူချိန် မြင့်တက်ခြင်း၊ မိုးနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး က ပြောသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

Tuesday, December 22, 2015

နိုင်ငံ ၁၁၀ မှ လူသန်းပေါင်း ၂၅၀ ခန့်သည် သဲကန္တာရ ဖြစ်ထွန်းမှုနှင့် ကြုံတွေ့နေရ



နေပြည်တော် ၊ ၂၂-၁၂-၂၀၁၅

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၁ဝ နိုင်ငံရှိ လူသန်းပေါင်း ၂၅ဝ ခန့်သည် သဲကန္တာရ ဖြစ်ထွန်းမှု အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း (BANCA) မှတ်တမ်းများ အရ သိရသည်။

ထိုသဲကန္တာရ ဖြစ်ထွန်းမှု ဆိုသည်မှာ ရာသီဥတု ပြောင်းလဲမှုနှင့် လူတို့၏ လုပ်ဆောင်မှုများ အပါအဝင် များစွာသော အကြောင်း အမျိုးမျိုး တို့ကြောင့် အလွန်ပူပြင်း ခြောက်သွေ့သော ဒေသများ၊ ပူပြင်း ခြောက်သွေ့မှု အတော်အသင့် ရှိသော ဒေသများနှင့် အသင့်အတင့် စိုစွတ်သော်လည်း ခြောက်သွေ့မှု ရှိသော ဒေသများတွင် မြေအရည်အသွေး ညံ့ဖျင်း ဆုတ်ယုတ် လာခြင်း ဖြစ်သည်။

အဆိုပါ သဲကန္တာရ ဖြစ်ထွန်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်ကြောင်း ၊ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၁ဝ နိုင်ငံရှိ လူသန်းပေါင်း ၂၅ဝ ခန့်သည် သဲကန္တာရ ဖြစ်ထွန်းမှု အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်။

သဲကန္တာရ ဖြစ်ထွန်းလာ ခြင်းကြောင့် မြေဆီလွှာ ယိုယွင်းညံ့ဖျင်း လာသဖြင့် သီးနှံထွန်ယက် စိုက်ပျိုးမြေ ဧရိယာ နည်းပါးလာခြင်း၊ စိုက်ပျိုးသီးနှံ အထွက်နှုန်း ကျဆင်းလာခြင်း၊ စားနပ်ရိက္ခာ ရှားပါးလာခြင်း၊သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီး လာခြင်း၊ ဇီဝမျိုးများ ပျောက်ကွယ် လာခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်လာပြီး လူအစုလိုက် အပြုံလိုက် နေရာပြောင်းရွှေ့ မှုများ၊ အိမ်မဲ့ယာမဲ့ ဖြစ်မှုများ၊ လူမှုရေးစနစ် ပျက်စီးမှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းများ ကြုံတွေ့ရခြင်း စသော ဆင်းရဲဒုက္ခ အမျိုးမျိုး ကိုလည်း တွေ့ကြုံခံစား ကြရမည် ဖြစ်ကြောင်း BANCA ၏ မှတ်တမ်းများ အရ သိရသည်။ (၁၈၅)

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

Tuesday, December 15, 2015

နေ့စဉ်ရာသီဥတုအခြေအနေ များကို Call Centre 1876 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်



ရန်ကုန် ၊ ၁၅-၁၂-၂၀၁၅

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက် ရှိသော ရာသီဥတု ခန့်မှန်းချက်များကို Call Centre 1876 မှတစ်ဆင့် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း ဒီဇင်ဘာ ၁၃ ရက်က မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦး က ပြောပြသည်။

အဆိုပါ ဝန်ဆောင်မှုကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် Blue Ocean ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီိ Call Centre ကနေ ပြည်သူတွေ သိလိုတဲ့ အချက် အလက် တွေ ကို ဖြေကြား ပေး သွားမှာပါ။ နေ့စဉ် ဖြစ်ပျက်နေတဲ့ ရာသီဥတု မိုးလေဝသ အခြေအနေလဲ မေးမြန်းလို့ရမယ်။ ဖြေကြားပေးဖို့ ခက်ခဲတဲ့ အကြောင်းအရာ တွေဆိုရင် ရုံးချုပ်ကို ပြန်လည် ဆက်သွယ် ပြီးတော့ မေးမြန်းသူကို ပြန်လည်  ဖြေကြားပေးသွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခုအခါ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အလိုအလျောက် မိုးလေဝသ တိုင်းတာစက် များကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တပ်ဆင်လျက် ရှိသည့် အပြင် လာမည့် နွေရာသီတွင် ဖြစ်ပေါ် လာနိုင်သည့် ရာသီဥတု အခြေအနေများကို မှန်ကန်တိကျ စွာ အမြန်ဆုံး ထုတ်ပြန်နိုင်ရန်  စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။

''မကြာသေးခင်က ပြီးထားတဲ့ ရေဒါကလဲ အခုစတင် လည်ပတ်နေပါပြီ။ ဒီကရတဲ့ အချက်အလက် တွေကိုလဲ ပြည်သူတွေ အတွက် ထုတ်ပြန် ပေးသွားမှာပါ။ မြန်မာ တစ်နိုင်ငံလုံး အနေနဲ့ တိကျတဲ့ အချက်အလက်တွေ ထုတ်ပြန် ပေးနိုင်ဖို့ ရေဒါ ခြောက်လုံး၊ ခုနစ်လုံးလောက် လိုအပ် ပါသေးတယ်။ ရေဒါတွေ တိုင်းတာနိုင်တဲ့ နှုန်းက မိုင်အားဖြင့် ၂၅ဝ လောက်ထိ ရှိပါတယ်''ဟု ၄င်းက ထပ်မံ ပြောပြသည်။

လက်ရှိတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိမြို့ပေါင်း ၃ဝ တွင် အင်တာနက်နှင့် ချိတ်ဆက်ထားသော အလိုအလျောက် မိုးလေဝသတိုင်း ကိရိယာများကို အင်တာနက် ရရှိသည့် ဒေသများတွင် ဦးစားပေး တပ်ဆင်နေရာ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်နှင့် တောင်ငူမြို့တို့တွင် အနည်းငယ် တပ်ဆင်ပြီး ဖြစ်သည်ဟု သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)
Related Posts Plugin for WordPress, Blogger...