
-
နေပြည်တော် ဒီဇင်ဘာ ၁၈
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာရှိ အိုရီယမ်တယ် တိုးဂိတ်အနီး၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား စစ်ဆေးစဉ် ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီခန့်တွင် ကွတ်ခိုင်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် CANTER အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 7P/---အား ရပ်တန့်စစ်ဆေးရာ ယိန်းဆော် (ဘ)ဦးယော်ယိန်းကို ဘိန်းဖြူမှုန့် ၉ ဒသမ ၆၈ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၈ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါမော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူအား လားရှိုးနယ်မြေ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူလျက်ရှိကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment