Social Icons

Pages

Wednesday, December 19, 2018

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

-
နေပြည်တော် ဒီဇင်ဘာ ၁၈ 
-
မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်   (၁၉)ကြိမ်မြောက်  အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲများကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံ အသီးသီး၌ ဆက်လက်ကျင်းပသည်။         
-
ရှေးဦးစွာ ပီတန်း အားကစားကွင်း၌ အမျိုးသား+အမျိုးသမီး Triples ပီတန်းဆီမီးဖိုင် နယ်ပြိုင်ပွဲအဖြစ် ထိုင်းအသင်းနှင့် အင်ဒိုနီးရှား အသင်း၊ လာအိုအသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကြသည်။ ထို့ပြင် ပိုက်ကျော်ခြင်း အားကစားရုံ၌ အမျိုးသား လေးယောက် တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားရာ  ထိုင်းအသင်းက ပထမ၊ အင်ဒိုနီးရှား အသင်းက ဒုတိယနှင့်  မြန်မာအသင်းက တတိယရရှိသည်။ 
-
ကရာတေး အားကစားရုံ၌ ကရာတေးပြိုင် ပွဲများအဖြစ် ယှဉ်ပြိုင်သည့် အမျိုးသမီး အသင်းလိုက် ကုမိတဲ့ပြိုင်ပွဲတွင် ထိုင်းအသင်း က ပထမ၊ ဗီယက်နမ် အသင်းက ဒုတိယ၊ မြန်မာအသင်းနှင့် မလေးရှားအသင်းက ပူးတွဲ  တတိယ ရရှိပြီး အဆိုပါ ဆုများကို တာဝန်ရှိ သူများက ဆုများအသီးသီးပေးအပ်သည်။ 
-
ဗိုဗီနမ်အားကစားရုံ၌ ဗိုဗီနမ်အားကစားပြိုင် ပွဲများအဖြစ်ယှဉ်ပြိုင်သည့် အမျိုးသားတစ် ကိုယ်တော် ဓားတစ်လက်အပြပြိုင်ပွဲတွင် အင်ဒိုနီးရှားက ပထမ၊ ကျော်သူ စိုးအောင် (မြန်မာ)က ဒုတိယနှင့် ကမ္ဘောဒီးယားက တတိယ၊ အမျိုးသား ၅၄ ကီလိုတန်းအတိုက် ပြိုင်ပွဲတွင် ကမ္ဘော ဒီးယားက ပထမနှင့် ဝိုင်းချစ် (မြန်မာက ဒုတိယ၊ အမျိုးသား+အမျိုးသမီး အသင်းလိုက်  လေးယောက်တွဲပြိုင်ပွဲတွင် လာအိုက ပထမ၊ ကမ္ဘောဒီးယားက ဒုတိယနှင့် မြန်မာက တတိယ၊ အမျိုးသမီးနှစ်ယောက် တွဲအတိုက် အပြပြိုင်ပွဲတွင် ဗီယက်နမ်က ပထမ၊ ကမ္ဘောဒီးယားနှင့် လာအိုက ပူးတွဲ ဒုတိယ၊ မြန်မာက တတိယရရှိခဲ့ပြီး အဆိုပါ ဆုများကို တာဝန်ရှိ သူများက ဆုများအသီး သီးပေးအပ်သည်။ စစ်တုရင် အားကစားရုံ၌ ယှဉ်ပြိုင်သည့် အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် မလေးရှား အသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယ နှင့် အင်ဒိုနီးရှား အသင်းက  တတိယရရှိခဲ့သည်။ ယနေ့ အထိပြိုင်ပွဲများသည် မြန်မာအသင်း က ရွှေတံဆိပ် ၂၄ ခု၊ ငွေတံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၂၉ ခုရရှိထားကြောင်း သိရသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...