Social Icons

Pages

Tuesday, September 18, 2018

တပ်မတော်က မော်တော်ယာဉ်များဖြင့် ရထားစီးခရီးသည်ဦးရေ ၁၆၆၀ နှင့် ရထားဝန်ထမ်း ၄၄ဦးတို့ကို ရေတာရှည်နှင့် ဆွာဘူတာကြား ဆက်လက်ကူညီပို့ဆောင်



နေပြည်တော် ၁၈-၉-၂၀၁၈

ပဲခူးတိုင်းဒေသကြီး ဆွာမြို့ ဆွာချောင်းရေ လှောင်တမံ ရေလွှဲတံခါး ကျိုးပေါက်ပြီး မီးရထားလမ်းရေ တိုက်စားမှုကြောင့် ပျက်စီးသွားသည့် ရထားလမ်းများကို ပြုပြင်လျက် ရှိသဖြင့် ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာကြားတွင် တပ်မတော်က City Bus မော်တော်ယာဉ် ၁၈ စီးဖြင့်ပို့ဆောင် ပေးလျက်ရှိရာ ယနေ့တွင် ရထားစီးခရီးသည်ဦးရေ ၁၆၅ဝနှင့် ရထားဝန်ထမ်း ၄၄ဦးတို့ကို ဆက်လက်ပို့ဆောင်ပေးသည်။

ထိုသို့ပို့ဆောင်ပေးရာတွင် ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်မန္တလေး အဆန်ရထားခရီးစဉ် အမှတ်(၃)မှ ခရီးသည်ဦးရေ ၄၉ဝ၊ ရထားဝန်ထမ်း၁ဝဦး၊ မန္တလေး-ရန်ကုန် အစုန်ရထားခရီးစဉ် အမှတ်(၄)မှ ခရီးသည် ဦးရေ ၅ဝဝ၊ ရထားဝန်ထမ်း ၁၂ ဦးတို့ကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်မန္တလေး အဆန်ရထားခရီးစဉ် အမှတ်(၁၁)မှ ခရီးသည် ၃၂၁ဦး၊ ရထားဝန်ထမ်း ၁၂ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ်(၁၂)မှ ခရီးသည် ၃၄၆ဦး၊ ရထားဝန်ထမ်း ၁၂ဦးတို့ကိုလည်းကောင်း တပ်မတော်က မော်တော်ယာဉ်များဖြင့် ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ဘူတာကြား အပြန်အလှန်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...