နေပြည်တော် ၁၈-၉-၂၀၁၈
ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ဗီယက်နမ်-မြန်မာ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီး တင်ဇော်လတ် ဦးဆောင်သော မြန်မာ့တပ်မတော် ဘောလုံးနှင့် ဘော်လီဘော အားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှ ထွက်ခွာကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့တပ်မတော် အားကစားအဖွဲ့တွင် အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ စုစုပေါင်း ၃၄ဦး လိုက်ပါသွားပြီး ဗီယက်နမ်တပ်မတော်မှ အားကစား အသင်းတို့နှင့် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများကို စက်တင်ဘာ ၂၁ရက်ထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
# မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment