Social Icons

Pages

Tuesday, September 18, 2018

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ညစာစားပွဲအခမ်းအနား တက်ရောက်






နေပြည်တော် ၁၈-၉-၂၀၁၈

အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၅၅ မိနစ်တွင် တည်းခိုရာ Conrad Hotel မှ မော်တော်ယာဉ် ဖြင့်ထွက်ခွာပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရာရှိရိပ်သာ (Southern Command Officers Mess) သို့ ရောက်ရှိရာ အိန္ဒိယကြည်းတပ်ဦးစီးချုပ် General Bipin Rawat နှင့်ဇနီး၊ အိန္ဒိယ ကြည်းတပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ General Officer Commanding- in- Chief of Southern Command of Indian Army ဖြစ်သူ Lieutenant General Dewan Rabindranath Soni နှင့်ဇနီး၊ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ 

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးကာ BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ တပ်မတော်အရာရှိ ကြီးများနှင့်အတူ အိန္ဒိယတပ်မတော် Army Symphonic Band Concert ၏ ဖျော်ဖြေ မှုအား ကြည့်ရှုအားပေး၍ ဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင်တစ်ဦးအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီးတို့သည် BIMSTEC Army Chiefs' Conclave အထိမ်းအမှတ်အဖြစ် အိန္ဒိယကြည်းတပ်ဦးစီးချုပ် General Bipin Rawat နှင့်ဇနီးတို့မှ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် ညစာစားပွဲအပြီးတွင် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...