Social Icons

Pages

Wednesday, September 12, 2018

မောင်တောမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၂၆ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ




နေပြည်တော် ၁၂-၉-၂ဝ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇား(အလယ်)ကျေးရွာရှိ အာတာဟူ ဆောင်း(ဘ)ဟာမိတ်ဟူဆိန်း၏ နေအိမ်အား စက်တင်ဘာ ၁ဝ ရက် ညနေ ၄ နာရီခန့်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့က သတင်းအရဝင်ရောက်ရှာဖွေရာ အာတာဟူဆောင်းအား နေအိမ်တွင် မတွေ့ရှိရဘဲ နေအိမ်နောက်ခန်းရှိ ဆာလာ အိတ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့်WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၇၆ဝဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၅ဝဝ ကျော်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အလားတူ ညနေ ၄ နာရီ မိနစ် ၂ဝ ခန့်တွင် ကြိမ်ချောင်း- တောင်ပြိုဝဲကားလမ်း မီးတိုက်လမ်းဆုံ၌ သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ကြိမ်ချောင်းမှ တောင် ပြိုဝဲသို့ နိုခါမာ (ဘ) ဦးနိုအာလုံ မောင်းနှင်၍ ဇာဟဲတာလောင် (ဘ) ဦးနူရ်ဘော်ရှော့ လိုက်ပါလာသည့် Toyota Probox အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 4H/--— အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ ဘယ်ဘက်ရှေ့ ခြမ်း အခင်းအောက်မှWYစာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅၅ဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၁၁ဝ)အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊ ငွေကျပ်သိန်း ပေါင်း ၂၆ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီး ရမိသူ များအား ပြင်ဖြူ နယ်မြေရဲစခန်းနှင့် တောင်ပြိုယာနယ်မြေ ရဲစခန်းတို့၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...