Social Icons

Pages

Wednesday, September 12, 2018

လဲချားမြို့နယ်နှင့် လွိုင်လင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများနှင့် သယ်ဆောင်လာသူများအား မူးယစ် ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ



နေပြည်တော် ၁၂-၉-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့ မြို့မအုပ်စုအနောက်ဘက် ထင်းရှူးတောအနီးရှိ မြေစိုက်တဲအတွင်း စက်တင် ဘာ ၁ဝ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ် ဆေးဝါးသုံးစွဲနေသည့် ဇာနည်သိန်းဝင်း(ဘ) ဦးသိန်းဝင်း၊ မြင့်ဇော်ဦး(ဘ) ဦးစန်းမောင်၊ အိုက်ကျော်(ဘ) ဦးစိုးဝါနှင့် ဝဏ္ဏ(ဘ) ဦးခတ္တိယတို့ကို WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၇၈၅ ပြား၊ ဘိန်းဖြူ ၃ ဂရမ်ခန့် (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ရှစ်သိန်းကျော်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အလားတူ လွိုင်လင်မြို့နယ်၊ ဟိုတင့် ကျေးရွာအနီး၌ တပ်မတော် သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင် သော ပူးပေါင်း အဖွဲ့က မော်တော် ယာဉ်များအား စစ်ဆေးစဉ် ည ၉နာရီခန့်တွင် လွိုင်လင်မြို့မှ တောင်ကြီး မြို့ဘက်သို့ ကျော်ကိုကိုမျိုး(ဘ) ဦးမြင့်အေး မောင်းနှင်လာသည့် ဟွန်ဒါဖစ် အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 6G/--— အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင် ဝှက်၍သယ်ဆောင်လာသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၄၅ဝဝဝဝ ပြား၊ အိုက်စ်အဖြူရောင်အခဲ/အမှုန့် ၃ ကီလိုဂရမ်ခန့် (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅ဝဝဝ ကျော်) နှင့်အတူ ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူများအား လဲချားမြို့မရဲစခန်းနှင့် လွိုင်လင်မြို့မ ရဲစခန်းတို့၌ တရား ဥပဒေ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...