Social Icons

Pages

Tuesday, August 14, 2018

ပို့ကုန်၊ သွင်းကုန်ရုံး (ကျိုင်းတုံ) ၏ သွင်းကုန်ကဏ္ဍတွင် ပြောင်းဖူး ခြွေစက်များကို အများဆုံးတင်သွင်း ဆောင်ရွက်နေ



နေပြည်တော် ၁၄-၈-၂ဝ၁၈

ပို့ကုန်၊သွင်းကုန်ရုံး (ကျိုင်းတုံ) ၏ သွင်းကုန်ကဏ္ဍတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ ဒေသခံတောင်သူများ၏ လိုအပ်ချက်များအရ ပြောင်းဖူး ခြွေစက်များကို အများဆုံးတင်သွင်း ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပပို့ကုန်များကို ပြည်ပဖောက်သည် ဈေးကွက်များသို့ တင်ပို့ရောင်းချရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့ရောင်းချ ပေးလျက်ရှိသည်။

ပို့ကုန်၊ သွင်းကုန်ရုံး (ကျိုင်းတုံ) အနေဖြင့် ၂ဝ၁၇ခုနှစ် ဧပြီလမှ ဇူလိုင် ၁၂ရက်ထိ သွင်းကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သုညဒသမ ၄၃၇ သန်းဖိုး ဆောင်ရွက်ခဲ့ရာတွင် အမေရိကန်ဒေါ်လာ သုညဒသမ ဝ၅၃ သန်း တန်ဖိုးရှိပြောင်းဖူး ခြွေစက်အရေအတွက် ၅ဝဝသာ တင်သွင်းခဲ့သည်။ ယခုနှစ် ဧပြလီ မှ ဇူလိုင် ၁၂ရက်ထိ သွင်းကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သုညဒသမ ၅၈၉ သန်းဖိုး တင်သွင်းဆောင်ရွက်ခဲ့ရာတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၁သန်းတန်ဖိုးရှိ ပြောင်းဖူး ခြွေစက် အရေအတွက် ၂၁၅ဝထိ တင်သွင်းခဲ့ပြီး ကာလတူနှိုင်းယှဉ်ချက်အရ ပြောင်းဖူးခြွေစက် အရေအတွက် ၁၆၅ဝ ထိ ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဒေသတွင် မြန်မာ့လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှု ကဏ္ဍ၌ အားထားနေရသည့် ပြောင်းဖူးများကို စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်နေရာ ဒေသလိုအပ်ချက်အရ ပြောင်းဖူးခြွေစက် အရေအတွက် ပိုမိုတင်သွင်းနေရခြင်း ဖြစ်သည်။

ပို့ကုန်၊သွင်းကုန်ရုးံ (ကျိုင်းတုံ) အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ၁၂ဒသမ၈၃ဝသန်း၊ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၄ ဒသမ ၄၈၈ သန်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်းဖိုး တင်သွင်းဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...