Social Icons

Pages

Tuesday, August 14, 2018

ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ခရီးသွားအခြေပြုလုပ်ငန်း ၁၉ခုမှ ယခုနှစ်အတွင်း ငွေကျပ် သိန်း ၃ဝဝဝကျော် ဝင်ငွေရရှိ



ရန်ကုန် ၁၄-၈-၂ဝ၁၈

မြန်မာ တစ်နိုင်ငံလုံးရှိ မြန်မာ့သစ်လုပ်ငန်းမှ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ခရီးသွား အခြေပြုလုပ်ငန်း ၁၉ခုမှ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လပထမပတ်ထိ ငွေကျပ် သိန်း ၃ဝဝဝ ကျော် ဝင်ငွေရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေး အင်အားဌာနစိတ် (ရုံးချုပ်)မှ သိရသည်။

ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ခရီးသွားအခြေပြု စခန်းများသို့ နိုင်ငံခြား ခရီးသွားများ ပိုမိုဝင်ရောက် လာစေရန် ခရီးသွားလုပ်ငန်း ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရန်လည်း စီစဉ်နေကြောင်း သိရသည်။

"သစ်ထုတ်လုပ်ငန်း လျော့ကျ လာတာနဲ့အမျှ ရှိတဲ့ဆင်တွေနဲ့ မီးခိုးမထွက်၊ သယံဇာတတွေ မကုန်ဘဲ နိုင်ငံတော်ဝင်ငွေရတဲ့ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ခရီးသွား အခြေပြုလုပ်ငန်း ဖြစ်ပါတယ်"ဟု မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေး အင်အားဌာနစိတ်(ရုံးချုပ်)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပြသည်။

မြန်မာနိုင်ငံအတွင်း မြန်မာ့သစ်လုပ်ငန်းမှ ဆင်စခန်းပေါင်း ၁၉ခုရှိရာ မှော်ယောကြီး ဆင်စခန်းတွင် ဆင်သမားများနေသည့် ရွာကိုအခြေခံပြီး ခရီးသွားလုပ်ငန်းအတွက် ပြုလုပ်ခြင်း၊ ဝင်္ဂဘော်ဆင်စခန်းတွင် အမိမဲ့ဆင်လေးများ ထိန်းသိမ်း စောင့်ရှောက်၍ ဆင်စခန်းပြုလုပ်ထားခြင်း၊ ဖိုးကျားဆင်စခန်းတွင် တောထဲ၌ ခေတ်မီအဆောက် အအုံများဖြင့် တည်းခိုနေထိုင်နိုင်ခြင်း စသည်ဖြင့် ဆင်စခန်းများတွင် တစ်ခုနှင့်တစ်ခု ရည်ရွယ်ချက် မတူဖွင့်လှစ် ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...